* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 28, 2011

မျက်ရည်

လူတိုင်း မျက်ရည်ကျဖူးပါတယ်။ လူတိုင်း ငိုဖူးကြပါတယ်။ လူတိုင်း ၀မ်းနည်းဖူးကြပါတယ်။ ၀မ်းနည်းတယ်၊ ငိုတယ်၊ မျက်ရည်ကျတယ်ဆိုတာ လောကမှာ ဆန်းတော့မဆန်းပေမယ့် လန်းတဲ့အရာတော့လည်း မဟုတ်ပါဘူး။ လောကရဲ့ ရှောင်ကွင်းလို့မရတဲ့အရာတွေထဲမှာ မျက်ရည်ဆိုတာလည်း အပါအ၀င်ဖြစ်နေတော့ မကျချင်လည်း ကျနေကြရအုံးမှာပါပဲ။ မျက်ရည်ဘာကြောင့် ကျရသလဲ။ ဘာကြောင့် ငိုကြရတာလဲ။ ၀မ်းနည်းလို့ပေါ့။ ဘာကြောင့် ၀မ်းနည်းတာလဲ။ ဘာကြောင့် ၀မ်းနည်းတာလဲ။ ဖြစ်ချင်တိုင်း မဖြစ်ရလို့ပေါ့။ အဆင်မပြေလို့ပေါ့။ ဘာကြောင့် အဆင်မပြေတာလဲ။ မေးခွန်းတွေ ဆက်တိုက် မေးလိုက်တော့ အဖြေက ကိုယ့်ဆီ (စာဖတ်သူဆီ)ရောက်လာပြီ မဟုတ်လား။

မျက်ရည်ကျတိုင်း ၀မ်းနည်းတာတော့လည်း မဟုတ်ပြန်ဘူး။ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ မျက်ရည်သုံးမျိုး ရှိသတဲ့။ မျက်စိအိမ် ချောမွတ်အောင်စိုလာအောင် ကျပေးတဲ့ မျက်ရည် (Basal tears)၊ ကြက်သွန်မွှန်တဲ့အခါ စတဲ့ အခြေအနေတွေကြောင့် ကျတဲ့မျက်ရည် (Reflex tears) နဲ့ ခံစားမှုကြောင့် ကျတဲ့မျက်ရည် (Emotional tears)တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုပြောနေတာကတော့ ခံစားမှုကြောင့် ကျတဲ့ မျက်ရည်အကြောင်းပေါ့လေ။

အဆင်မပြေရင်၊ ဖြစ်ချင်တာ မဖြစ်ရရင် ၀မ်းနည်းမယ်၊ ငိုမယ်၊ မျက်ရည်ကျမယ်။ အဆင်မပြေမှု+၀မ်းနည်းမှု+မျက်ရည်ကျမှု …. ဒီလို အကြောင်းအကျိုးဆက်နေတယ်လို့ ဆိုရမယ်။ မျက်ရည်မကျချင်ဘူး၊ မငိုချင်ဘူးဆိုရင် သူ့ရဲ့ အကြောင်းတရားဖြစ်တဲ့ အဆင်မပြေမှုတွေ မဖြစ်အောင် ကြိုးစားကြရုံပဲပေါ့။ ဘ၀မှာ အဆင်တပြေဖြစ်အောင် မနေတတ်ရင်တော့ မျက်ရည်ဆိုတာ ကျလို့ ပြီးမှာ မဟုတ်ဘူးလေ။

တကယ်တော့ အဆင်မပြေမှုဆိုတာက စကားလုံးတစ်လုံးတည်းပေမယ့် သူ့ရဲ့ အကြောင်းတရားနဲ့ အဆင်မပြေမှုပုံစံတွေကတော့ အမျိုးမျိုး အဖုံဖုံ စုံလို့နေပါတယ်။ လူအသီးသီးရဲ့ အတိုင်းအတာ၊ အနေအထားနဲ့အညီ အဆင်မပြေမှုတွေကလည်း အမျိုးမျိုးရှိနေပါတယ်။
- သန်းကြွယ်သူဌေးတစ်ဦးက ဒေါ်လာ ၁-သောင်း ဆုံးရှုံးသွားလို့ ၀မ်းနည်းနေတယ်။ ဆင်းရဲသားတစ်ယောက်က တစ်နေ့တာ စားစရာအတွက် ပိုက်ဆံလေးတောင် မရှိလို့ ၀မ်းနည်းနေတယ်။
- အမတ်တစ်ယောက်က သမ္မတမဖြစ်ရလို့ ၀မ်းနည်းတယ်။ ရွာသားတစ်ယောက်က ရွာသူကြီးရွာဥက္ကဋ္ဌအရွေးမခံရလို့ ၀မ်းနည်းတယ်။
- အုပ်ရေများစွာ ပေါက်ဖူးတဲ့ နာမည်ကြီး စာရေးဆရာက သူ့စာအုပ်တစ်အုပ် ရောင်းမစွံလို့ ၀မ်းနည်းတယ်။ စာရေးဆရာပေါက်စတစ်ယောက်က သူ့အတွက် ပထမဆုံး စာအုပ်လေး ဖြစ်မလာနိုင်လို့ ၀မ်းနည်းတယ်။
- လူတစ်ယောက်က နောက်ဆုံးပေါ် ကားကြီး မစီးနိုင်လို့ ၀မ်းနည်းတယ်။ လူတစ်ယောက်က ကားအစုတ်လေးမစီးနိုင်လို့ ၀မ်းနည်းတယ်။ လူတစ်ယောက်က စက်ဘီးလေးတစ်စီးတောင် မ၀ယ်နိုင်လို့ ၀မ်းနည်းတယ်။ လူတစ်ယောက်တော့ ဖိနပ်လေးတစ်ရံတောင် မ၀ယ်နိုင်လို့ ၀မ်းနည်းတယ်။
- တစ်ယောက်က နိုင်ငံခြားထွက် အလုပ်လုပ်ခွင့်မရလို့ ၀မ်းနည်းတယ်။ တစ်ယောက်က နိုင်ငံခြားရောက်မှ အလုပ်အဆင်မပြေလို့ ၀မ်းနည်းတယ်။ တစ်ယောက်က နိုင်ငံခြားရောက်ပေမယ့် အလုပ်မှာ လစာမကောင်းလို့ ၀မ်းနည်းတယ်။
- တစ်ယောက်က စာမေးပွဲမှာ ဂုဏ်ထူးတွေ မပါလို့ ၀မ်းနည်းတယ်။ တစ်ယောက်က စာမေးပွဲလေးတောင် မအောင်နိုင်လို့ ၀မ်းနည်းတယ်။ တစ်ယောက်က ၀င်ခွင့်လေးတောင် မရလို့ ၀မ်းနည်းတယ်။
- တစ်ယောက်က အကောင်းစားဟိုတယ်ကြီးမှာ မင်္ဂလာဆောင်ခွင့်မရလို့ ၀မ်းနည်းတယ်။ တစ်ယောက်က အမည်ခံ မင်္ဂလာဆောင်အခမ်းအနားလေးလုပ်ဖို့တောင် ပိုက်ဆံမရှိလို့ ၀မ်းနည်းတယ်။
- တစ်ယောက်က ဇိမ်ခံအိမ်ကြီးနဲ့ မနေနိုင်လို့ ၀မ်းနည်းတယ်။ တစ်ယောက်က ပုံမှန်အိမ်ကောင်းကောင်းလေးမှာတောင် မနေနိုင်လို့ ၀မ်းနည်းတယ်။ တစ်ယောက်က နေစရာအိမ်လေးတောင်မရှိလို့ ၀မ်းနည်းတယ်။ တစ်ယောက်ကတော့ ခြုံစရာစောင်ကလေးတစ်ထည်တောင်မရှိလို့ ၀မ်းနည်းတယ်။

ကဲ…. ၀မ်းနည်းမှုဆိုတာ ဘယ်မှာလဲ….။ ၀မ်းနည်းမှုဆိုတာ ဘာလဲ။ လောကရဲ့ ဘ၀ရဲ့ အခြေအနေအရပ်ရပ်ကို ရေမြေဆုံးတိုင် သုံးသပ်ကြည့်တိုင်း ၀မ်းနည်းမှုဆိုတာ ရယ်စရာတောင် ကောင်းမနေဘူးလားဗျာ။

လူတိုင်းလူတိုင်းက ကိုယ့်ဆန္ဒတွေ ဖြစ်မလာတိုင်း ၀မ်းနည်းတတ်ကြတယ်။ ကိုယ့်ဆန္ဒတွေ ဖြစ်မလာဘူးဆိုရင် အဆင်မပြေဘူးဆိုပြီး ၀မ်းနည်းပစ်လိုက်ကြ၊ ငိုကြွေးပစ်လိုက်ကြ၊ မျက်ရည်တွေ ကျပစ်လိုက်ကြတာပဲ မဟုတ်လား။ ဘယ်အရာ၊ ဘယ်အမှု၊ ဘယ်ဆန္ဒတွေပဲဖြစ်ဖြစ် အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်တတ်တယ်ဆိုရင် ၀မ်းနည်းမှုက အခါခပ်သိမ်း ပေါ်လာတော့မှာ မဟုတ်ပါဘူး။

တကယ်တော့ မျက်ရည်ကျကြတယ်ဆိုတာ စိတ်ဓာတ်မရင့်ကျက်သူတွေအတွက်ပဲ ဖြစ်ပါလိမ့်မယ်။ ဘုရားရဟန္တာစတဲ့ အမြင့်ဆုံးအဆင့် ရင့်ကျက်မှုက လူသားအများစုမှာ မရှိနိုင်ဘူး မဟုတ်လား။ လူသားတွေဆိုတာကလည်း စိတ်ဓာတ်ရင့်ကျက်မှုဆိုတာကို အမြင့်ဆုံးဒီဂရီအနေနဲ့ ရရှိထားသူများ မဟုတ်တာ များတယ် မဟုတ်လား။ အဆင်မပြေမှု အကြီး၊ အလတ်၊ အငယ် အလိုက် ၀မ်းနည်းမှု ဒီဂရီတွေ ဖြစ်ပေါ်လာတတ်ပြီး မျက်ရည်ကျမှုအဆင့်တွေ ပြောင်းလဲသွားကြရတယ်။ သူ့အဆင့် သူ့အတိုင်းအတာနဲ့ ၀မ်းနည်းကြတာက လူသားတစ်ယောက်အတွက် ဘာမှ မပြောသာပေမယ့် ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ အခါခပ်သိမ်း မျက်ရည်ကျနေတယ်ဆိုရင်တော့ သဘာဝ မကျသေးပါဘူး။

ဆိုတော့ ဘုရား၊ ရဟန္တာတွေလို ပြီးပြည့်စုံတဲ့ စိတ်ဓာတ်ရင့်ကျက်မှုအဆင့်ထိ မရောက်သေးတော့ မျက်ရည်ဆိုတာ လူတိုင်းမှာ ရှိနေအုံးမှာပဲ။ ထစ်ကနဲရှိ မျက်ရည်ကျ ငိုကြွေးတတ်တဲ့သူ မဖြစ်အောင်သာ ကြိုးစားကြရုံပဲ ရှိပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP