* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 13, 2010

မန္တလေးရေဘေး-အရေးပေါ် ကူညီကြပါရန်

ရေထဲ ရင်ခေါင်းရောက်အောင် ဆင်းပြီး ထမင်းထုပ်ဝေနေရတဲ့ သံဃာများ

ဆည်တော်ကြီး ရေလှောင်တမံက ရေလွှတ်လိုက်တဲ့အတွက် မန္တလေးက မြရည်နန္ဒာ၊ အောင်ပင်လယ်၊ သမန်းကုန်း စတဲ့ ရပ်ကွက်တွေမှာ ရေကြီးပြီး လူပေါင်းများစွာ ရေဘေးဒုက္ခ ကြုံနေရပါတယ်။ ထမင်းထုပ်တွေ အရေးပေါ် လှူဒါန်းနေရပြီး ထမင်းထုပ်ပေါင်းများစွာ နေ့စဉ် လိုအပ်နေဆဲပါ။

ဆည်ရေကျိုးပြီဆိုပြီး ကြေညာလိုက်ချိန်မှာ လူတွေ အထုပ်တွေ သေတ္တာတွေ ခေါင်းပေါ်ရွက်ပြီး ပြေးကြလွှားကြပါတယ်။ အလောင်း ၁၁ လောင်း တွေ့ထားပါပြီ။ နာရေးအသင်းတွေကို အကြောင်းကြားလိုက်ရပါတယ်။ ဆည်ကျိုးကြောင်း ကြေညာတဲ့ အောက်တိုဘာ ၁၁ ရက် ညက လူတွေ စိုးရိမ်ထိတ်လန့်နေကြလို့ လိုက်ဝေတဲ့ ထမင်းထုပ်တွေကိုတောင် ကောင်းကောင်း မစားနိုင်ကြပါဘူး။

မေတ္တာရှင် ဆရာတော် ၃ သိန်းကျပ်
ဝင်းဝင်း သနပ်ခါး၊ ဖယောင်းတိုင် လုပ်ငန်း - ၅ သိန်းကျပ်

မတည် လှူဒါန်းထားပါတယ်။ ဒီငွေနဲ့ ဆန်တွေဝယ်၊ ထမင်းဟင်းချက်ပြီး ဝေငှလှူဒါန်းနေပါတယ်။ ထမင်းထုပ်က တစ်နေ့ကို လူ ၅၀၀ ကျော်ခန့် ဝေရပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့က လူ ၇၀၀ ကျော်စာ ဝေခဲ့ရပါတယ်။ လှူဒါန်းပို့ဆောင်ရေးအတွက် ဒါယကာ ကိုထွေးက ဟိုင်းလတ်ကားတစ်စီး ကူညီပေးထားပါတယ်။

မန္တလေး မြို့ထဲက စေတနာ၇ှင်တွေလဲ ရေဘေးသင့် မြို့နယ်တွေကို ကားတွေနဲ့ စုရုံးရောက်လာပြီး လိုက်ဝေနေတာ ရှိပါတယ်။

၁၂-၁၀-၂၀၁၀ နေ့က ဆမ်းလောင်းအသင်း ဆွမ်းဒကာ ကိုထက်ရဲ့မိတ်ဆွေ ကိုကျော်ကျော်က ထမင်းထုပ် ၂၀၀ နဲ့ ငါးပိဘူး၊ ကြက်ဥပြုတ်များ လှူဒါန်းပါတယ်။ ၁၂ ရက်နေ့အတွက် ကျန်ထမင်းထုပ်အားလုံးက ဝင်းဝင်းဖယောင်းတိုင်လုပ်ငန်းရဲ့ဒါန ဖြစ်ပါတယ်။

ယနေ့ (၁၃-၁၀-၂၀၁၀) နေ့လယ်စာအတွက် လပ်ကီးသောက်ရေသန့်က ထမင်းထုပ် ၇၀၀ နဲ့ အခြားအလှူရှင်များလဲ ရှိပါတယ်။ ဆွမ်းလောင်းအသင်းက ညနေစာ ဝေပါမယ်။

အရေးကြီး လိုအပ်နေတာက ဝမ်းပိတ်ဆေး၊ ဓာတ်ဆားထုပ်၊ ဖယောင်းတိုင်၊ ဆန်နဲ့ ဟင်းချက်စရာများ ဖြစ်ပါတယ်။ ကလေးတွေ ဝမ်းလျှောနေလို့ ဝမ်းပိတ်ဆေး လိုနေကြောင်း ဆေးမှူးတွေက ပြောပါတယ်။

နောက်ပိုင်း အဝတ်အစားတွေပါ လိုပါမယ်။ ဂျပန်နိုင်ငံ ဘူမိဗေဒ ကျောင်းသားများမှ လှူဒါန်းတဲ့ အဝတ်အစားအိတ်ကြီး ၈ အိတ် မေတ္တာရှင်ဆရာတော်မှတစ်ဆင့် ဦးဇင်း ဦးကောဝိဒထံ ရောက်နေပါပြီ။

လူအား ပစ္စည်းအား အရေးပေါ် လိုအပ်နေပြီမို့ ရေဘေးသင့် ပြည်သူများအတွက် တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီကြစေလိုပါတယ်။
ထမင်းထုပ်ဝေဖို့အတွက် ကိုထွေး ကုသိုလ်ပြုထားတဲ့ ဟိုင်းလပ်ကား



ပုဆိုးခါးတောင်းကျိုက်နှင့် သွားကြလာကြ
ထမင်းထုပ်တွေ ပြိုက်ခနဲကုန်ပြီ

မြန်မာပြည်က စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားတွေ

ထမင်းထုပ်တွေ လက်ခံနေတဲ့ ကလေးမလေး
ဒီလို ဝေရ လှူရပါတယ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP