ရေဘေး-လူသားချင်းစာနာမှုအကူအညီ ပေးကြပါရန်
ရေလွှမ်းမိုးခံလိုက်ရတဲ့ ပြင်ဦးလွင် ကားလမ်းဘေး ကျေးရွာတွေက မိသားစုတွေ ဆန်နဲ့ အခြေခံစားကုန်များ အရေးပေါ် လိုအပ်နေပါတယ်။ လူသားချင်းစာနာမှု အကူအညီ ပေးလိုသူများ ဆန်၊ ပဲ၊ ဟင်းချိုမှုန့်၊ ငါးပိ၊ ငရုတ်၊ ကြက်သွန် စသည် မိမိတို့ ဆန္ဒရှိသလို ပေးပို့ လှူဒါန်းကြစေလိုပါကြောင်း နှိုးဆော်လိုက်ရပါတယ်။
ငွေသား ပေးပို့လှူဒါန်းပါကလည်း ဆန် ဘယ်နှစ်ပြည်/ဘယ်နှစ်အိတ်စာ (သို့မဟုတ်) လှူဒါန်းလိုတဲ့ ကုန်ခြောက် အမျိုးအမည်ကို ပြောပြပြီး ပေးလှူရင် ကျေးရွာများသို့ ချက်ချင်း သွားရောက်ဝေငှပေးမှာ ဖြစ်ပါတယ်။
ဝေငှပေးခဲ့တဲ့ လှူဒါန်းမှုများနဲ့ နေ့ရက်၊ လှူဒါန်းမှုမှတ်တမ်း ဓာတ်ပုံများကို အလှူရှင်ထံ ချက်ချင်း ပြန်လည်ပို့ပေးပြီး ဆွမ်းလောင်းအသင်း ဆိုက်မှာလဲ ချက်ချင်း တင်ပြပေးသွားပါမယ်။
ဒီအချိန်မှာ ဆန်တစ်ပြည်ပဲဖြစ်စေ၊ ပဲတစ်ဗူးပဲဖြစ်စေ အလွန်အရေးကြီး လိုအပ်နေပြီ ဖြစ်တဲ့အတွက် မိမိတို့ လှူဒါန်းနိုင်မှုပမာဏ နည်းပါးမှာကို ကြောင့်ကြစရာ မလိုဘဲ ဘယ်လောက်နည်းနည်း တတ်နိုင်သလောက် ရေဘေးသင့် မိသားစုများကို ထောက်ပံ့နိုင်ကြပါတယ်။ ရသမျှ အရေးပေါ် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
လှူဒါန်းလိုတဲ့ ကုသိုလ်ရှင်များ အောက်ပါ စေတနာ့အကျိုးဆောင်များထံ ဆက်သွယ်နိုင်ကြပါတယ်။
ဦးကောဝိဒ (စစ်ကိုင်း) (၀၀၉၅-၉၂၁၁၀၂၀၂) kovida9@gmail.com
ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး၊ မန္တလေး)၊ +9592013811
ကိုရန်အောင် (USA) aungyan@gmail.com
Julydream (စင်ကာပူ) JulyDream0707@gmail.com
မဝါဝါခိုင်မင်း (ရန်ကုန်) nanwarwarmg2009@gmail.com
မဥမ္မာဌေး(ရန်ကုန်) dimpletwo@gmail.com

0 comments:
Post a Comment