* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 5, 2010

စင်္ကာပူနိုင်ငံသူ၊နိုင်ငံသားများ Mother of Singapore, Mrs Lee အားဂါရဝပြုနေကြ

လွန်ခဲ့သော စနေနေ့ (၀၂.၁၀.၂၀၁၀)ညနေ(၅း၄၀)တွင် စင်္ကာပူနိုင်ငံကိုတည်ထောင်သူ မစ်တာလီကွန်ယု၏ဇနီး( Kwa Geok Choo)လက်ရှိဝန်ကြီးချုပ်၏မိခင်ကြီးသည် အသက် (၈၉) နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါပြီ ။

အောက်တိုဘာ (၄) ရက်မှ (၅) ရက်နေ့ နံနက်(၁၀း၀၀)မှ ညနေ(၅း၀၀)နာရီအတွင်းနိုင်ငံတော်ပိုင်Istana အဆောက်အဦး၌အသုဘအခမ်းအနားကိုကျင်းပလျက်ရှိပါသည်။ (စုံစမ်းလိုသူများသည် ဖုန်းနံပါတ် (၆၈၃၅၆၆၁၄) ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်။

အောက်တိုဘာ(၆)ရက်နေ့တွင် Mandai Crematorium ၌ မီးသဂြိ င်္ုဟ်မည်ဖြစ်ပါသည်။ မိသားစုဝင်များက လွမ်းသူပန်းခြွေများ ပန်းကုံးများမပို့ရန် တားမြစ်ထားပါသည်။ သူမမှာ ညီအစ်ကိုမောင်နှမ (၈)ယောက်ရှိပါသည်။

၁၉၃၆ နှစ်တွင် မလေးရှားစင်္ကာပူဒေသတစ်ခုလုံးမှ Cambridge တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်သောကျောင်းသူတစ်ဦးဖြစ်ခဲ့သည်။ Rafffles institution တွင် Queen's scholarship ကိုပြိုင်ဆိုင်ရင်းနှင့်မာစတာလီကွန်ယုနှင့်တွေ့ဆုံခဲ့ပါသည်။

ဂျပန်ခေတ်၁၉၄၄ခုစက်တာဘာလလောက်မှာ ချစ်သူများဖြစ်လာခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံး သောအခါ မာစတာလီကွန်ယုသည် အင်္ဂလန်သို့ ဥပေဒေပညာသင်ယူရန်ထွက်ခွာသွားခဲ့သည်။ သူမလည်း နောက်နှစ်တွင် Cambridge တက္ကသိုလ်ကို ပညာသင်ယူရန်ရောက်ရှိသွားခဲ့သည်။

၁၉၄၇ခု ဒီဇင်ဘာ ၂၃ ရက်နေ့တွင် သူတို့နှစ်ဦး အင်္ဂလန်မှာ လျှို့ဝှက်စွာလက်ထပ်ခဲ့ကြသည်။ အဲဒီတုန်းက မစ်တာလီကွန်ယုက ၂၄နှစ်၊ မဒမ် Kwa Geok Choo က ၂၇ နှစ်အရွယ်ရှိခဲ့ကြသည်။ ၁၉၅၀ တွင်စင်္ကာပူကိုပြန်လာပြီးမိဘများ၊ဆွေမျိုးသားချင်းများစုံညီစွာဖြင့်လက်ထပ်ခဲ့ကြသည်။

၁၉၅၉တွင်မာစတာလီသည်နိုင်ငံရေးလောကသို့ရောက်ရှိလာခဲ့သည်။ မာစတာလီကွန်ယု တစ်ခါက ပြောဖူးတာကတော့သူ့ရဲ့ကြီးကျယ်အောင်မြင်မှု့ဟာ ကျနော့်ဇနီးရဲ့ခလေးတွေကို ပြုစုစောင့်ရှောက်နိုင်မှု့က အဓိကနေရာကနေပါဝင်တယ်လို့ပြောဖူးပါတယ်။

၂၀၀၃ခုနှစ်အောက်တိုဘာတွင်လန်ဒန်ကိုသွားလည်ရင်းနှင့်သူမသည်လေဖြတ်ရောဂါခံစားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့်လျင်မြန်စွာပြန်လည်ကျန်းမာလာပြီးခင်ပွန်းသည်နှင့်လက်တွဲကာပြည်တွင်း၊ပြည်ပ၊
နိုင်ငံရေး၊လူမှု့ရေးလုပ်ငန်းများတွင်အားတက်သရော လက်တွဲပါဝင်ခဲ့သည်။ သူမသည် လက်ရှိ ဝန်ကြီး ချုပ်(တတိယမြောက်စင်္ကာပူခေါင်းဆောင်)၏ မိခင်ကြီးလည်းဖြစ်ပါသည်။

မဒမ် Kwa Jeok Choo(မဒမ် လီ) ကောင်းရာသုဂတိလားပါစေ။
အရှင်အရိယဝံသ(သီရိလင်္ကာ)မှပေးပို့သည်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP