* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 5, 2010

ကိုကျော်သူရ မွေးနေ့အရုဏ်ဆွမ်း ၊ ဝင်းဝင်း သနပ်ခါးလုပ်ငန်း နေ့ဆွမ်းအလှူ

သာသနာသက္ကရာဇ် ၂၅၅၄ ခု တော်သလင်းလပြည့်ကျော် (၁၁)ရက် တနင်္လာနေ့ ၄.၁၀.၂၀၁၀ ရက်နေ့

အရုဏ်မုန့်ဟင်းခါးဆွမ်းအလှူ ကိုကျော်သူရ ၏ ၂၉.၉. ၂၀၁၀ တွင် ကျရောက်ခဲ့ပြီးသော မွေးနေ့အလှူ ။
(အာရုံဆွမ်းအလှူ )

နေ့ဆွမ်းလောင်း
ဝက်သား+အာလူးဟင်း
ပဲ
သရက်ချဉ်သုတ်
ငါးပိ+ငရုတ်သီး ဘာလချောင်ကြော် တို့ဖြင့်လောင်းလှူပေးခဲ့ပါသည်။
အလှူရှင်ကတော့ ၀င်းဝင်း ဖယောင်းတိုင်၊အမွေးတိုင်၊သနပ်ခါးလုပ်ငန်းမှ ဖြစ်ကြပါတယ်။

ဝေယျာဝစ္စများကတော့
ဒေါ်ကြည်ဌေး၊ မပွေး၊ ငြိမ်းအိထွေး၊ ဆွမ်းချက်သောဒါယကာကြီးတစ်ဦး၊ မောင်စိုးလင်အောင်နှင့် ကျောင်းသားတစ်ဦးတို့ဖြစ်ကြပါတယ်.
ဝင်းဝင်းဖယောင်းတိုင်မိသားစုမှ ကိုယ်တိုင်လာရောက် လောင်းလှူကြပါတယ်။
ဝေယျာဝစ္စကိုကျော်မှာ ကားနှင့်ဆိုင်ကယ်တိုက်မိ၍
ကုသိုလ်ကောင်းမှု အကျိုးပေးမှုကြောင့်ခြေထောက်အနည်းငယ်သာ ထိခဲ့ရပါတယ်။
ကိုကျော်အနောက်မှ ထိုင်လိုက်သော ဦးဇင်းတစ်ပါးမှာတော့ ခြေဖနောင့်မှာ ၇
ချက်ချုပ်လိုက်ရပါတယ်။

အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...






0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP