* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, January 9, 2011

တရုတ်နှစ်ကူး


ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ခင်ဗျား...
ကျွန်တော်များကပုန်းဘုန်းတော်ကြီးကျောင်းတွင်
တရုတ်နှစ်သစ်ကူးအချိန်အခါသမယ၀ယ်
နှစ်စဉ်ကျင်းပမြဲဖြစ်သော
စုပေါင်းဒုလ္လဘရဟန်းခံပွဲကြီး
ကို
တဖက်ပါအစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ
ဆင်ယင်ကျင်းပမည်ဖြစ်ပါသောကြောင့်
စေတနာကြည်လင်ဗုဒ္ဓဘာသာဝင်သူတော်စင်များ
လာရောက်ကြည်ညိုသဒ္ဓါပွါးများနိုင်ရန်အတွက်
လေးစားစွာဖိတ်ကြားအပ်ပါသည်။
မြန်မာပြည်၊ မဟာစည်ကမ္မဋ္ဌာန်းရိပ်သာမှ
ဆရာတော် ဘဒ္ဒန္တစန္ဒိမာ
ကြွရောက်၍ တရားပြပါမည်။
အစီအစဉ်

၂၊ ၂၊ ၂၀၁၁ ဗုဒ္ဓဟူးနေ့
ညနေ (၅) နာရီ ဆံချ
ညနေ (၇) နာရီ ရှင်သာမဏေ၀တ်

၃၊ ၂၊ ၂၀၁၁ ကြာသပတေးနေ့

နံက် (၇း၀၀) နာရီ အရုဏ်ဆွမ်းဆက်ကပ်
(၉း၀၀) နာရီ သိမ်ဝင်
(၁၀း၃၀) နာရီ သိမ်ဆင်း (၃၅ ပါးခန့်)
(၁၀း၃၀) နာရီ ပရိသတ်ဧည့်ခံ
(၁၁း၃၀) နာရီ နေ့ဆွမ်းဆက်ကပ်
မွန်းလွဲ (၁း၀၀) နာရီ တရားဟော၊တရားစခန်းပွဲစ

နေရာ
ကပုန်းကျောင်း
19, Jalan 38, Desa Jaya,
Kepong 52100
HP - 017 24 22 336

Sri Ehsan မှ ကိုဝင်ရွှေနှင့်သူငယ်ချင်းတို့က
သံဃာတော်များနှင့် ကြွရောက်လာသောဧည့်ပရိသတ်တို့အား
ဆွမ်းထမင်းဖြင့် လှူဒါန်းဧည့်ခံကျွေးမွေးပါမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP