* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 13, 2010

လမ်းလျှောက်ပါက ရုတ်တရက် လေဖြတ်ခြင်းမှ ကင်းဝေနိုင်

နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်ခြင်း အလေ့အကျင့်ကို ပုံမှန်ပြုလုပ်ပေးပါက ရုတ်တရက် လေဖြတ်ခြင်းမှ ကင်းဝေစေနိုင်ကြောင်း ဗြိတိသျှ ဆေးသိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားလိုက်သည်။

အထူးသဖြင့် နေ့စဉ် နံနက်ပိုင်း နာရီဝက်ခန့် လမ်းလျှောက်ခြင်းကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူ ပြုသည့်အပြင် ခန္ဓာကိုယ် သွေးလည်ပတ်မှု ကောင်းမွန်စေနိုင်ကြောင်း၊ သွေးအတွင်း အဆိပ်ဓာတ်ထွက်မှုကို ဖယ်ရှားပေးနိုင်ကြောင်း၊ အဆိုပါ ဆေးသိပ္ပံ ပညာရှင်များက ထပ်မံ ပြောကြားသည်။

ညအချိန်တွင် အိပ်စက်အနားယူထားခြင်းကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု ငြိမ်သက်ခဲ့သဖြင့် နံနက်ပိုင်း အိပ်ရာထချိန်၌ လမ်းလျှောက်ခြင်းမှာ အကောင်းဆုံး လေ့ကျင့်ခန်းပင် ဖြစ်ကြောင်း သိရသည်။

နံနက်ပိုင်း လမ်းလျှောက်မှုကြောင့် နှလုံးသွေးကြောများ လန်းဆန်းခိုင်မာပြီး နှလုံး၏လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်စွာ ပြုလုပ်နိုင်ရန် အထောက်အကူပြုစေနိုင်ကြောင်းကိုလည်း အဆိုပါ ဆေးသိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

မင်းစောထက်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP