* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 5, 2010

မိန်းခေးရေ

အဲ့ဒီနေ့က မိန်းခေးဆီ
ဖုန်းဆက်ဖြစ်တယ်
“စိမ်းဖန့်ဖန့် မျက်နှာတွေကြား
ပျော်ရဲ့လား အစ်ကို” တဲ့
မေးလိုက်တဲ့ မေးခွန်းပါ။

မိန်းခေးရေ
အစ်ကို ပျော်ပါဘူး
မိသားစုနဲ့ ဝေးနေရတဲ့ဘဝ
ဘယ် နေသားကျတယ်ဆိုတာ ရှိပါ့မလဲ။

မိန်းခေးရေ
နင်က အမေ့လိုပဲ
ပြတ်ပြတ်နဲ့လိုရင်းပြောတယ်
ဒါနဲ့ အမေ့ကို လွမ်းဖြစ်ပြန်ရော။

မိန်းခေးရေ
သတိရတယ်
“အဖေရော နေကောင်းလား” ဆိုတော့
“ကောင်းတယ်..........အငြိမ်မနေတာ ခက်တယ်” တဲ့
ယောက်ဖကလည်း အဲ့လို ပြောဖူးတယ်
ဟုတ်တော့လည်း ဟုတ်တယ်
အဖေက ဆွေမျိုးမက်တယ်
အလှမ်းဝေးတဲ့ ဆွေမျိုးတွေဆီ သွားရတာအမော။

“အဖေစိတ်ချမ်းသာအောင် ထားပါဟ” ဆိုတော့
မိန်းခေးက
“ဟင်း......ဟင်း” တဲ့
အမေ့လို ရွဲ့ရီ ရီတာမလားမသိ
“ထားပါတယ်....ထားပါတယ်” တဲ့
အဖေက ၇၅နှစ်ကျော်ပြီကိုး။

မိန်းခေးရေ
နင်က ကံကောင်းတယ်နော်
အဖေ့အရိပ်အောက်မှာ
အမြဲတမ်းနေခွင့်ရတယ်
ငါကတော့
ဓါးအိမ်မရှိတဲ့ ဓါးတစ်ချောင်းလို
နည်းနည်းနီးလိုက်
ဝေးဝေးရောက်သွားလိုက်
အဝေးရောက်လွမ်းနေခြင်းနဲ့
လွမ်းနေတတ်ပါပြီ။

မိန်းခေးရေ
အဖေနဲ့ မိန်းခေးကို
ငါ လွမ်းတယ်
တစ်ယောက်တည်း ခရီးလွန်သွားတဲ့
အမေ့ကိုလည်း လွမ်းတယ်။


မှတ်ချက်။ ။(ကျနော့် တစ်ဦးတည်းသော ညီမလေးနေတဲ့ရွာမှာ ကိုယ့်အောက်ကညီမလေးကို မိန်းခေး(မိန်းကလေး)လို့ ချစ်စနိုးနဲ့ခေါ်ကြတယ်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP