* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, January 9, 2011

သစ္စာ နှင့် အနက်

ယခင်ပို့စ်တွင် သစ္စာ (၄)ပါးကို ရေးသားခဲ့ပါသည်။ ထိုသစ္စာ (၄)ချက်တို့ တစ်ချက် တစ်ချက်စီတွင် အနက်သဘောများ (၄)ချက်စီ ရှိပါသည်။ ဒုက္ခသစ္စာ၌ အနက်သဘော (၄)ချက်၊ သမုဒယသစ္စာ ၌ အနက်သဘော (၄)ချက်၊ နိရောဓသစ္စာ၌ (၄)ချက်၊ မဂ္ဂသစ္စာ ၌ (၄)ချက် တို့..ပါဝင်ပါသည်။ ထိုအနက်သဘောများကို ဖော်ပြရပါလျင်…

သစ္စာ အနက် သဘော
ပါဠိ မြန်မာ
ဒုက္ခသစ္စာ ၁) ပီဠနဋ္ဌော - နှိပ်စက်အပ်သောသဘော
- နှိပ်စက်တတ်သောသဘော
- နှိပ်စက်ခြင်းသဘော
၂) သင်္ခတဋ္ဌော - အဖန်ဖန်ပြစု ပျိုးထောင်အပ်သောသဘော
၃) သန္တာပဋ္ဌော - အဖန်ဖန် ပူလောင်စေတတ်သောသဘော
- ပူပင်စေအပ်သောသဘော
- ပူပန်ခြင်းသဘော
၎) ၀ိပရိဏာမဋ္ဌော ဖရိုဖရဲ ဖောက်လှဲဖောက်ပြန်ဖြစ်တတ်သောသဘော

သမုဒယသစ္စာ ၅) အာယူဟနဋ္ဌော ဒုက္ခ၀တ္ထု ဒုက္ခမှုတို့ကို စုဆောင်းဆည်းပူးတတ်သောသဘော
၆) နိဒါနဋ္ဌော ဒုက္ခ၀တ္ထု ဒုက္ခမှုတို့ကို တစ်ရံမစဲ အမြဲပေးအပ် ဆောင်နှင်းတတ်သောသဘော
၇) သံယောဂဋ္ဌော ဒုက္ခ၀တ္ထု ဒုက္ခမှုတို့နှင့်သာ လွန်စွာယှဉ်တွဲတတ်သောသဘော
၈) ပလိဗောဓဋ္ဌော ဒုက္ခလက်မှ မထွက်ရအောင် နှောင့်ယှက် တားမြစ်သောသဘော

နိရောဓသစ္စာ ၉) နိဿရဏဋ္ဌော ဒုက္ခ၀ဋ်မှ ကျွတ်လွတ် ထွက်မြောက်သောသဘော
၁၀) ပ၀ိဝေကဋ္ဌော ဒုက္ခအနှောင့်အယှက်မှ ဆိတ်ငြိမ်သောသဘော
၁၁) အမတဋ္ဌော အိုခြင်း နာခြင်း သေခြင်းမှ ကင်းလွတ်သောသဘော
၁၂) အသင်္ခတဋ္ဌော ပြုစုပျိုးထောင်မှုမှ ကင်းလွတ်သော သဘော

မဂ္ဂသစ္စာ ၁၃) နိယျာနဋ္ဌော ၀ဋ်မှ ဆန်တက် နိဗ္ဗာန်ဘက်သို့ ထွက်ကြောင်းရောက်ကြောင်း လမ်းကောင်းအစစ်အမှန်ဖြစ်သော သဘော
၁၄) ဟေတုဋ္ဌော လောကုတ္တရာ မြတ်စွာအထူး ဂုဏ်ကျေးဇူး အပေါင်းတို့၏ ကောင်းစွာခိုင်ကြည် တည်ကြည်ခြင်းကိစ္စကို ပြီးစေနိုင်သောသဘော
၁၅) ဒဿနဋ္ဌော အနမတဂ် ဘ၀စက်ဝယ် အိပ်မက်တွင်မျှ မမြင်စဖူး အထူးအချွန် အလွန်မြတ်လှ နိဗ္ဗာနကို လ၀န်းနေ၀န်း ပေါ်တက်ထွန်းသို့ ရွှန်းရွှန်းမြိုင်မြိုင် မြင်စွမ်းနိုင်သောသဘော
၁၆) အာဓိပတေယျဋ္ဌော အဓိသီလ စိတ္တ ပညာ သိက္ခာသုံးခု ရဟန်းမှုတွင် သူ့ပြင်မရှိ ကြီးဘိတုလွတ် အထွတ်အထိပ်ဖြစ်သောသဘော




မှတ်မိလွယ်ရန် ဆောင်ပုဒ်လင်္ကာ

နှိပ်စက်၊ ပြုပြင်၊ ပူပင်၊ ဖောက်လှဲ၊ ဒုက္ခမြဲ (ဒုက္ခသစ္စာ)
ဆည်းပူး၊ နှင်းဆောင်၊ ဖွဲ့နှောင်၊ နှောင့်ယှက်၊ အချက်လေးပါး ဒုက္ခပွါး (သမုဒယသစ္စာ)
ကျွတ်လွတ်၊ ဆိတ်ကွေ၊ မသေ၊ မပြု၊ သုခအမှန် (နိရောဓသစ္စာ)
ထွက်မြောက်၊ တည်ခိုင်၊ မြင်နိုင်၊ ကြီးကဲ၊ သူ့လမ်းမြဲ (မဂ္ဂသစ္စာ)

အောက်ပါစာမျက်နှာမှ ပြန်လည်ဖော်ပြထားခြင်းဖြစ်သည်။
စာမျက်နှာ ၂ - ၆၊သစ္စတ္ထဒီပနီ - လယ်တီဆရာတော်ဘုရားကြီး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP