* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, November 1, 2010

“ပီကင်းလက်သီးလောက်တော့ မပြင်းပါဘူး”

တစ်ခါက မြန်မာပြည်သားတစ်ယောက်သည် တရုတ်ပြည် ပီကင်းမြို့တွင် ငါးနှစ်ကြာပညာသင်ကြားပြီးနောက် အမိမြန်မာနိုင်ငံသို့ ပြန်လာခဲ့လေသည်။ ထိုမြန်မာနိုင်ငံသားသည် ပီကင်းမှ ပြန်လာပြီးနောက် စကားပြောတိုင်း ပီကင်း၏ကောင်းကြောင်းနှင့် ပီကင်းအစားအသောက်များ၏ ကောင်းကြောင်းကို အမြဲတမ်းပြော နေလေတော့ သည်။ ဖခင်ဖြစ်သူသည် သားဖြစ်သူ၏ ထိုအတွေးများ ပျောက်သွားစေရန် မြန်မာ့ခေါက်ဆွဲ၏ ဘယ်လောက် ကောင်းကြောင်းသိရှိစေရန် သူကိုယ်တိုင် သားဖြစ်သူကို ခေါက်ဆွဲကြော်ကျွေးလေသည်။ ထို့သို့ခေါက်ဆွဲကြော် စားကြရာတွင် ဖခင်ဖြစ်သူက
“ငါ့သား ဘယ်လိုလဲ အဖေကိုယ်တိုင်ကြော်ထားတဲ့ ခေါက်ဆွဲကြော်နှင့် ငါ့သား ပီကင်းမှာ စားခဲ့ရတဲ့ ခေါက်ဆွဲ ကြော်ဘယ်ဟာက ပိုကောင်းသလဲ ပြောစမ်းပါအုံးကွ”ဟုမေးသောအခါ သားဖြစ်သူက
“အွန်း အဖေခေါက်ဆွဲကြော်လဲ ကောင်းတော့ ကောင်းပါတယ်၊ သို့သော် ပီကင်းခေါက်ဆွဲကြော်ကိုတော့ မမှီဘူး အဖေရာ”ဟု ဆိုလိုက်သောအခါ ဖခင်ဖြစ်သူသည် အနည်းငယ် နှာခေါင်းရှုံ့သွားလေသည်။ သို့သော် ဖခင်ဖြစ်သူသည် မကျေနပ်သေးပါ။သူ၏ လက်ရာသည် ပီကင်းလက်ရာထက်သာကြောင်းကို သားဖြစ်သူအား ပြလိုသေးသည်။ သို့ဖြစ်သဖြင့် တစ်နေ့ သူသည် ဘဲတစ်ကောင်းကို ၀ယ်ကာ ပေါင်းပြီး သားဖြစ်သူအား ကျွေးလေ သည်။ ထိုအချိန်ဝယ် ဖခင်ဖြစ်သူက
“ငါ့သား ပီကင်းဘဲပေါင်းလက်ရာနဲ့ အဖေရဲ့ ဘဲပေါင်းလက်ရာ ဘယ်လက်ရာကကောင်းသလဲ ပြောစမ်းပါအုံးကွ” ဟု မေးသောအခါ
“အွန်း အဖေရဲ့ဘဲပေါင်းလက်ရာလဲကောင်းပါတယ်၊ သို့သော် ပီကင်းဘဲပေါင်းလက်ရာတော့ မမှီသေးဘူး အဖေ ရာ”ဟု ဆိုလာပြန်သဖြင့် ဖခင်ဖြစ်သူသည် ဒုတိယအကြိမ်နှာခေါင်းရှုံ့ခဲ့ရပြန်လေသည်။ နောက်ဆုံးတွင် ဖခင်ဖြစ် သူအတွေးဝင်လာသည်ကား
“အွန်းငါ့သားတော့ မြန်မာသွေးမရှိတော့ဘူး၊ ပီကင်းသွေးတွေ ၀င်နေပြီ၊ ပီကင်းကောင်းကြောင်းပဲပြောနေတာ၊ ဒီအကျင့်ပျောက်သွားအောင်တော့ဆုံးမရမယ်”ဟု အတွေးဝင်လာလေသည်။ သို့ဖြစ်သဖြင့် တစ်ခုသော နက္ခတ် တာယာအပေါင်းနှင့် ပြည့်စုံသော တန်ဆောင်လပြည့်ည၀ယ် ဖခင်ဖြစ်သူက
“ငါ့သားရယ် ကောင်းကင်ကြီးကို ကြည့်စမ်းပါအုံး၊ လကြီးကလဲ သာလို့ နက္ခတ်တာယာအပေါင်းကလဲ ပြည့်စုံလို့၊ ဘယ်လောက်တောင်သာယာလဲ၊ မင်းရဲ့ ပီကင်းညနဲ့ မြန်မာပြည်ရဲ့ တန်ဆောင်မုန်းလပြည့်ည၊ ဘယ်ညက ပိုပြီး သာယာလဲပြောစမ်းပါအုံး ငါ့သားရယ်”ဟု မေးသောအခါ သားဖြစ်သူက
“အွန်းအဖေရယ် မြန်မာပြည်ရဲ့ နက္ခနတ်တာယာအပေါင်းနှင့် ပြည့်စုံတဲ့ တန်ဆောင်းမုန်းလပြည့်ညဟာ တော်တော်လေးသာယာပါတယ်၊ သို့သော် ပီကင်းရဲ့ နက္ခတ်တာယာအပေါင်းနဲ့ ပြည့်စုံတဲ့ တန်ဆောင်းမုန်း လပြည့်ညရဲ့ သာယာမှုကိုတော့ မမှီသေးဘူးအဖေ”ဟု ဆိုလာသဖြင့် ဖခင်ဖြစ်သူသည် အလွန်ဒေါပွသွားကာ
“ဒီလောက်တောင် ပီကင်းကို အကောင်းမြင်ပြီး မြန်မာပြည်ကို အကောင်းမမြင်တဲ့ကောင် သေပေတော့” ဟုဆိုကာ လက်သီးဖြင့် ခပ်ပြင်းပြင်း သားဖြစ်သူ၏ မျက်နှာကို ထိုးလိုက်လေတော့သည်။ အဆုံးတွင် သားဖြစ်သူ ပြောလိုက်သည်ကား
“အွန်း အဖေလက်သီးလဲ တော်တော်ပြင်းပါတယ်၊ သို့သော် ပီကင်းလက်သီးတော့ မမှီသေးဘူးအဖေ”ဟူ၍ပင် ဖြစ်သတည်း။
“အွန်း သားဖြစ်သူသည်ကား ဘယ်လောက်ပင် ဖခင်ဖြစ်သူက ဆုံးမစေတော့ ပီကင်းအပေါ်အကောင်းမြင်ဝါဒကို လျှော့တော့မည်မဟုတ်ပေ၊ အသက်သာ အသေခံလျှင် ခံသွားပေတော့မည်၊ အော် ဒီလိုလူမျိုးလဲရှိသေးပေသည် ကိုး ”။
မှတ်ချက် ဤပြင်ပုံကို သာသနတက္ကသိုလ်တက်စဉ် ဆရာတော်ကြီးဦးသန့်ဇင်ပြောပြသဖြင့် မိမိ၏ စာဖတ်ပရိ သတ်အပေါင်းကို ပြန်လည်တင်ပြလိုက်ရပေသည်။
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP