* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 28, 2011

မူပိုင် မယ်တော်…

23 Jan 11, 23:31
Min Min: ရိုသေစွာလျှောက်ထားအပ်ပါသည်အရှင်ဘုရား၊
မယ်တော်မာယာသည် ဘုရားငါးဆူတို့ရဲ့ မယ်တော်ဆိုတာ ဟုတ်ပါသလားဘုရား။
(ကိုယ်ကျမ္မာ စိတ်ချမ်းသာပါစေ ဘုရား)

မူပိုင် မယ်တော်…



ဒကာလေး Min Min ရေ…
ဘုရားငါးဆူတို့ရဲ့ မယ်တော်မဟုတ်ပါ…
မယ်တော်မာယာဟာ ဘုရားငါးဆူတို့ရဲ့ မယ်တော်ဆိုတာ ထေရ၀ါဒ ဆဋ္ဌသင်္ဂါယနာ ကျမ်းများမှာမရှိ မပါသည့်အတွက် မဟုတ်ဘူးလို့ပဲ ဖြေရမှာပါ… မဟာယာနစာတွေမှာ တွေ့ရတဲ့သဘော… မသိသူများရဲ့ အရပ်ပြောအနေနဲ့ လူပြောသူပြော ဒါလောက်ပဲ ရှိပါတယ်…

ဂေါတမဘုရား တစ်ဦးတည်းရဲ့မိခင် မယ်တော်မာယာ…
နောက်တနည်းအားဖြင့်… မယ်တော်မာယာဆိုတာ မြတ်ဗုဒ္ဓနောက်ဆုံးဘ၀ သိဒ္ဒတ္ထမင်းသားလေးရဲ့ မယ်တော်အနေနဲ့ပြောရတာ ဖြစ်တဲ့အတွက် ဘုရားအလောင်းတော် မင်းသားလေးကို မီးရှူးသန့်စင် ဖွားမြင်ပြီးနောက် မယ်တော်မာယာက နတ်ရွာစံ ကံတော်ကုန်တဲ့အတွက်ကြောင့် ဂေါတမဘုရားတစ်ဦးတည်းရဲ့ မယ်တော်သာ ဖြစ်ပါတယ်…


အရိမေတ္တေယျ ဘုရားရဲ့ မယ်တော်လည်း ဖြစ်ခွင့်မရှိ…
ဂေါတမဗုဒ္ဓ၏ မယ်တော်ဖြစ်ခဲ့ဖူးသူ မယ်တော်မာယာသည် သေပြီးနောက် သန္တုဿိတနတ်သား ဘ၀ဖြင့် နတ်ပြည်မှာ အဘိဓမ္မာတရားနာကြားခွင့်ရလို့ သောတာပန် အရိယာဖြစ်ပြီး နတ်ပြည်ကနေ ရဟန္တာဘ၀နဲ့ ပရိနိဗ္ဗာန်စံဝင်မှာ ဖြစ်ပါတယ်… သို့အတွက်ကြောင့် အရိမေတ္တေယျ ဘုရားရဲ့ မယ်တော်လည်း ဖြစ်ခွင့်မရှိ မဖြစ်တော့ပါဘူး…

တနည်းအားဖြင့် ရှေးရှေးဘ၀တွေကပါ ဆိုလျှင်တော့…
မြတ်ဗုဒ္ဓက ဆွေမျိုးမတော်ဖူးသူ မရှိဘူး ပြောထားသည့် အတွက်ကြောင့်… ဒီဘ၀ကို ပြောတာမဟုတ်ဘူး ရှေးရှေးဘ၀တွေကပါ ဆိုလျှင်တော့… မယ်တော်မာယာ အလောင်းအလျာသည် ဘုရားငါးဆူတောင်မက ဘုရားလောင်း အများကြီးရဲ့ မယ်တော်ဖြစ်ခဲ့ဖူးတယ်လို့ ပြောရင်တောင် ရသွားပါတယ်…

ဘုန်းကြီးတို့ ကိုယ်တိုင်လည်း ဘုရားရှင်များနဲ့ ဆွေမျိုးတော်ခဲ့ဖူးမှာပါပဲ…
ဒါပေသိ ဒေ၀ဒတ်ကြီးနဲ့တော့ အမျိုး မတော်ချင်…

ဒီတော့ မယ်တော်မာယာဟာ ဘုရားရှင်ငါးဆူရဲ့မယ်တော် မဟုတ်ပါဘူး… ဂေါတမဘုရားရှင်ရဲ့ တစ်ဦးတည်းမူပိုင် တစ်ဆူတည်းရဲ့ မယ်တော်သာ ဖြစ်ပါတယ်…

မိသားစုအားလုံး စိတ်ချမ်းသာကြပါစေ...
အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ
၁.၂၅.၂၀၁၁

ဘုရားငါးဆူမယ်တော် ဘုရားရှင်ငါးဆူ မယ်တော် မယ်တော်မာယာ





Print this post

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP