* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 13, 2010

ခ်စ္စရာပဋိပကၡမ်ား


နားလည်မှုဆိုတာ လွဲချင်ရင် ရှာကြံပြီးလွဲတာ။

လက်ဖဝါးနှစ်ခုစုံတီးလို့ “ဖြောင်း ဖြောင်း” ဆိုတာ ထွက်ပေမယ့် နားလည်မှုက အဲ့လိုထွက်မလာတတ်ဘူး။ နားလည်မှုဆိုတာ တစ်ဘက်သားကို နားလည်ပေးလိုက်တာ အဲ့ဒီလိုပါလားဆိုတာ ကိုယ့်ကိုယ်ကို သိခွင့်ရ လိုက်တဲ့သဘောပါ။ ကိုယ့်ဘက်က ဘယ်လောက်နားလည်မှုပေးပေး တစ်ခြားတဘက်က အနေအထားကို သိမထားဘူးဆိုရင် တစ်ခါတစ်ရံ စေတနာက ဝေဒနာတွေ အလိပ်လိုက် အလိပ်လိုက်ထပ်ကုန်ရော။ ဖြစ်စေချင်တာနဲ့ ဖြစ်ချင်တာပဲဆိုရင်တော့ မုန်တိုင်းဆိုတာ လေရှိမှ မဟုတ်ဘူးဆိုတာ အဲ့ဒီအချိန်မှာ နားလည်မိတယ်။

တစ်ဘက်သားရဲ့သဘောသဘာဝကို စောကြောနားလည်ခြင်းမရှိရင် သားအဖချင်းကို ဆန့်ကျင်ဘက် ဖြစ်ဖြစ်သွားတယ်။ ကျနော့်အဖေနဲ့ ကျနော့်ကြားမှာလည်း အဲ့ဒီလိုလေးတွေ ရှိခဲ့ဖူးတယ်။ ရှိနေသေးတယ်။ အဖေ့ဘက်က ကြည့်တော့လည်း ဟုတ်နေတာနဲ့ ကျနော်ကပဲ အဖေအလိုကျ ဖြည့်ပေးလိုက်တယ်။ ကျနော်တို့ငယ်ငယ်က ဒီဟာမကြိုက်ဘူး ဟိုဟာမကြိုက်ဘူးဆိုတာတွေကို မငြီးမညူလုပ်ပေးခဲ့တာလေ။ ကျနော့်တို့အလှည့်ကျတော့ အဖေတို့ အမေတို့မကြိုက်ဘူးဆိုတာကို ဇွတ်ကြိုက်စေချင်တယ်။ နားလည်မှု ရပ်ဝန်းဟာ ကျနော်တို့အလှည့်ကျတော့ အဖေတို့ အမေတို့လောက် စိတ်မရှည်ကြတော့ဘူး။

ခုတော့ ကိုယ်ဆန္ဒရှိရာ ကိုယ်ဝယ်ပေးထားတာလေး ဝတ်စေချင်တယ် သုံးစေချင်တယ်။ ဒါပေမယ့် ကျနော့်အဖေက မသုံးဘူး။ အဖေမသုံးရင်လည်း သူများပေးလိုက်လားဆိုတော့လည်း မပေးချင်ဘူး ခက်တာက။ ဒါ ငါ့သားပေးထားတာလေ ဆိုတာကို သိမ်းထားချင်တာ။ အဖေ့အတွက် အသုံးတည့်မယ့် ပစ္စည်းလေးတွေ ကျနော် အဖေ့ကို ဝယ်ပေးလေ့ရှိတယ်။ တခါတရံတော့ အဖေ့ကို စမိတယ်။ အဖေမသုံးရင်တော့ လူလေးကို ပြန်ပေးလိုက်နော်ဆိုတော့ ခု သုံးနေပါတယ် လူလေးရာတဲ့။

ကျနော်ရန်ကုန်က ပြန်လာရင် အဖေကကြားကြားချင်း ကျနော်ဆီလာတယ်။ အဖေနေတဲ့ရွာနဲ့ ကျနော် တည်းတဲ့ရွာက တခြားစီကိုး။ အဖေလာနေအတိုင်း ကုန်းကြောင်း(ခြေလျင်)များတယ်။ အဖေရာ ထွေလာ (လယ်ထွန်စက်နောက်ဆွဲ)နဲ့ လာရင်ပြီးရော အဖေ့အတွက်ပင်ပန်းလိုက်တာဆိုတော့ “ပိုက်ဆံလည်း ပေးရသေး၊ ကိုယ်နားချင်တဲ့နေရာလည်း မနားရဘူး၊ ခြေလျင်က ကိုယ်နားချင်တဲ့နေရာ နားပြီး ပါလာတဲ့ ရေနွေးလေး ကျိုက်လို့ရသေးတယ်”တဲ့။ အဖေပင်ပန်းမှာစိုးလို့ပါဆိုတော့ ကိုယ့်အကြောင်းကိုယ်သိတယ် ဆိုတာနဲ့ ကျနော်ဘာမှဆက်မပြောဖြစ်ဘူး။ ခုထိ အဲ့ဒီအတိုင်းသွားနေတုန်း။ ဟိုတစ်ခေါက်ပြန်တုန်းက သူ့တူ တရုပ်ဆိုင်ကယ်လေးဝယ်ထားလေတော့ သူ့မြေးတွေမောင်းခိုင်းပြီး “လူလေးရေ မကြာပါဘူး ဖွတ် ချွတ်ပဲ” ဆိုပြီး သကျဲ(သွားကျဲ)လေးနဲ့ ပြောလေရဲ့။ ဒီလိုတော့ အဖေက ချစ်စရာ။

တခါက အဖေ့ကို စမိတယ်။ အဖေ ကျနော်မြို့သားနော်လို့။ “လူလေးရ ငါ့သား မြို့သားစစ်ချင်မှစစ်လိမ့်မယ်၊ ငါ့သားမြို့သားဖြစ်တိုင်း အဖေမြို့သားမဖြစ်ပါဘူး။ အဖေက တောသားစစ်စစ်ပဲ။ အဖေမြို့သားဖြစ်လည်း ကိုယ့်တောက လူတွေကိုသိသလို မြို့မှာသိဖို့မလွယ်ဘူး။ လွယ်လည်း လူလေးတို့ မြို့သားဆိုတာတွေက ခပ်ထယ်ထယ်တွေရယ်”တဲ့။ ဟုတ်တော့လည်း ဟုတ်မယ်။ တစ်နှစ်က အဖေ့ကို မြို့မှာ အကြာကြီးခေါ်ထား တော့ အဖေပျော်ရဲ့လားဆိုတော့ “ပျော်ပါဘူး လူလေးရာ လူတွေများသလောက် ကိုယ့်နဲ့သိတဲ့သူ တစ်ယောက်မှမရှိဘူး”တဲ့။ နောက်များတော့ အဖေပျော်သလောက်ပဲ။

ခု ပြောပြချင်တာက အဖေပြောတဲ့ ဖိနပ်ကိစ္စ။ ကျန်တာ ပြန်တိုင်းကျနော်ဝယ်ပေးထားခဲ့တဲ့ အင်္ကျီ နဲ့ပုဆိုးကိုဝတ်တယ်။ ဖိနပ် ကျတော့ သူလိုချင်တာမှာတယ်။ ကျနော်ဝယ်ပေးတာ မစီးဘူး။ ရန်ကုန်မှာ ခေတ်စားနေတဲ့ ဖိနပ်ဝယ်သွားတယ်။ မစီးဘူး။ ကိုယ့်တော ဗွက်နဲ့ အိုင်နဲ့ မဖြစ်ဘူးတဲ့။ ဆင်ကြယ် မြင်းကြယ်ဖိနပ်ဝယ်ပေးတယ် မစီးဘူး။ ခြေထောက်ရုန်းတိုင်း လိုက်နေတယ် ကီးမကိုက်ဘူးတဲ့ လူလေး ဖိနပ်က။ အဖေမှာတာလည်း ကြည့်အုံး ကားတာရာဖိနပ်ကောင်းကောင်းတဲ့။ အဖေ့နယ်ဗျာဆိုတော့ “အိုး လူလေးရဲ့ ဖိနပ်ကောင်းကောင်းတွေက ဆူးရှည်ရင်ကိုယ့်ထိသေးတာ၊ မိုးရွာရင်ပိုဆိုးတယ်၊ လူကြီးဆိုတော့ ချော်လဲ မှာလည်းကြောက်သေးတာ၊ နောက်ဆုံး တရားနာသွားရင်တောင် ကောင်းကောင်း တရားမနာရဘူး။ ကားဖိနပ်ဆိုတော့ တရားနာရတာကို ဖြောင့်လို့” တဲ့။

ဘာပဲဖြစ်ဖြစ် အဖေ့အကြိုက်ပေါ့။ ကျနော်က အဖေ့ ချစ်တာကိုး။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP