* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, October 29, 2010

“ငရဲပြည်ကို ပြန်ရတော့မယ်”

ပြီးခဲ့သော နှစ်က မြန်မာပြည် ကျေးလက်တောရွာမှ ဆရာတော်တစ်ပါးသည် စင်္ကာပူနိုင်ငံသို့ သူ၏ အသိဆရာ တော်တစ်ပါး၏ ပင့်ဖိတ်မှုကြောင့် အလည်အပတ်ကြွရောက်လာခဲ့သည်။ ထိုဆရာတော်သည် အလွန်အင်မ တန်မှ တိုးတက်သော သန့်ပြန့်သော စင်္ကာပူသို့ ရောက်လာပြီဆိုသည်နှင့်တစ်ပြိုင်နက် သူ့အတွက် အထူးအဆန်း တွေချည်းဖြစ်နေလေသည်။ ထိုဆရာတော်သည် စင်္ကာပူမှ တွေ့ရှိရသော အရာများအပေါ်၌ အထူးအဆန်းဖြစ် မည်ဆိုလျှင်လည်းဖြစ်ကောင်း ဖြစ်ပေရာ၏။ စင်္ကာပူနိုင်ငံသည်ကား မီးနှစ်ဆယ့်လေးနာရီရသည်။ ရေနှစ်ဆယ့် လေးနာရီရသည်။ တိုင်းပြည်ကားသပ်ရပ်သည်။ လှပသည်။ လူတွေကြည့်လိုက်လျှင်လည်း တောက်ပြောင် နေလေသည်။ လေဆိပ်ကြီးသည်ကားလည်း အလွန်အင်မတန်မှ ခမ်းနားလှသည်။ အလွန်အင်မတန်မှ ကြီးမား သော လေယာဉ်ကြီးများကိုလည်းတွေ့ရသည်။ မိနစ်တိုင်း နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နေသည်ကို တွေ့ရလေသည်။ မြေအောက်ရထားများကိုလည်း တွေ့ရပေသည်။ နောက်ထူးဆန်းသောအရာတစ်ခုသည်ကား မြန်မာ ဒါယကာ ဒါယိကာမများကပ်ကြသော ဆွမ်း ဆွမ်းဟင်းများပင်ဖြစ်သည်။ တစ်သက်မမေ့စရာ အလွန် အင် မတန်မှ ကောင်းလှပေသည်။ ဆရာတော်၏ ပတ်ဝန်း ကျင်နှင့်ယှဉ်လိုက်လျှင် စင်္ကာပူသည်ကား အလွန်တိုးတက် နေသော တိုင်းပြည်တစ်ပြည်ဖြစ်နေလေသည်။ သို့ဖြစ်သဖြင့် ဆရာတော်သည် စင်္ကာပူမှာ သုံးလကြာ သီတင်း သုံးနေထိုင်နေစဉ် ကျောင်းအတွင်းဝယ် ကုတ်နေသည် ဟူ၍မရှိပါ။ နေ့စဉ် အပြင်ထွက်ကာ ထူးဆန်းသော အရာ များကို လေ့လာလေ့ရှိသည်။ မှတ်သားလေ့ရှိသည်။ ဒီလိုနှင့် သီတင်းသုံးနေထိုင်လာခဲ့ရာ သုံးလပြည့်၍ မြန်မာပြည်ကို ပြန်ရမည့်နေ့တွင် ဆရာတော်သည် စင်္ကာပူမှ ကျောင်းထိုင်ဆရာတော်ကို အောက်ပါအတိုင်း မိန့် ကြားတော်မူခဲ့လေသည်။
“ယနေ့ တပည့်တော်တော့ နတ်ပြည်ကနေ လူပြည်၊ လူပြည်ကနေ ငရဲပြည်ကို ပြန်ရတော့မယ်၊အော် ၀မ်းတောင် နည်းမိပါတယ်ဆရာတော်ရယ်”ဟူ၍ပင်ဖြစ်သတည်း။
ရှင်းလင်းချက်
နတ်ပြည်ဟူသည်ကား စင်္ကာပူနိုင်ငံကိုဆိုလိုသည်။ လူပြည်ဟူသည်ကား မြန်မာပြည်ပင်ဖြစ်သည်။ ငရဲပြည်ဟူ သည်ကား အသွားရခက် အနေရခက်သော အလွန်အင်မတန်မှ တောကျသော ဆရာတော်၏ မဖွင့်ဖြိုးသေးသော ဇာတိရွာလေးကိုပင် ဆိုလိုရင်းဖြစ်ပေသည်။ “အော် ဆရာတော်၏ စကားသည်ကား အလွန်ပင် အဓိပ္ပာယ်လေးနက်လှပေ၏။ တော်တော်လေးပင်မှတ်သားဖွယ်ကောင်းလှပေ၏”။
1 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP