* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 3, 2010

ဧဟိဘိက္ခု ရဟန်းအဖြစ်ဟာ ဘယ်အဆင့်တန်း ရှိသူများအတွက်လဲ

ဒကာ။ ။ မြတ်စွာဘုရားလက်ထက်၌ ဧဟိဘိက္ခုရဟန်းအဖြစ် ရယူသူများအတွက် အဆင့်အတန်း သတ်မှတ်ချက်များ ထားရှိပါသေးသလား ဆရာတော်၊ စာပေကျမ်းဂန်က ဘယ်လိုများ ဆိုပါသလဲ ဘုရား။
ဆရာ။ ။ အင်း…. ဧဟိဘိက္ခုရဟန်းဆိုတာ တန်ခိုးတော်ဖြင့်ပြီးစီးတဲ့ (ဣဒ္ဓိ မယ) သပိတ်, သင်္ကန်း ပရိက္ခရာမျိုးဖြစ်တယ်၊ ယင်းရဟန်းအဖြစ်မျိုးကို ရရှိဖို့ အဆင့် အတန်း အကြောင်းက သုံးပါးရှိတယ်လို့ မှတ်ရမည်။
၁။ ရှေးဘ၀က ပရိက္ခရာ ရှစ်ပါး ပေးလှူခဲ့ဖူးသူဖြစ်ရခြင်း။
၂။ ယခုလက်ရှိဘ၀သည် (ပစ္ဆိမဘဝိက) နောက်ဆုံးဘဝသား ဖြစ်ရခြင်း။
၃။ ယောက်ျားမြတ်အစစ် ဖြစ်ရခြင်း။
ယင်းအဆင့်အတန်းအကြောင်းသုံးပါးနှင့် ပြည့်စုံရင် မြတ်ဘုရားက ဧဟိဘိက္ခု ခေါ်တော်မူတာနဲ့ ၀ါတော်ခြောက်ဆယ်ရသော မထေရ်ကြီးကဲ့သို့ သင်္ကန်းဝတ်ပြီးသား ဖြစ်သွားတာပဲ၊ စာပေကျမ်းဂန်အဆိုကတော့…..
မြတ်စွာဘုရားသခင်၏ အဖ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးဟာ ဘုရားသခင်၏ ဖခင်အရင်းဖြစ်ကာ ပစ္ဆိမဘဝိကသားဖြစ်ပေမဲ့ ပရိက္ခရာရှစ်ပါး မပေးလှူခဲ့ဖူးလို့ ဧဟိဘိက္ခု ရဟန်းဘ၀ကို မရပဲ လူသားအဖြစ်နဲ့ ပရိနိဗ္ဗာန် ၀င်စံရရှာသည်။
ပက္ကုသာတိ ဘုရင်မင်းတရားကြီးသည် မြတ်စွာဘုရား၏ တရားတော်ကို နာယူကာ အနာဂါမ်ဖြစ်သော်လည်း ပစ္ဆိမဘဝိကသားမဟုတ်သေး၍ မြတ်ဘုရားက ဧဟိဘိက္ခု ခေါ်တော်မမူဘဲ သင်္ကန်းရှာခိုင်းလိုက်ရာ နွားဝှေ့၍ အမှိုက်ပုံထဲမှာ စုတိ ကျသွားရရှာသည်၊ ကဲ…အဲဒါတွေဟာ စာပေက လာတာတွေပဲ ကျေနပ်ရဲ့လား။
ဒကာ။ ။ ဒီလို ကျကျနန သေချာစွာ သိရလို့ ကျေနပ်နှစ်သက်လှပါတယ် ဆရာတော်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP