* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 13, 2010

ပြောင်းလဲခြင်း ဓာတ်ပုံများ



သစ်ပင်ကြီးကြီးလည်း
အရွက်တွေက ပြောင်းလဲသွားတာပဲ




သစ်ပင်သေးသေးလည်း
အရွက်တွေက ပြောင်းလဲသွားတာပါပဲ





မြစ်ကမ်းဘေးဆီက သစ်ပင်တွေလည်း
အရွက်တွေက ပြောင်းလဲရတာပါပဲ





စိမ်းစိမ်းစိုစို သစ်ခက်တွေ ၊
သစ်ရွက်တွေလည်း ပြောင်းလဲ
ရေထဲ မျောရတာပါပဲ


....................................................................


ပြောင်းလဲခြင်း ဓာတ်ပုံများ


ကြည့်သောသူ မြင်၏၊
ဟုတ်၏၊
မကြည့်က မမြင်။

ဒီတစ်ခုကိုပဲ ကြည့်သော်ငြား
အကြည့်မတူက ကွဲပြားပြန်၏၊
ဟုတ်၏။
ကိုယ့်စိတ်ကူးတည့်သလို မြင်ကြ၏

အလှခံစား ကပ်ကြည့်က
အလှကို မြင်မည်။

ဘ၀ထံပါး မှတ်ကြည့်က
ဘ၀ကို မြင်မည်။..

( ကြည့်သောသူ မြင်၏။
ဟုတ်၏
မကြည့်က မမြင်။ )


မှတ်ချက်။ ။ အလိုရှိသလို ကြည့်ရှု ကြပါလေ။

မြတ်ရောင်နီ
( ၁၁ ၊ ၁၀ ၊ ၂၀၁၀ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP