* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 1, 2010

မြစ်သား ရေလွှမ်းခံ ကျေးရွာလူထုအတွက် ဆန်အလှူခံပါသည်

မြစ်သားဘက်မှာ ဆည်ကျိုးပြီး ရွာပေါင်း ၂၁ ရွာဝန်းကျင် လယ်ခင်းနဲ့ လူနေအိမ်ခြေတွေမကျန် ရေလွှမ်းသွားပါတယ်။ ရေပြန်ကျချိန်မှာ နွံတွေ ခါးလယ် ပေါင်လယ်ထိ ကျန်ခဲ့တာ ခုထိပါ။

ရိတ်သိမ်းခါနီး စပါးခင်းတွေ အကုန်ပျက်ကုန်ပြီး လူတွေ စားစရာမဲ့ အတိဒုက္ခ ကြုံနေရပါတယ်။ အဓိက လိုအပ်နေတာက နေ့စဉ်စားဖို့ ထမင်း ဖြစ်ပါတယ်။ ထမင်းရှိရင် ဘာဟင်းမှ မရှိလဲ အသက်ဆက်လို့ ရပါသေးတယ်။

ဆွမ်းလောင်းအသင်းက ငရုတ်သီးကြော် သွားဝေပါတယ်။ ထမင်းကို အနီးအဝေးက စေတနာရှင်တွေ လာရောက် လှူကြတယ်။ အလှူရှင်က ရှိလိုက် မရှိလိုက်ပါ။ ရေလွှမ်းသွားတဲ့ ရွာတွေက များတော့ ရွာတိုင်းစေ့ အလှူရှင်တွေ မနိုင်ဘူး။

အရေးအကြီးဆုံး ဘာလိုလဲဆိုတော့ ဆန်နဲ့ဆီ လိုတယ်လို့ ရွာသားကြီး တစ်ဦးက ပြောပါတယ်။ လူသားချင်း စာနာမှုဖြင့် တတ်အားသရွေ့ ဝိုင်းဝန်းကြပါရန်။

လှူဒါန်းလိုသူများ ဆက်သွယ်ရန်အတွက် -
ဦးကောဝိဒ +9592110202 kovida9@gmail.com
ကိုဖြိုး၊ ကိုထက် +9592013811
မဝါဝါခိုင်မင်း nanwarwarmg@gmail.com
မဥမ္မာဌေး dimpletwo@gmail.com
ကိုရန်အောင် aungyan@gmail.com
JulyDream julydream0707@gmail.com

လှူဒါန်းလိုတဲ့ ပစ္စည်းများကို အမြန်ဆုံး သွားရောက်ဝေငှပေးပြီး အလှူရှင် တစ်ဦးချင်းစီထံ စာရင်းရှင်းတမ်းနဲ့ အလှူမှတ်တမ်း ဓာတ်ပုံများ ပြန်ပို့ပေးသွားမှာ ဖြစ်ပါတယ်။

(ကော်နက်ရှင် ပြဿနာကြောင့် ဓာတ်ပုံတွေ ပို့လို့ မရလို့ မတင်နိုင်သေးပါ။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP