* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 28, 2011

အခက်အခဲများကို အောင်မြင် ကျော်လွှားနည်း (၅)

ပျော်ရွှင်မှုနှင့် ရုပ်ဝါဒ (၂)
ပစ္စည်းဥစ္စာနှင့် ပတ်သက်တဲ့ စိတ်ကူးယဉ် အိပ်မက်တွေကို ဖြည့်ဆည်းရတာဟာ မျက်လှည့်ဆန်ချင် ဆန်နေနိုင်ပါတယ်။ ဒါပေမဲ့ ကြောက်ရွံ့ ပူပန်မှုတွေက အဲဒီ မျက်လှည့်ကို လုံးပါးပါးအောင် လုပ်ပစ်ဖို့ အမြဲပဲ စောင့်နေကြပါတယ်။ ချမ်းသာတဲ့ ဘဝပုံစံဆိုတာက စိတ်အနှောင့်အယှက်ဖြစ်မှုကိုလဲ ခေါ်လာတတ်တာပါပဲ။ မကောင်းသဖြင့် သုံးဖြုန်းနေတဲ့ ပစ္စည်းဥစ္စာ ကြွယ်ဝပေါများမှုနှင့်ကတော့ ဟန်ဆောင်မှုကင်းတဲ့ အသိုင်း အဝိုင်းမှာ မှန်တယ်လို့ လက်ခံထားတဲ့ မိတ်ဆွေဖြစ်မှု၊ ယုံကြည်ကိုးစားမှုနှင့် စိတ်ချယုံကြည်မှုတို့လို ဘဝမှာ ရိုးစင်းလှတဲ့ အရာလေးတွေကိုတောင် တကယ်ရဖို့ မဖြစ်နိုင်ပါဘူး။ နေထိုင်မှုဟန်က မလုံခြုံဘူးလို့ ခံစားရစေတဲ့ အခါ မိမိကိုယ် မိမိ လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးဖို့ ဥာဏ်ပညာ လိုအပ်ပါတယ်။ ကြွယ်ဝမှုမှာ အကောင်းဆုံးဖြစ်အောင် ညှိယူရတာ (အပေးအယူ၊ အလျှော့အတင်း လုပ်ယူရတာ)တွေ ရှိပါတယ်။ ပစ္စည်းဥစ္စာရှိလို့ ချမ်းသာပျော်ရွှင်မှု ရတယ်ဆိုတာ အဲဒါတွေ ပျောက်ပျက်သွားမှာ စိုးရိမ် ကြောက်ရွံ့မှုတွေကြောင့် လျော့ပါးရတတ်ပါတယ်။

မိမိကိုယ်တိုင် ပျော်ရွှင်မှုအတွက် ပစ္စည်းဥစ္စာကို တရားနှင့်အညီ (မှန်မှန်ကန်ကန်)ပဲ ရှာဖွေ စုဆောင်းသင့်ပါတယ်။ “အခြားသူတွေကို မထိပါး မနာကျင်စေပဲ အသက်မွေး ဝမ်းကျောင်းတဲ့ သူတွေဟာ ကောင်းမြတ်မှုမင်္ဂလာနှင့် ပြည့်စုံပါတယ်” လို့ ဗုဒ္ဓရှင်တော် ဟောဖော်ညွှန်ပြထားပါတယ်။ ကျွန်တော်တို့တွေ ရဲ့ ပစ္စည်းဥစ္စာတွေက နောက်ပိုင်းမှာ သောက ပရိဒေဝတွေကို ချန်ထားပစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်ရမှုဟာ တာရှည်ခံပြီး အဓိပ္ပါယ် မပြည့်ဝနိုင်တော့ပါဘူး။ မထီမဲ့ပြင်ပြုအပ်သည့် ပစ္စည်းဥစ္စာကား မနာလိုမှုကို ဖြစ်စေတတ်ပြီး ကောင်းစွာ စီမံထားတဲ့ ပစ္စည်းဥစ္စာကတော့ ရိုသေလေးစားမှုကို ရစေတတ်ပါတယ်။

သင်၏ ကြွယ်ဝမှုကား သင်၏ အိမ်ကို မြှင့်တင် တည်ဆောက်ပေးနိုင်ပါ၏၊ သို့သော် သင့်ကိုကား မမြှင့်တင် မတည်ဆောက်ပေးနိုင်။ သင်၏ ကောင်းမြတ်မှုများကသာလျှင် သင်ကို မြှင့်တင်တည်ဆောက် ပေးနိုင်ပါသည်။ သင်၏ ဝတ်စားတန်ဆာများကား သင်၏ ခန္ဓာကိုယ်ကို တန်ဆာဆင်ပေးနိုင်ပါ၏။ သို့သော် သင့်ကိုကာား တန်ဆာဆင် မပေးနိုင်ပါ။ သင်၏ ကောင်းမွန်သော အပြုအမူများသည်သာလျှင် သင့်ကို တန်ဆာဆင်ပေးနိုင်ပါသည်။

အဆုံးမတော့ “ချမ်းသာပျော်ရွှင်မှုဟူသည် ကိုယ့်ကိုယ်ကို အနည်းငယ်မျှ မပက်ဖြန်းပဲ သူတစ်ပါးကို ပက်ဖြန်ပေးလို့ မရနိုင်သည့် ရေမွှေးတစ်မျိုးပင် ဖြစ်သည်” ဟု သိထားရင်ဖြင့် အလွန်ကောင်းပါသည်။ လောကကြီးကား သင် ဖြစ်စေချင်သည့်အတိုင်း ဖြစ်ကောင်းမှ ဖြစ်ပါမည်။ သို့သော် ပျော်ရွှင်ဖို့ရာ သင့်နှလုံးသားကိုကား သင် ထိန်းညှိပေးလို့ ရပါတယ်။ ကောင်းတာတွေကို အဆင်းရဲခံ လုပ်ပါမှ နားလည်မှုနှင့် ပုဂ္ဂလိက ပျော်ရွှင်မှုတွေမှာ သူများထက် သာနိုင်တာပါ။

ပျော်ရွှင်မှုသုခကို ရချင်တယ်ဆိုရင် ကျေးဇူးသိတတ်တာ၊ မသိတတ်တာနှင့် ပတ်သက်ပြီး တွေးနေတာကို ရပ်ပစ်လိုက်ကြပါစို့။ ပြီးတော့ ပေးလို့ ဖြစ်လာတဲ့ အနှစ်အသားကျတဲ့ ပျော်ရွှင်မှုအတွက် ပေးကမ်းကြပါစို့။ ကျေးဇူးမသိတာက သဘာဝပါ၊ ပေါင်းပင်တွေလိုပဲပေါ့။ ကျေးဇူးသိတယ်ဆိုတာ နှင်းဆီပန်းတစ်ပွင့်လိုပဲ၊ (မြေသြဇာ) ကျွေးရတယ်၊ ရေလောင်း ပေါင်းသင်ပေးရတယ်၊ ချစ်မြတ်နိုးပြီး ကာကွယ် စောင့်ရှောက်ပေးရတယ်လေ။ (ဒေးလ် ကာနက်ဂီ)

ဆက်ပါဦးမည်။
ဘုန်းဥာဏ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP