* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 3, 2010

ဒုကၡ မ်ားစြာထဲက ဒုကၡတစ္ခု



ဒုကၡ ဒုကၡ



♫ dukkha dukkha.=သုခ သုခ
dukkha dukkha =ဒုကၡ ဒုကၡ
ဘာကိုဆိုလိုတာလဲဘရာ့..နားမလည် လိုက်မမှီကြောင်းပါ...
တပည့်တော်..
မီးမီး..

ဒုက္ခ ဆိုမှတော့ ဒုက္ခပဲပေါ့။
သုခမှ မရှိဘဲကိုး။
ဘ၀ ရှိသရွေ့  ဒုက္ခဝေ့နေမည်သာ။

ပစ္စည်း ချမ်းသာတဲ့ ဘ၀ ဆိုသော်ငြား

မသိသေးသူတို့  သုခ အမှားပို ထင်တတ်သည်။

ဆင်းရဲ သူတို့ က ဒုက္ခပေါ် ဒုက္ခ ဆင့်ကာ

ထင်လွယ် မြင်လွယ်နိုင်ပါသည်။

ဒုက္ခကိုဒုက္ခမှန်း သိအောင်လုပ်ပါလေ။

ဘုန်းဘုန်း

ဒုက္ခ များစွာထဲက ဒုက္ခတစ်ခု

မကြာသေးသော ဟိုတစ်နေ့ လေးကပေါ့။
status message မှာ ဒုက္ခဒုက္ခ ဆိုပြီး ကျောက်တုံးနဲ့ လုပ်
ထားတဲ့
ငိုင်နေတဲ့ပုံလေးကို တင်ထားလိုက်ပါတယ်။ တင်ထားခြင်း အကြောင်းက
လည်း ကိုယ်က လည်း ကိုယ့်အလိုကျ မဖြစ်တဲ့နေ့ တစ်ခုနဲ့  ကြုံမိလို့ 
ဆုံမိလို့ ဆိုပါတော့။


ကိုယ်စဉ်းစားမိတာက သာမန်ကာ လျှံကာလေးပါ။ ကိုယ့်အလိုမကျတာလောက်နဲ့  ဒုက္ခ ဒုက္ခလို့  ပြောဖြစ် ရေးဖြစ်တာပါ။ ခုပြောမှာက ဘုရား ဟောဖေါ်ညွှန်ပြတဲ့ မဟာသတိပဋ္ဌာန်သုတ်ထဲက ဒုက္ခများစွာထဲက ဒုက္ခ တစ်ခုကိုပေါ့။ ယံ ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ ပါဠိ အဖွင့်ပါ။ ဆိုလိုတာက လိုတာ မရ ဒုက္ခ ပေါ့။

ဘုရားရှင် ဟောဖေါ်ညွန်ပြထားတဲ့ လိုတာမရ ဒုက္ခ- က ကိုယ့် စိတ်တိုင်းမကြတိုင်း ဒုက္ခလို့ ညီးတွား တတ်ကြ တဲ့ ဒုက္ခလောက်ကိုသာ ရည်ညွှန်းဟောထားတာ မဟုတ်ပါလား။ ပါဠိတော် ကို ပြန်ပြီး ချဲ့ ပြောထားတာကို ပြန်ကြည့်လိုက်တော့ ကိုယ်ညီးတွားတာဟာ မဆိုစလောက် ဒုက္ခသေးသေးပါ။

ပါဠိတော်က ဆိုလိုတဲ့ လိုတာမရ ဒုက္ခ ဆိုထားတာဟာ-
၁။ဇာတိဆိုတဲ့ သတ္တ၀ါတစ်ခု ဖြစ်လာတယ် ဆိုတာကို အင်မတန်ဆင်းရဲပါလား ၊ ဒုက္ခလို့  မြင်လာပြီး ၊ အဲဒီ ဒုက္ခကို နောက်ထပ် မဖြစ်ရရင် ကောင်းမှာပဲလို့  စိတ်ထဲက လိုချင်တောင့်တ ပြောဆိုရုံနဲ့ မရ။ အဲဒီလို ဒုက္ခကို ဒုက္ခလို့  သိလျက်သားနဲ့  မြင်လျက်သားနဲ့  ဇာတိဆိုတဲ့ ဒုက္ခ၊ ဒုက္ခဆိုတဲ့ ဇာတိ ပြန်ထပ် ရလာတာဟာလည်း လိုတာမရ ဒုက္ခ- တဲ့။

၂။ ဇာတိရလာတော့ မလွဲမသွေ အိုရပါတယ်။ မအိုချင်လို့ ကို မရတဲ့ ဓမ္မတာ ဖြစ်နေတာမို့  အိုရတာပါ။ ပျိုမြစ်ခြင်းရဲ့  လမ်းဆုံးဟာ အိုဖို့ ပါပဲ။ အလှလည်းအို ၊ ဗလလည်းအို ၊ မျက်စိလည်းအို ၊ နားလည်းအို အားလုံး တစ်ကိုယ်လုံး ညီတူညာတူ အိုရတာပါပဲလေ။ အိုတဲ့ ယိုယွင်းတဲ့ အရာကို ဘယ်သူကမှ မလိုချင်တာတော့ သဘာဝပေပဲ။ သို့ သော် အိုရမည့်သဘောကို ငါ ဒီအအိုမရချင်ဘူး၊ ဟိုအအိုကို မရချင်ဘူး၊ နောက်ပိတ်ဆုံး ဘယ်အအိုမှ မရချင်ဘူးရယ်လို့  စိတ်ထဲကတောင့်တောင့်တတ နေရုံနဲ့  အအိုက မလွတ်ပါလား။ အဲလို အအိုမှ လွတ်ချင်လိုက်တာလို့  ပြောမရတာကိုက လိုတာမရ ဒုက္ခပါ။

၃။ဇာတိ ရလာလို့  ပြောပြော၊ ဇရာ ထောင်းထောင်းလို့  ဆိုဆို ဗျာဓိ ဆိုတဲ့ တရားကလည်း မနေ ပေါင်။ လူငယ် လူကြီး မရွေး နာမှု ဖျားမှုက မရှောင် ၊ သူ့ အလုပ်ကို သူ့ လုပ်ဆောင်သွားတာပဲ။ သူလုပ်တဲ့ အလုပ်က မျက်နှာကြီးငယ်ကို မလိုက်ပါလား။

ငါ့နှယ် ငါက ငယ်ငယ် ရွယ်ရွယ် ရောဂါ ထူလိုက်တာ၊ ကြီးမှ ဖြစ်ပါတော့လား၊ ကြီးတဲ့သူကလည်း ငါ ကျန်းမာရေး ဂရုစိုက်ရဲ့ သားနဲ့ ကို ငါ့ ရောဂါ ရလာတယ် လို့ ။ ဘာကြောင့်များပါလိမ့် ဆိုပြီး လူငယ် လူကြီး အသီးသီးဟာ သဘောတရားကို မျက်နှာလွဲပြီး စဉ်းစားရင်တော့ သိပ်ပင်ပန်းလှပါ တယ်။

ရောဂါဆိုတာ ဘယ်သူမှ မဖြစ်ချင်တဲ့ အရာပါ။ သေသာသေလိုက်ချင်တယ်။ ဒီရောဂါကို မခံစားချင်
တော့ဘူးလို့ တောင် ပြောကြဆိုကြသေးတယ်။ တကယ်တော့ သေချင်လို့ မဟုတ်ပါဘူး။ ရောဂါက ပျောက်ကင်းလိုတာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါကလည်း ဒီအတိုင်း ငါ့ ရောဂါမရှိရပါလို၏ လို့  စိတ်ထဲ တောင့်တရုံနဲ့  မရနိုင်တဲ့ လိုတာ မရ ဒုက္ခပါပဲ။

၎။မရဏဆိုတဲ့ သေခြင်းတရားကလည်း ဇာတိ ဖြစ်လို့  မရဏ ပျက်ရတယ် ဆိုတာကတော့ ရှင်းပါ တယ်။ ဗုဒ္ဓကျမ်းဂန် အတော်များများမှာလည်း ယံ ကိဉ္စိ သမုဒယဓမ္မံ ၊ သဗ္ဗံ တံ နိရောဓမ္မံ - ဆိုတာ တွေ့ ရပါတယ်။ ဆိုလိုတာက ဖြစ်သမျှ အားလုံး ၊ ချုပ်ပျက်ဆုံး ၏ လို့  ပြောတာပါ။

သေတာတောင်မှ ငယ်ငယ်ရွယ်ရွယ်သေလျင် ယူကြုံးမရဖြစ်ကြတယ်။ အသက်ကြီးလို့ သေရင်တော့ သေပျော်ပါပြီ။ သက်တမ်းစေ့ပြီပဲ။ သိပ်ဝမ်းနည်းစရာ မလိုပါဘူးလေ- လို့  ဖြေသိမ့်တွေးကြတယ်။

တကယ်တမ်း သေရမည့်ပုဂ္ဂိုလ်က ကိုယ့်အလုပ်တွေ ကျေနပ်အောင်လုပ်ပြီး သေပျော်ပါပြီ လို့  ပြောချင်ပြောကြပါမယ်။ သို့ သော် အဲဒီ သေရမှာကိုတော့ တရားကို တကယ် အဆင့်မြင့်မြင့် မသိသေးရင် တကယ် သေပျော်ပြီ ဆိုသော်ငြား တကယ် အစစ်ပျော်နိုင်တယ်လို့  မထင်မိပါ။

ဓမ္မပဒ ဒေသနာတော်မှာ သဗ္ဗေ ဘာယန္တိ မစ္စုနော- ပါတဲ့။ ဆင်အာဇာနီ ၊ မြင်းအာဇာနီ ၊ နွားလား ဥသဘ နှုင့် ရဟန္တာ အဆင့်မှ တစ်ပါး သေခြင်းတရားကို အားလုံး ကြောက်ကြပါသတဲ့။

ကြောက်တယ်လို့  ယူဆမှတော့ အဲဒီ သေရမှာကို ဘယ်သူမှ လိုချင်မှာ မဟုတ်တာတော့ သေချာပါ တယ်။ သေရမှာကြောက်လို့  သေရမှာကိုလည်း လွတ်ချင်ကြမှာပေါ့။ သေရမှာကိုလည်း စိတ်ထဲက လွတ်ရစေဆိုပြီး ပြောရုံ ဆိုရုံကတော့ မရနိုင်ပါ။ အဲလို မရတာဟာလည်း လိုတာ မရ ဒုက္ခပါပဲ။

၅။လူတိုင်းဆိုသလို စိုးရိမ်စရာ သောက၊ ငိုကျွေးရခြင်း ပရိဒေ၀ ၊
ကိုယ်ဆင်းရဲခြင်း ၊ ပင်ပန်းခြင်း ဒုက္ခ၊
စိတ်ဆင်းရဲခြင်း ဒေါမနဿ ၊
ပြင်းပြင်းထန်ထန်ကို ၀မ်းနဲပက်လက်ဖြစ်ရခြင်း ဥပါယာသ ဆိုတာကို

တစ်ခုမဟုတ် တစ်ခု တွေ့ ရနေတာပါပဲ။

ဘယ်သူမှ စိုးရိမ်မှုတွေ မရှိချင်၊ မငိုချင်၊ ကိုယ်မဆင်းရဲချင် ၊ မပင်ပန်းချင်၊ စိတ်မဆင်းရဲ မပင်ပန်းချင်၊ ၀မ်းနဲ ပက်လက်မဖြစ်ချင်ကြပါဘူး။မလွဲသာ မရှောင်သာ မတိမ်းသာ မယိမ်းသာ ဆိုသလို တွေ့ ကို တွေ့ နေရတာ လူတိုင်းဆိုသလိုပါပဲ။ စီးပွါးရေး ၊ လူမှုရေး၊ ဘာသာရေး ကြောင့်ဖြစ်ဖြစ်၊ ချစ်သူနဲ့ ခွဲခွါရလို့ ဖြစ်ဖြစ်၊ မချစ်တဲ့သူနဲ့ တွဲခါ နေရလို့ ဖြစ်ဖြစ် ၊ တစ်ခုခုသော လိုအပ်ချက်တွေကြောင့် သောက စတာတွေ ဖြစ်လာရတာပါ။

ကောင်းကွက် တစ်ချက်မှ မရှိတဲ့ သောက စတဲ့ အရာတွေကို လူတိုင်းပဲ အလိုမရှိ၊ မတွေ့ ကြုံလိုကြ ပါဘူး။ မဆုံလိုကြပါဘူး ။ အလိုမရှိ ၊ မတွေ့ ကြုံ ၊ မဆုံလိုသော်လည်း တွေ့ ကြရ ဆုံကြရ နေပြန်ပါ တယ်။ အဖြောင့် တိုက်ရိုက် ပြောရရင် အဲဒါတွေက လွတ်မြောက်လိုတယ်ပေါ့။ စိတ်ထဲကနေပြီး ဒီလို သောက ပရိဒေ၀ စတာ တွေကနေပြီး လွတ်မြောက်ရရင် ကောင်းမှာပဲလို့  လိုတာကို ဆုတောင်းရုံနဲ့  တောင်းရုံနဲ့ တော့ မရနိုင်ပါ။ အဲလို ကိုယ်စိတ်ကြံတိုင်း ကိုယ့်အလို မရတာကလည်း လိုတာမရ ဒုက္ခပါပဲ။

ပါဠိတော်မှာ မြတ်စွာဘုရားရှင် ဟောကြားထားတာက တကယ့်ကို နက်ရှိုင်းလှတဲ့ ဒုက္ခ အစစ်ပါ။ ကိုယ်တင် ထားတဲ့ ဒုက္ခ ဒုက္ခ ဆိုတဲ့ အဓိပ္ပါယ်က ကိုယ့်အလိုမကျတဲ့ ဒုက္ခ မွှားမွှားသေးပါလား။

ခုတော့ ဘုရားရှင်ဟောထားတဲ့ အတိုင်း ဒုက္ခများစွာထဲက ဒုက္ခ တစ်ခု
ကို ပြန်လည် သုံးသပ် ကြည့်ရှု
ပြီးတော့ လူအများ သိစေချင်တာနဲ့  ဒုက္ခ
များစွာထဲက ဒုက္ခ တစ်ခု ဆိုပြီး ကိုယ်နားလည်သလို ပြန်ချရေး လိုက်ပါတော့ တယ်။



မှတ်ချက်။ ။ ဒကာမ ဒေါ်မီးမီး ဆိုသူက
ဒုက္ခဆိုထားတာကို နားမလည် ၊ လိုက်မမီကြောင်း

ပြောထားသည်မို့  ကိုယ်ကလည်း စာရေးဖို့ 
အကြောင်းရှာကာ ရေးလိုက်ခြင်းဖြစ်ပါသည်။



ကျမ်းကိုး- ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ် မဟာသတိပဋ္ဌာန်သုတ် ၊ ဒုက္ခသစ္စနိဒ္ဒေသ ဓမ္မပဒ အဋ္ဌကထာ ၊ ဒဏ္ဍ၀ဂ် ၊ ဆဗ္ဗဂ္ဂိယ ၀တ္ထု နှင့် ထိုထိုကျမ်းလာ ကျမ်းဂန်များစွာ

မြတ်ရောင်နီ
( ၃၀ ၊ ၀၉ ၊ ၂၀၁၀ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP