* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 28, 2011

အားနည်းနေရှာသော အနာဂတ်လူငယ်များအား မိမိ၏လက်တစ်ဖက်ကမ်းလှမ်းပေးလိုသူများသို့

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာတွင် ဆရာတော် ဘဒ္ဒန္တဇာနေယျ ဦးစီးဖွင့်လှစ် တည်ထောင်ထားသော လူငယ်များဖွံ့ဖြိုးရေးပရဟိတကျောင်းကို (၁၉၉၇)နှစ်မှစတင် ဖွင့်လှစ်ထားသည်မှာ ယခုဆိုလျှင် (၁၄)နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါသည်။
ယခုအခါတွင် ၄င်းကျောင်းတိုက်၌ ပတ်ဝန်းကျင်ရွာပေါင်းအတော်များများမှ ဘ၀ကိုလက်မြှောက်အရုံး မပေး လိုသော အတန်းပေါင်းစုံမှ အနာဂတ်လူငယ်များသည် နှစ်စဉ်နှစ်တိုင်း လာရောက်နေထိုင်၊ ပညာသင်ယူ လျက်ရှိနေကြပါသည်၊ ၄င်းပရဟိတကျောင်း တိုးတက် အောင်မြင်ဖွံ့ဖြိုးနိုင်ရေး အတွက် လူမျိုးမရွေး၊ ဘာသာမရွေး ကလေးငယ်များ၏ ပညာရေးကဏ္ဍတွင် ဆရာတော်နှင့်တန်းတူ ပညာရေး လုပ်ငန်းများကို ပညာဒါနပြုလိုသော စေတနာရှင် အလှူရှင်များအား ဆရာတော်အနေဖြင့် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

လှူဒါန်းနိုင်သောဝတ္ထုများ
၁။ ကျောင်းသားများ၏ တနေ့တာ စားသုံးရန်အတွက် ဆန်(၂၀) ပြည် ချက်ပြုတ်ရပြီး ဟင်းလျာစသည့် အပါအ၀င် တစ်ရက်ကိုငွေကျပ်(၂၀၀၀၀)အသုံးပြုရပါသည်။

၂။ စာဖတ်ရာတွင် ည၊ နံနက် အသုံးပြုရသောမီးစက်သုံးရေနံဆီ(၁)ဂါလံဖြစ်ပြီး ကာလပေါက်ဈေး တစ်ဂါလံ(၃၅၀၀)ကျပ် ကုန်ကျလျက်ရှိပါသည်၊ ( ၁. ၂၅ .၂၀၁၁ )
၃။ဆယ်တန်းကျောင်းသားတစ်ဦးအတွက် တစ်နှစ်လျှင်ပညာသင်ကြေးကျပ်(၂၀၀၀၀၀)ဖြစ်ပြီး၊ အတန်းစုံ ကျောင်းသား (၆၃) ဦးအတွက် ထောက်ပံ့ငွေများလိုအပ်လျက်ရှိနေပါသည်၊
၎။ ကျောင်းသား/သူများ၏ ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် လေးခန်းတွဲ အိမ်သာ များတည်ဆောက် ရန်လိုအပ်နေပါသည်။

၅။ကျောင်းသား/သူများ စိတ်ချမ်းသာစွာ ပညာသင်ကြားရာတွင် နေထိုင်ရန်အတွက် ကျောင်းဆောင်သစ် များလိုအပ်နေပါသည်။
၆။တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် စာပြကျွမ်းကျင်သော ဆရာ(၃)ဦး ငှားရမ်းနိုင် အတွက် အဓိကလိုအပ်နေပါသည်။

ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များ ပညာသင်ကြားပြီး လူမျိုးအကျိုး၊ နိုင်ငံအကျိုး၊ လောကအကျိုး သယ်ပိုးဆောင်နိုင်ရန်အတွက် အထက်ဖော်ပြပါ လိုအပ်ချက်များကို မိမိတို့တတ်နိုင်သည့် ဘက်မှ ပါဝင်ပံ့ပိုးကူညီကြမည်ဆိုပါက ဆရာတော်၏ သာသနာပြုပညာရေး လုပ်ငန်းသည် ဆထက်တိုး အောင်မြင် တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်ပါသည်။ တစ်ဦးချင်းဖြစ်စေ၊ မိသားလိုက်ဖြစ်စေ အချင်းချင်း စုပေါင်းခြင်း ဖြင့်ဖြစ်စေ အောက်ပါလိပ်စာ အတိုင်း ပါဝင် လှူဒါန်းနိင်ကြပါသည်။

ဆရာတော်ဘဒ္ဒန္တဇာနေယျ ၊ လူငယ်များပရဟိတကျောင်း၊ တိမ်ညိုမြောက်ပိုင်းကျေးရွာ၊ မြောက်ဦးမြို့နယ်၊ ရခိုင်ပြည်နယ်၊ ဖုန်း098502155(တဆင့်ခေါ်ပါ)

မှတ်ချက်- စိတ်ပါဝင်စား၍ လေ့လာစုံစမ်း မေးမြန်းလိုသူများသည် ဖုန်းမှဆက်သွယ်မေးမြန်းရန် ခက်ခဲခဲ့ သော်
အင်တာနက်အီးမေလ်အကောက်... ashinpanna.5@gmail.com, ven.revata09@gmail.com, myominmg99@gmail.com, များမှတဆင့် စုံစမ်းနိုင်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP