*အလှည့်*
ဆရာတော် ဦးသုမင်္ဂလ ဟောကြား ဆုံးမတော်မူတဲ့ *အလှည့်* တရားတော် ဖြစ်ပါတယ် ခင်ဗျာ..။ မှတ်သားဖွယ်၊ ဆင်ခြင်ဖွယ်၊ လိုက်နာဖွယ် အဆုံးအမ များစွာနဲ့ အဖိုးမဖြတ်နိုင်တဲ့ တရားတစ်ပုဒ်ပါပဲ။ ဒီ အဆုံးအမ များစွာထဲကမှ ကျွန်တော့်ရင်ကို လှုပ်ခတ်သွားစေတဲ့ အဆုံးအမကတော့ ဆရာတော် လျှပ်တပြတ် မိန့်ကြားလိုက်တဲ့"ကောင်းတဲ့ အကျိုးပေးတွေ မလာသေးဘူး ဆိုရင်တော့ ကိုယ်တကယ် မကောင်းသေးဘူးလို့သာ မှတ်ထားလိုက်ပေတော့"
ဆိုတဲ့ အဆုံးအမပါ။ ကျွန်တော်ဆိုတဲ့ ကောင်ကလည်း ကောင်းတာဆိုလို့ ဘာမှ မယ်မယ်ရရ မလုပ်ရသေးဘူး၊ ကိုယ့်ကိုယ်ကို အထင်ကြီး၊ ကောင်းတာတွေပဲ လိုချင်တတ်တဲ့ ကောင်ဆိုတော့ ဒီအဆုံးအမက heart မထိဘဲ ခံနိုင်ရိုးလား..။ အားလုံးပဲ နာယူကြည်ညိုလို့ လိုက်နာမှတ်သား ကျင့်ကြံကြရအောင် လားဗျာ..။
လေးစားရိုသေစွာဖြင့်
ဖိုးသား

0 comments:
Post a Comment