* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 3, 2010

တစ်ခါမြင် စာမျက်နှာများ

ဟူး.............ဆိုတဲ့
သက်ပြင်းချသံတွေ
ဘယ်လောက်ထိ ကြားနေရအုံးမလဲ
ကျနော်နဲ့ ကျနော့်ဝန်းကျင်။

ပြီး...ပြည့်...စုံ ဘဝတဲ့
ဘယ်မှာလဲ
ဘယ်တော့လဲ
ဘယ်နေ့လဲ........
နေ့စွဲပြောင်းနေတဲ့ အဲ့ဒီ လဲ...တွေနဲ့ပဲ
ဘဝဟာ အဖာအထေးကိုဖြစ်လို့။

နေ့ပြန်တိုးတွေနဲ့ ရင်းနှီးထားရတဲ့ဘဝ
ဘယ်မှာ ဘယ်လို ဘယ်နည်းနဲ့
ပျော်မွေ့နေနိုင်မှာလဲ။

ကောင်းကင်ရေ
ကျေှးဇူးပြုပြီး နေဝင်မစောပါနဲ့
အမှောင် ခဏ ခဏကျနေမှာကို
စိုးရိမ်လွန်း...လွန်းလို့ပါ။

သက်တမ်းရှည်ဖို့ ကြိုးစားနေတဲ့ မြွေပွေး
အဆိပ်တွေ များမလာဖို့
တကယ်တော့ ဘဝဆိုတာ
သေမယ့်သူနဲ့
သတ်မယ့်သူ ရှိရင် ပြီးပါတယ်တဲ့
လိုမှမလိုတာ
ဘယ်အရာဟာ ဘယ်လောက်ထိ
မြဲနေမှာမို့လို့လဲ။

ဒါပါပဲ
သမိုင်းမရှိတဲ့ နေ့စွဲကိုတော့
ဘယ်သူမှ စာမျက်နှာ ကျော်မဖတ်ကြဘူး။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP