* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, October 29, 2010

စင်္ကာပူ ဇယမင်္ဂလာမိုးကုတ်ရိပ်သာတွင် ယခုအပါတ်စနေ၊တနင်္ဂနွေအထူးတရားစခန်းပွဲ



စင်္ကာပူနိုင်ငံ၌ပထမဆုံးရက်ရှည်မိုးကုတ်တရား(သိ-ပယ်-၊ဆိုက်-ပွား)နည်းဖြင့်မန္တလေးမြို့မိုးကုတ်

ဌာနချုပ် (မင်္ဂလာဝိပဿနာဓမ္မရိပ်သာ)ဆရာတော်ဘဒ္ဒန္တ္ကဣန္ဒက၊ဒုတိယဆရာတော်အရှင်ပညာစက္က

(မိုးကုတ်မြို့)နှင့်ဇယမင်္ဂလကျောင်းတိုက်များ၏နာယကချုပ်ဒေါက်တာအရှင်ဝိစိတ္တတို့ပူးပေါင်း

ဖွင့်လှစ်လျက်ရှိသောစင်္ကာပူဇယမင်္ဂလမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌အားထုတ်လျက်ရှိသော ယောဂီများ

သိ၊ပယ်၊ဆိုက၊်ပွား၊ နည်းလမ်းများထိုးထွင်းသိမြင်ကြရပေပြီ။

ယခုသီတင်းကျွတ်လပြည့်နေ့နှင့်တနင်္ဂနွေနေ့များ၌တစ်မူထူးခြားဇယမင်္ဂလဗုဒ္ဓဝိဟာရကော်မတီ၏


ပင့်ဆောင်မှု့ဖြင့်ကြွရောက်သီတင်းသုံးလျက်ရှိသော(ရင်တွင်းငြိမ်းဆရာတော်-အရှင်ဥတ္တရသာရ)၏

မရိုးနိုင်သောတရားတော်များနှင့်အတူမိုးကုတ်ဆရာတော်ဘုရား၏ဝိပဿနာတရားများကို

ပုံမှန်အတိုင်းတရားစခန်းရှိမည်ဖြစ်ပါသောကြောင့်လေ့လာဆန်းစစ်ကျင့်ကြံလိုသူများမပျက်မကွက်

ပါဝင်အားထုတ်ကြဖို့ ဖိတ်ခေါ်အပ်ပါသည်။

နေ့ရက်။ ။ ၃၀-၁၀-၂၀၁၀(စနေနေ့ ) ၃၁-၁၀-၂၀၁၀(တနင်္ဂနွေနေ့)

အချိန်။ ။ နေ့လည် (၁ )နာရီမှာ ( ၆း၃၀ )အထိ

နေရာ။ ။ ဇယမင်္ဂလာ မိုးကုတ်ဝိပဿနာရိပ်သာ စင်္ကာပူနိုင်ငံ

Ph-6778 1678


(စင်္ကာပူနိုင်ငံ ဇယမင်္ဂလာ ဗုဒ္ဓဝိဟာရ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ ဝါတွင်း(၃)လ တရားစခန်း များကိုပို့ချသင်ကြားလေ့ကျင့်လာခဲ့ကြ၍ ပန်းတိုင်ရောက်ခဲ့ပါပြီ။)

ယခုသီတင်းပတ်(စနေ၊တနင်္ဂနွေ) နေ့တွေမှာတော့ တစ်မူထူးပြီးတော့ သင်ကြားပေးမှာဖြစ် ပါတယ်။ များပြားလှသော ပါရမီရှင်ယောဂီများနှင့် ကျွေးမွေးဧည့်ခံရေး အလှုရှင်များကလည်း တက်ညီ လက်ညီရှိကြပါတယ်။
ဒေါ်နီ၊ ဒ်ါသန်းသန်း၊ဒေါ်မြင့်မြင့်သန်း၊ဒ်ါအေးအေးသော်၊ ဒေါ်စုစု အောင်နှင့်မိတ်ဆွေတွေဟာ သံသရာအဆက်ဆက်က တော်စပ်ခဲ့ကြသော ညီအစ်မတွေလိုပဲ မမော နိုင်မပန်းနိုင်ပဲစင်္ကာပူ မိုးကုတ်ရိပ်သာကြီးအတွက် သာသနာပြုနေကြတာ မြင်ရ သူတွေ အဖို့ မချီး ကျူးပဲမနေနိုင်ပါ ။

အကြောင်းညီညွတ်တဲ့ ယောဂီများ ပါဝင်ကျင့်ကြံအားထုတ်နိုင်ကြပါတယ်။


ဓမ္မကထိကများ။ ။ ဆရာတော် ဦးပညာစက္က(မန္တလေး)
ဆရာတော်ဦးဥတ္တရသာရ (ရင်တွင်းငြိမ်း ဆရာတော်)
ဆရာတော် ဦးဝိစိတ္တ (စင်္ကာပူ)
ဆရာတော် ဦးဇဝန( အိန္ဒိယ)

မှတ်ချက် လာမည့်စနေနေ့ တရားစခမ်းပွဲတွင် အလှူ့ဒါယကာများက မုန့် အအေး အဖျော်ယမကာများဖြင့် လှူဒါန်းပါမည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP