* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 1, 2010

သဘောကျသည်



ဈေးနှုန်းများကပ်ထား





ငွေပုံး
ဈေးနှုန်းကပ်နှင့် ရောင်းကုန်




ရောင်းကုန်ပစ္စည်းများ
သဘောကျသည်
အေးတဲ့ ရာသီမို့  ကျောင်းထဲမှာပဲ ကုပ်နေလို့ မရ။
အပြင်ထွက် လမ်းလျှောက်ပေးမှ အအေးဒဏ် ခံနိုင်တယ်။
ကျန်းမာရေးအရလည်း ညီညွတ်တယ်။
ဘုန်းကြီး မမြင်ဖူးသူတွေလည်း မြင်ကြပေါ့လေ။
အဲဒါကြောင့်လည်း အပြင်လမ်းလျှောက်ထွက်တယ်ပေါ့။
( အကြောင်း ပြချက်၊ အကြောင်းပြချက် ...)

မြို့ ကို ပတ်လိုက်တာ တစ်နေရာမှာတော့ -
ကိုယ်မမြင်ဘူးတဲ့
ဈေးရောင်းနည်း စနစ်ကို တွေ့ ပါတယ်။

မြို့ ထဲမှာလို စက်ကိရိယာနဲ့  ခိုးမရအောင် ကင်မရာစက်လည်းမရှိ။

ဈေးနှုန်းကိုသာ ကပ်ထားတာပါတယ် ။

ကိုယ်ကျင့်သိက္ခာ မကောင်းဘူးဆိုရင် -
ပေးတဲ့ ငွေ ထက် ပစ္စည်းကို ပိုပြီးလည်း ယူချင်ယူမယ်။

အလကား အလစ်သုတ်ပြီးတော့လည်း ယူချင်ယူမယ်။
ယူလို့ လည်း ရနိုင်ပါတယ်။ လူရှင်းတာကို။

ဒါပေမယ့် ဒီမှာတော့ ဈေးနှုန်းကို

၅ယူရို ၆ယူရို ၇ယူရို အစားစား ရေးထားတာတွေ့ ရတယ်။
ရေးထားတဲ့အတိုင်း ငွေပုံးထဲ ထည့်ပြီး
တန်ရာတန်ကြေး ပေးဝယ်ယူကြတယ်။

( သူတို့ က ပိုက်ဆံပေါတာမို့  မခိုးတာလို့ တော့
မမှတ်ထင်စေချင်။ ပိုက်ဆံ ပေါတိုင်း ၊ ထောတိုင်း
ကိုယ်ကျင့် သိက္ခာ မလုံနိုင်ပါ။ ခိုးနည်းအမျိုးမျိုးရှိပါတယ်။
နီးစပ်ရာ သတိထားကြည့်ပါလေ။)


တကယ်တော့ သူတို့  တစ်တွေမှာ သူများဟာ ခိုးတာနဲ့ ပါတ်သက်လို့ 
မခိုးတာ အကျိုးရှိတယ် ၊ ခိုးရင် အပြစ် ဖြစ်တယ် - လို့ 
ဘုရားဟောတဲ့ တရားတော်အတိုင်း
တိတိကျကျ
သိလို့ တော့ မဟုတ်လောက်ဘူး။

သူတို့ ရဲ့  ယဉ်ကျေးမှုနဲ့  ပတ်ဝန်းကျင်ကိုက
ကိုယ်ကျင့်တရား ၊ ကိုယ့်သိက္ခာကို ပျက်ပြားတဲ့ အလုပ်ပဲ။

ခိုးတာ အဆိုးဆုံး အလုပ်ပဲ လုပ်လို့ 
သူတို့  ခံယူထားကြ ၊ သိနေကြလို့ ပဲ ယူဆပါတယ်။

အကျိုး အပြစ်ကို ကြည့်လိုက်ပါဦးလေ-
သူများပစ္စည်းကို တစ်နည်းနည်းနဲ့  ခိုးခဲ့ဘူးသူသည်-

၁။ မွဲတတ်ခြင်း
၂။ဆင်းရဲတတ်ခြင်း
၃။ငတ်မွတ်ခြင်း
၎။အလိုရှိသော အရာကို မရနိုင်ခြင်း
၅။စည်းစိမ် ပျက်စီးတတ်ခြင်း
၆။ရေ မီး သူခိုး အမွေခံ သားသမီးဆိုး မင်းဆိုး ဟူသော
ရန်သူမျိုးငါးပါး၏ ဖျက်စီးမှုကြောင့် ဥစ္စာပျက်ပြားရခြင်း
ဤ မကောင်းကျိုးများကို ရတတ်၏

ဆောင်- အဒိန္နာဒါ ၊ ခိုးမိပါမူ ၊ ဥစ္စာနည်းမွဲ ၊ ဆင်းရဲငတ်ဘိ၊
လိုရှိမရ ၊ ဘောဂပျက်စီး၊ ရေး-မီး-သူခိုး၊ မွေခံဆိုးနှင့် ၊
မင်းဆိုးအပြား ၊ ရန်မျိုးငါးကြောင့် ၊ ပျက်ပြားဥစ္စာ ၊ ပြစ်များစွာသည်၊
ရှောင်ခါ အပြန်အကျိုးတည်း။

ရတနာ့ဂုဏ်ရည်- ( ၂၀၆ )
တောင်မြို့  ၊ မဟာဂန္ဓာရုံဆရာတော်


ဒီလိုကို အကျိုး အပြစ် မသိပါဘဲ

ကိုယ်ကျင့်တရား ကိုယ်သိက္ခာကို ပျက်ပြားတဲ့ အလုပ်ပဲ။
ခိုးတာ အဆိုးဆုံး အလုပ်ပဲ လုပ်လို့ 
သူတို့  ခံယူထားကြ ၊ သိနေကြလို့ ပဲ မယူတာကိုပဲ
သဘောကျသည်။

ဒီ အလုပ်မျိုးကို ကိုယ်တိုင် မလုပ်ပါက
ကိုယ့်ကိုယ်လည်း သဘောကျစရာ ကောင်းသလို
အများလည်း ဒီအလုပ်မျိုး မလုပ်တဲ့သူကို
သဘောကျကြပါမယ်။

သဘောကျသည်
သဘောကျသည်

မြတ်ရောင်နီ

( ၃၁ ၊ ၁၀ ၊ ၂၀၁၀ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP