* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 5, 2010

The Way to Nibbana (Part 9) - နိဗ္ဗာန်လမ်း (အပိုင်း ၉)

လူဝတ်ကြောင်ဘ၀ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း

သို့သော် လူတစ်ယောက်ကို မြင့်မြတ်စေသည်မှာ အပြင်အပ အသွင်အပြင် မဟုတ်၊ အဇ္ဈတ္တစင်ကြယ်မှု နှင့် စံပြုထိုက်သော နေထိုင်ရှင်သန်မှုသာ ဖြစ်ပေသည်။ ဗဟိဒ္ဓ အသွင်ပြောင်းလဲမှု မဟုတ်၊ အဇ္ဈတ္တ အသွင်ပြောင်းလဲမှု ဖြစ်ရမည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးအတွက် လူ့ဘောင်ကို ရှောင်ခွာရန်၊ ရသေ့ရဟန်း ပြုရန် အမှန်ပင် လိုအပ်၏။ ရဟန်းဘ၀သည် နာမ်ခန္ဓာ တိုးတက်မြင့်မားရေး၌ ထိရောက် လွယ်ကူစေသည်မှာ သံသယပွားစရာ မရှိပေ။ သို့သော် လူဝတ်ကြောင်သည်လည်း အရဟတ္တဖိုလ်ပေါက် ပြီးမြောက်နိုင်ပေသည်။

အာရုံဆွဲဆောင်မှုများ အကြား၌ လူဝတ်ကြောင်ဖြင့် အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်သူသည် ပတ်ဝန်းကျင်၌ အာရုံအနှောင့်အယှက် ကင်းမဲ့စွဲ နေထိုင်လျက် အရဟတ္တဖိုလ်ဆိုက်သော ရဟန်းထက် ပို၍ ချီးကျူးထိုက်ပေ၏။

ဝတ်ကောင်းစားလှများ တန်ဆာဆင်လျက် ဆင်ပေါ်မှာ ထိုင်နေစဉ် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့သော အမတ်တစ်ဦးကို အကြောင်းပြု၍ အောက်ပါအတိုင်း ဘုရားရှင် မိန့်တော်မူခဲ့သည်။
“အကြင်သူသည် ကိလေသာ ငြိမ်း၏။ ဣနြေ္ဒကို ဆုံးမပြီး ဖြစ်၏။ မဂ်လေးပါးဖြင့် မြဲ၏။ မြတ်သောအကျင့် ရှိ၏။ အလုံးစုံသော သတ္တ၀ါတို့၌ လက်နက်ကို ပယ်ချထားသည်ဖြစ်၍ မေတ္တာဖြင့် အညီအမျှကျင့်၏။ ထိုသူသည် အ၀တ်တန်ဆာ ဆင်စေကာမူ မကောင်းမှုကို အပပြုသူ ‘ဗြဟ္မဏ’မည်၏၊ ကိလေသာငြိမ်းသူ ‘သမဏ’မည်၏၊ ကိလေသာကို ဖျက်ဆီးပြီးသူ ‘ဘိက္ခု’မည်၏။”

ဤကဲ့သို့ လောကကို မစွန့်ခွာဘဲ လူဝတ်ကြောင်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခဲ့သူတို့၏ ဖြစ်ရပ် မြောက်များစွာ ရှိခဲ့၏။ သာသနာတော်၌ အလွန်ကိုင်းရှိုင်းသူ၊ ရက်ရောသူ သာသနာဒါယကာ အနာထပိဏ်သည် သောတာပန်ဖြစ်၏။ သာကီဝင်မင်းသား မဟာနာမ်သည် သကဒါဂါမ် ဖြစ်၏။ အိုထိန်းသည် ဃဋိကာရသည် အနာဂါမ် ဖြစ်၏။ သုဒ္ဓေါနမင်းသည် ရဟန္တာ အဖြစ်ဖြင့် ပရိနိဗ္ဗာန် ပြုခဲ့၏။

ရဟန်းတော်

ရဟန်းမည်သည်
- ပါတိမောက္ခသံဝရသီလဟူသော ၀ိနည်းသီလ အခြေခံသိက္ခာပုဒ်များ၊
- ဣန္ဒြိယသံဝရသီလဟူသော ဣနြေ္ဒကို စောင့်ထိန်းခြင်းသီလ၊
- အာဇီဝပါရိသုဒ္ဓိသီလဟူသော အသက်မွေးဝမ်းကြောင်းမှုနှင့်စပ်သော စောင့်ထိန်းမှုသီလ၊
- ပစ္စယသန္နိဿိတသီလဟူသော ဘ၀ရပ်တည်ရေး အသုံးအဆောင်တို့၌ ဆင်ခြင်နှလုံးသွင်း ရသော သီလဟူသည့် စတုပါရိသုဒ္ဓိသီလကို စောင့်ထိန်းရ၏။

ဤသီလလေးမျိုးကို နိဗ္ဗာန်ရောက်ကြောင်း အကျင့်လမ်းဖြစ်သည့် ၀ိသုဒ္ဓိခုနစ်ပါး၌ တစ်ပါး အပါအ၀င်ဖြစ်သော သီလ၀ိသုဒ္ဓိ (ကိုယ်ကျင့်ဖြူစင်ခြင်း)ဟု တစ်ပေါင်းတည်း ခေါ်ဆို၏။

သာသနာ့ဘောင်သို့ ၀င်ရောက်ပြီး (ဥပသမ္ပဒ) ရဟန်းမြတ်အဖြစ် ခံယူသောသူကို ဘိက္ခုဟုခေါ်၏။ “ဘိက္ခု”ဟူသော ပါဠိစကားလုံး၏ အဓိပ္ပာယ်ကို ခြုံငုံမိသော မြန်မာစကား မရှိပေ။ “ဘုန်းတောင်းယာစကာ”ဟု အနီးစပ်ဆုံး မြန်မာဘာသာပြန်နိုင်၏။ ခွက်လက်စွဲ၍ တောင်းစားသူဟူသော အဓိပ္ပာယ်ကား မဟုတ်ပေ။ လှူဒါန်းအပ်သော ဆွမ်းကိုမှီ၍ အသက်မွေးသူဟု ဆိုလို၏။

ရဟန်းတစ်ပါးအတွက် တစ်သက်တာအဓိဋ္ဌာန် မရှိပေ။ မြင့်မြတ်သော ဘ၀ကို နေထိုင်ကျင့်သုံးနိုင်ရေး အတွက် ကိုယ့်ဆန္ဒနှင့်ကို အလိုရှိသလောက် ကာလအပိုင်းအခြားဖြင့် ရဟန်းပြုနိုင်၏။ သာသနာ့ဘောင်ကို အချိန်မရွေး စွန့်ခွာခွင့် ရှိသည်။

ရဟန်မည်သည် အသေးစား သိက္ခာပုဒ်များ(အဓိကရဏသမထ)အပြင် ၂၂၀သော သိက္ခာပုဒ်တို့ကို ကျင့်သုံးရ၏။ အစင်ကြယ်ဆုံး ဗြဟ္မစရိယအကျင့်၊ ခိုးဝှက်ခြင်း၊ သတ်ဖြတ်ခြင်း၊ တရားထူးရကြောင်း မဟုတ်မမှန် ကြွားဝါခြင်းတို့နှင့် သက်ဆိုင်သော သိက္ခာပုဒ်လေးမျိုးကို တင်းတင်းကြပ်ကြပ် စောင့်ထိန်းရ၏။ သိက္ခာပုဒ် လေးခုအနက် တစ်ခုခုကို ကျူးလွန်ဖောက်ဖျက်လျှင် ပါရာဇိကကျ၏။ ရဟန်းအဖြစ်သည် အလိုအလျောက် ပျက်လျော ချုပ်ငြိမ်းသွား၏။ အကယ်၍ ဆန္ဒရှိလျှင် သာသနာ့ဘောင်လို့ ၀င်ရောက်၍ ရှင်သာမဏေ ပြုနိုင်၏။ အခြားသော သိက္ခာပုဒ်များနှင့် စပ်လျဉ်း၍ကား ကျူးလွန်သည့် သိက္ခာပုဒ်နှင့် လျော်ညီစွာ သင့်ရောက်သော အာပတ်ကို ကုစားမှုများ ပြုလုပ်ရ၏။

ရဟန်းတစ်ပါး၏ ထူးခြားသော သွင်ပြင်လက္ခဏာများမှာ စင်ကြယ်ခြင်း၊ ဗြဟ္မစရိယကို အပြည့်အ၀ ကျင့်သုံးခြင်း၊ အလိုဆန္ဒအလျောက် ခေါင်းပါးစွားကျင့်ခြင်း၊ နှိမ်ချခြင်း၊ ရိုးဖြောင့်ခြင်း၊ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်း၊ သည်းခံခြင်း၊ သနားကြင်နာတတ်ခြင်း၊ ရက်စက်မှု ကင်းမဲ့ခြင်းတို့ ဖြစ်၏။

ရဟန်းပြုခြင်းသည် သို့မဟုတ် လောကီသာယာဖွယ်နှင့် လောကီမျှော်မှန်းချက်တို့ကို စွန့်ခွာခြင်းသည် နိဗ္ဗာန်ရရေးအတွက် ထိရောက်သော နည်းလမ်းတစ်ခုသာ ဖြစ်၏။ သို့သော် ရဟန်းပြုရုံမျှဖြင့် ပြုဖွယ်ကိစ္စ ပြီးဆုံးသည်ကား မဟုတ်သေးပေ။
နာဒရထေရ် The Way to Nibbana ကို ဘာသာ ပြန်ဆိုပါသည်။
ဆက်ပါဦးမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP