* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, October 29, 2010

နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ

နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ
နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ
နမော ၀ိဘဇ္ဇ၀ါဒိနော မဟာကာရုဏိကဿ

မဟာကာရုဏိကဿ - ကြီးကျယ်များပြားကရုဏာတရားကို ဝေနေယျာ သတ္တ၀ါတို့ အပေါ်၌ ထားတော်မူပေထသော

မဟာကာရုဏိကဿ - အောက်သံသရာသက္ကာယ၊ အထက်သံသရာသက္ကာယဟု ဆိုအပ်သော သက္ကာယ(၂)ဋ္ဌာနသို့ မကျမရောက်ရအောင် စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊

မဟာကာရုဏိကဿ - ဒုက္ခတိဘုံ၌ခံစားရမည့် ဒုက္ခသစ္စာ၊ သုဂတိဘုံ၌ခံစားရမည့် ဒုက္ခသစ္စာ၊ ဤသစ္စာ(၂)ပါးတို့ကို မခံစားကြရအောင်၊ စောင့်ရှောက်ကယ်တင် မဟာကရုဏာရှင်လည်း ဖြစ်တော်မူပေထသော၊

ဝိဘဇ္ဇ၀ါဒိနော - ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊

ဝိဘဇ္ဇ၀ါဒိနော - ဤကားသဿတလမ်းစဉ်၊ ဤကားဥစ္ဆေဒလမ်းစဉ်ဟူ၍၊ အယုတ်တရား(၂)ပါးတို့ကို ရှောင်ရှားကာ မဇ္ဈိမပဋိပဋာ အကျင့်မြတ်လမ်းစဉ်ကိုသာလျင် ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊

ဝိဘဇ္ဇ၀ါဒိနော - ဤကား ပယ်သတ်ရမည့်အကြောင်းတရား၊ ဤကားသိရုံသာသိရမည့် အကျိုးတရား ဟူ၍၊ ပယ်ရမည့် ပဟာတဗ္ဗခန္ဓာ၊ သိရမည့် ပရိညာတဗ္ဗခန္ဓာတို့ကို ဝေဖန်ပိုင်းခြားကာ ဟောကြားတော်မူလေ့ရှိတော်မူသော၊

သမ္မာသမ္ဗုဒ္ဓဿ - သစ္စာလေးတန် ဓမ္မမှန်ကို ဆရာမကူသမ္ဘူဥာဏ်ဖြင့်၊ ကိုယ်တော်တိုင် ပြည့်စုံစွာသိမြင်တော်မူပြီးထသော၊ ကိုယ်တော်တိုင်ပြည့်စုံစွာသိမြင်တော်မူပြီးသည့် အလျောက် ဝေနေယျသတ္တ၀ါတို့အား ကိုယ်တော်နှင့်မခြားတမူ၊ အလားတူသာလျင် သိမြင်တော်မူစေတတ်သော သဗ္ဗညုတဉာဏပိုင်ရှင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား၊

အမှာကံ - ဘုရားတပည့်တော်၏

နမော - ဦးခေါင်းညွတ်ကျိုး လက်စုံမိုး၍ ရှိခိုးလိုက်ရခြင်းသည်၊

အတ္ထု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။ ။

ဘုရားရှိခိုး အသံဖိုင်


ဓမ္မစေတီဆရာတော် ဘဒ္ဒန္တကောသလ္လ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP