* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 28, 2011

ဘဝတစ်ခုရဲ့ သတိရမှုများ


နံနက် အိပ်ယာထလို့ မျက်လုံးဖွင့်တိုင်း
မတပ်မဖြစ် တပ်နေရတဲ့ မျက်မှန်လေးကို သတိရတယ်။။
တိုက်ဆိုင်မှုတွေနဲ့ ကြုံတိုင်း
အတိတ်က ဖြစ်တည်မှုကို သတိရတယ်။
မပြေလည်မှုတွေနဲ့ ကြုံတိုင်း
အနာဂတ်မှာ တောက်ပလာမယ့် မျှော်လင့်ချက်ကို သတိရတယ်။
ဝမ်းသာမှုတွေနဲ့ ကြုံတိုင်း
တည်တံ့ခိုင်မြဲစေဖို့ ပစ္စုပ္ပန်ကို သတိရတယ်။
နှစ်သက်တာတွေနဲ့ ကြုံတိုင်း
ခင်မင်သူကို သတိရတယ်။
ဝမ်းနည်းမှုတွေနဲ့ ကြုံတိုင်း
အားပေးနှစ်သိမ့်သူကို သတိရတယ်။
စာအုပ်ကောင်းတွေနဲ့ ကြုံတိုင်း
တက္ကသိုလ်က စာကြည့်တိုက်ကို သတိရတယ်။
အင်တာနက်ကို ကြည့်တိုင်း
မလွတ်လပ်မှုကို သတိရတယ်။
ဘလော့ဂ်မှာ စာရေးတိုင်း
မပြည့်စုံမှုကို သတိရတယ်။
ကဗျာတွေ စပ်တိုင်းစပ်တိုင်း
စလေဦးပုညကို သတိရတယ်။
စာကျက်တိုင်း ကျက်တိုင်း
ဆရာသခင်ရဲ့ ပြင်းထန်လှတဲ့ ခြေထောက်ကို သတိရတယ်။
အဆိုင်းမင့်တွေ ရေးတိုင်း
ဝေါဟာရ မနိုင်နင်းမှုတွေကို သတိရတယ်။
ငြင်းခုန်မှုတွေနဲ့ ကြုံတိုင်း
တက္ကသိုလ်က ဧည့်ခန်းကို သတိရတယ်။
အင်္ဂလိပ်စကား ပြောတိုင်း
မရဲရင့်မှုကို သတိရတယ်။
ဆရာတွေ စာသင်တိုင်း
ငိုက်မျဉ်းမှုကို သတိရတယ်။
ကွန်ပျူတာ ခလုတ်ကို နှိပ်မိတိုင်း
သုံးချင်ခဲ့ဖူးတဲ့ လက်နှိပ်စက်အဟောင်းကြီးကို သတိရတယ်။
အစည်းအဝေးမှာ ထိုင်မိတိုင်း
မရင့်ကျက်မှုတွေကို သတိရတယ်။
နာကျင်မှုတွေနဲ့ ဘဝကို ရင်ဆိုင်ရတိုင်း
အမေ့ရဲ့ ရဲရင့်မှုတွေကို သတိရတယ်။
ထမင်းစားလို့ မကောင်းတိုင်း
အမေ့ရဲ့ ငါးပိရည်ကို သတိရတယ်။
လက်ထဲမှာ ပိုက်ဆံပြတ်တိုင်း
အမေ့ရဲ့ ဗီဒိုကြီးကို သတိရတယ်။
စာဖတ်လို့ ကောင်းတိုင်း
စာမမဖတ်တတ်တဲ့ အမေ့ကို သတိရတယ်။
လိုချင်မှုတွေ ဖြစ်တိုင်း
မပြည့်ဝမှုကို သတိရတယ်။
ဘုရားရှိခိုးတိုင်း
ငြိမ်းချမ်းမှုကို သတိရတယ်။
မေတ္တာတွေ ပို့မိတိုင်း
ကိုယ့်ကိုယ်တိုင် မေတ္တာ မရှိနိုင်သေးတာကို သတိရတယ်။
ပါဠိတွေ ရွတ်တိုင်း
လေးနက်မှုကို သတိရတယ်။
ရောဂါဝေဒနာတွေ ခံစားရမိတိုင်း
ရင်မဆိုင်ရဲသေးတဲ့ သေခြင်းတရားကို သတိရတယ်။
သေခြင်းတရားကို တွေးမိတိုင်း
မလွန်ဆန်နိုင်တဲ့ သင်္ခါရသဘောတရားကို သတိရတယ်။
တကယ့်တမ်း စွန့်လွှတ်ရမယ်လို့ တွေးမိတိုင်း
တန်ဖိုးရှိလွန်းတဲ့ လက်ရှိဘဝကို သတိရတယ်။

အိန္ဒိယက စာရေးဆရာမော်ဒန် ဆေးရုံတက်ကြောင်း ညီမတော် ခရစ်္စတယ်လ် မှတဆင့် ကြားသိရလို့ စပ်မိလိုက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ။ သူငယ်ချင်း အမြန်ဆုံး ကျန်းမာပျော်ရွှင်နိုင်ပါစေ။
မောင်ပညာ (မန်းတက္ကသိုလ်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP