* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 5, 2010

*ဖြောင့်ချက်*

ကြွက်ကလေးက သွားတော့မယ်.. လက်ပြနေပြီ..။ လွတ်မြောက်ရာလမ်းကို လှမ်းတော့မယ်။ ဒါပေမယ့် ငါကတော့ ဘ၀သံသရာ ထောင်က ဘယ်တော့များမှ လွတ်မြောက်မှာလဲ။ လွတ်မြောက်အောင်ကော ရုန်းမှာလား။ ရုန်းချင်စိတ်ကော ရှိရဲ့လား..။

~~~~~~~~~~~~~~~~~~~~~~~

တွယ်တာစေမယ့်စကားတွေ
မပြောပါနဲ့လား..
(ကြားလည်းမကြားချင်)
တွယ်ထားရတာ
ပင်ပန်းလွန်းလို့..။

အရောင်ပါတဲ့စကားတွေ
မသုံးပါနဲ့လား..
(ပြောလည်းမပြောချင်)
အရောင်မဲ့တဲ့ စကားတွေ
ရင်ဘတ်ထဲမှာ ကိန်းချင်လို့..။

အဖြေမပါတဲ့ပုစ္ဆာတွေ
မမေးပါနဲ့လား..
(တွေးလည်းမတွေးချင်)
အဖြေပေးထားတဲ့ ပုစ္ဆာတောင်
တွက်ရခက်နေလို့..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘာပဲပြောပြော အတွယ်အတာတွေကနေ လွတ်ချင်စိတ်၊ ကိလေသာ အရောင်ကင်းတဲ့ စကားတွေ ပြောလိုစိတ်၊ ဘုရားရှင် အဖြေပေးထားတဲ့ လွတ်မြောက်မှုကို ခံစားလိုစိတ်နဲ့ "ဖြောင့်ချက်" တော့ ပေးလိုက်မိရဲ့..။

*****************************************

လေးစားစွာဖြင့်
ဖိုးသား
10/3/2010, SUN:, 1:15:45 PM
Tags:

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP