* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 1, 2010

*ပယ်လေးတန် ခံလေးပါး*

Monday, November 01, 2010 တောသားလေး , Posted in , 1 Comment


မြတ်စွာဘုရားရှင် ၀ါတော်(၂၀) ပထမဗောဓိကာလအတွင်းမှာ အမြဲတမ်းပြုစုလုပ်ကျွေး မည့်သူ မရှိသေးပါဘူး။ မြတ်စွာဘုရားရှင် သက်တော်ကြီးရင့်လာချိန်တွင် အလျဉ်းသင့်သလို လိုက်ပါသည့် နောက်တော်ပါ ရဟန်းတချို့က မြတ်စွာဘုရားရှင် စကားတော်ကို နားမထောင်ဘဲ ထင်ရာလုပ်တတ်သည့်အတွက် အဆင်မပြေ ဖြစ်သည်ကို သံဃာ ပရိသတ်အလယ်မှာ မိန့်ကြားတော်မူပါသည်။

မြတ်စွာဘုရားရှင် မိန့်ကြားသည့်အခါ အရှင်သာရိပုတ္တရာ အမှူးရှိသော ရှစ်ကျိပ်သော တပည့်ကြီးတွေက အနီးကပ် ပြုစုခွင့်ကို တောင်းခံခဲ့သော်လည်း ခွင့်မပြုဘဲ ပယ်ချတော်မူခဲ့ပါတယ်။ အရှင်အာနန္ဒာ တစ်ပါးတည်းသာ မတောင်းဆိုဘဲ ခပ်ဆိတ်ဆိတ် ထိုင်တော်မူနေပါသည်။ ကျန်ရှိတဲ့ ရဟန်းတော်တွေက ၀ိုင်းဝန်းတိုက်တွန်းသောအခါ အရှင်အာနန္ဒာက “ငါရှင်တို့ တောင်းမှ ရတဲ့ ရာထူး ဌာန ဆိုတာ ဘာလုပ်ဖို့လဲ။ တကယ်လို့ မြတ်စွာဘုရားရှင် အလိုရှိရင် “ အာနန္ဒာ ငါဘုရားကို ပြုစုလုပ်ကျွေးစေ လို့ မိန့်တော်မူလိမ့်မယ်” ဟု ပြန်လည် ပြောကြားတော် မူသောအခါ မြတ်စွာဘုရားရှင်က “ချစ်သား ရဟန်းတို့ အာနန္ဒာဟာ သူတစ်ပါးတိုက်တွန်းမှ ငါဘုရားကို ပြုစုလုပ်ကျွေးမည့်သူ မဟုတ်ပါဘူး။ သူ့ဘာသာ အလိုလို သိရှိနားလည်ပြီး ငါဘုရားကို ပြုစုလုပ်ကျွေးပါလိမ့်မယ်လို့” မိန့်ကြားတော်မူပါတယ်။
ထိုအခါမှ အရှင်အာနန္ဒာက ထတော်မူပြီး အောက်ပါအချက်များကို ခွင့်ပြုတော်မူမှသာ အရှင်ဘုရား၏ အလုပ်အကျွေး ရာထူးကို လက်ခံတော်မူမည်ဟု တောင်းဆိုတော်မူပါသည်။
(က) အရှင်အာနန္ဒာ၏ တောင်းဆု-(၄) ပါး
၁။ ဘုရားရှင်အတွက် အရှင်အနန္ဒာက လက်ခံလိုက်သော ဆွမ်းကို ဘုရားရှင်မှ လက်ခံတော်မူခြင်း။
၂။ ဘုရားဖူးလာကြသော တိုင်းတပါးသား၊ ဇနပုဒ်သားတို့အား ရောက်မဆိုက်ပင် ဘုရားဖူးခွင့်ရစေခြင်း။
၃။ ယုံမှားသံသယဖြစ်လျှင်ဖြစ်ခြင်း ဘုရားရှင်ထံချဉ်းကပ်မေးလျှောက်ခွင့်ရခြင်း။
၎။ မျက်ကွယ်၌ ဟောခဲ့သောတရားများကို ပြန်လာဟောကြားပေးခြင်း။
(ခ) အရှင်အာနန္ဒာ၏ ပယ်ဆု-(၄) ပါး
၁။ ဘုရားရှင်မှ သင်္ကန်းပေးခြင်း။
၂။ ဆွမ်းပေးခြင်း။
၃။ တကျောင်းတည်းအတူ သီတင်းသုံးခြင်း။
၎။ ဘုရားရှင်အား ပင့်ဖိတ်သောဆွမ်းကို အတူလိုက် ဘုန်းပေးခြင်း။
ဤဆုရှစ်ပါးဟာ ကိုယ်ကျိုးစီးပွားလို့ ထင်ရတဲ့ အခွင့်အရေး(၄) ခုကို ပယ်ပြီး၊ အများ အကျိုးစီးပွားကို တာဝန်ယူနိုင်တဲ့ အခွင့်အရေး(၄) ခုကို တောင်းဆိုခဲ့သောကြောင့် “ပယ်လေးတန်၊ ခံလေးပါး” ဆိုပြီး သာသနာတော်မှာ ထင်ရှားတော်မူခဲ့ပါသည်။ အရှင်အာနန္ဒာမထေရ်၏ နှလုံးရည်ဟာ သူမတူအောင် မြင့်မြတ်တော်မူပြီး မိမိကိုယ်တိုင် ကောင်းပြီး သူတစ်ပါးကိုလည်း တော်စေလို ကောင်းစေလိုသော အတုယူထိုက်သည့် စိတ်ဓါတ်ပိုင်ရှင် “သူတော်ကောင်းပုဂ္ဂိုလ်” အစစ်အမှန် တစ်ဦးပင်ဖြစ်ပါသည်။ အရှင်အာနန္ဒာ မထေရ်မြတ်၏ ဂုဏ်ရည်ကို ဒီပိုစ်လေးနဲ့ ဦးခိုက် ပူဇော်လိုက်ပါတယ်။
ကျမ်းကိုး
၁။ အင်္ဂုတ္ထိုရ် အဋ္ဌကထာ (ပထမတွဲ)
၂။ အပါဒါန် အဋ္ဌကထာ (ပထမတွဲ)
၃။ ထေရဂါထာ အဋ္ဌကထာ (ဒုတိယတွဲ)
၎။ မဟာဝဂ္ဂ အဋ္ဌကထာ
၅။ ပါထက၀ဂ္ဂ အဋ္ဌကထာ
၆။ သံယုတ် အဋ္ဌကထာ (ပထမတွဲ)
၇။ ဓမ္မပဒ အဋ္ဌကထာ (ပထမတွဲ)
၈။ မဟာဗုဒ္ဓ၀င်ကျမ်း (ဆဋ္ဌမတွဲ)
အားလုံးသော ဓမ္မမိတ်ဆွေများလည်း သူတော်ကောင်း ပုဂ္ဂိုလ် အစစ်အမှန်ဖြစ်အောင် အားထုတ်နိုင်ကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP