ကိုယ့်အထွာနဲ့ကိုယ်ပေါ့
အခါတစ်ပါး၌ ကြောင်လိုက်၍ပြေးလာသော ကြွက်တစ်ကောင်နှင့် မုတ်ဆိုးလိုက်၍ပြေးလာသော
ဆင်တစ်ကောင်တို့ တွေ့ကြရာ တစ်ကောင်နှင့် တစ်ကောင်စကားလက်ဆုံကျကြလေတော့သည်။
ဆင်တစ်ကောင်တို့ တွေ့ကြရာ တစ်ကောင်နှင့် တစ်ကောင်စကားလက်ဆုံကျကြလေတော့သည်။
ဆင်ကြီး ပြောလိုက် ပုံက ငါ့မှာ မုတ်ဆိုးလိုက်လို့ပြေးလိုက်ရတာ တစ်ထွာလောက် စုတ်သွားတာ
ပဲတဲ့။ ကြွက်ကလည်းငါမှာ လည်း ကြောင်လိုက်လို့ပြေးရင်းနှင့် ဟိုငြိ ဒီငြိနဲ့ တစ်
ထွာလောက် စုတ်သွားတာပဲတဲ့။ သူ့အထွာနဲ့ သူမှန်တော့ မှန်နေတာပဲ။ ဘယ်သူ့အထွာက ကျယ်သလဲ
ဆိုတာ ခန့်မှန်းကြပေတော့။
ပဲတဲ့။ ကြွက်ကလည်းငါမှာ လည်း ကြောင်လိုက်လို့ပြေးရင်းနှင့် ဟိုငြိ ဒီငြိနဲ့ တစ်
ထွာလောက် စုတ်သွားတာပဲတဲ့။ သူ့အထွာနဲ့ သူမှန်တော့ မှန်နေတာပဲ။ ဘယ်သူ့အထွာက ကျယ်သလဲ
ဆိုတာ ခန့်မှန်းကြပေတော့။
လူဆိုတာ သူ့အကျိုးပေးနဲ့သူဆိုတာအမှန်ပါပဲ။ စာရေးသူသည် မည်သည့်အရာကိုမှ အလွယ်တကူမရ
ခဲ့ဘူးသေးပါ။ အမြတ်ဆုံးသာသနာဘောင်ကိုရောက်ခဲ့သော်လည်း စွန့်စားခဲ့ရသည်။ မနားမနေ
ခဲ့ဘူးသေးပါ။ အမြတ်ဆုံးသာသနာဘောင်ကိုရောက်ခဲ့သော်လည်း စွန့်စားခဲ့ရသည်။ မနားမနေ
ကြိုးစားရသည်။အသက်နှစ်ဆယ်လောက်မှ မျိုးရိုးမှာလည်းမရှိတဲ့ သာသနာ့ဝန်ထမ်း အဖြစ်ကိုခံ ယူခဲ့တော့လည်း ဘာမှအဆင်ပြေတာမတွေ့ခဲ့ပါ။ မဖြစ်ဖြစ်အောင်သာလုပ်ခဲ့ ရပါတယ်။ အများတွေသိပ်ခက်တဲ့ စာမေးပွဲတွေကိုတစ်ပွဲပြီးတစ်ပွဲအောင်မြင် ပြင်ဆင်ခဲ့တယ်။ အများတကာလို ဦးလေးဘုန်းကြီးကျောင်း၊ရွာကဘုန်းကြီးကျောင်း၊ဆရာအမွေပေးလို့ရတဲ့ကျောင်းဆိုတာလည်းကြား
ပင်မကြားဘူးပါ။ အကြောင်းတရားကြောင့်အကျိုးတရားဖြစ်တယ်လို့ဆိုရမလား?
မိုးလွန်မှ ထွန်ချပြောရမလား မသိ၊ အကုန်မှန်လောက်ပါတယ်။
ပင်မကြားဘူးပါ။ အကြောင်းတရားကြောင့်အကျိုးတရားဖြစ်တယ်လို့ဆိုရမလား?
မိုးလွန်မှ ထွန်ချပြောရမလား မသိ၊ အကုန်မှန်လောက်ပါတယ်။
ဗုဒ္ဓစာပေမူလတန်း၊ ပဌမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ဓမ္မာစရိယတန်း၊ သာသနာ့တက္ကသိုလ်၊ဓမ္မာစရိယတန်းတို့အပြင၊် ဘီအေ စသည်သာမက မိမိတို့ဒေသမှ မကြားဘူးသော နိုင်ငံခြားကိုသာသနာပြုပညာတော်သင်စသည်အလီလီကြံစည်အားထုတ်ခဲ့လေသည်။ နိုင်ငံခြားသာသနာပြုကျောင်းတော်မှာ သင်တန်းဖြစ်လာခဲ့သော်လည်း အချို့က ပြောလာကြတယ်။ '' ဘာလုပ်ဖို့လာတက်တာလဲ? ကိုယ်ဒေသမှာ ကိုယ်နေသင့်တယ်'' စသည်ဖြင့် အမျိုးမျိုးပါပဲ။ ဒါပေမဲ့ ရာဟုလာက နောက်ဆုတ်ရိုးထုံးစံမရှိ။
၂၀၀၀ ခုနောက်ပိုင်းနိုင်ငံခြားရောက်လာတဲ့အခါ " ဘယ်တော့ပြန်သွားမလဲ၊ ရောက်ဖူးရင် နောက်မလာ
နဲ့တော့။ နိုင်ငံခြားမှာနေချင်ရင် ပါရမီရှိမှရမယ်စသည်ဖြင့် အပေါ်စီးကပြောတာကိုလည်းခံခဲ့ရပါတယ်။ မှတ်မိပါသေးတယ်။ တစ်ခါမှာ မိမိက Bus 30 Tampanies MRT ရောက်ကြောင်းပြောမိလို့ အရှင်ဘုရား ခုတောင် ဗီဇာမကုန်သေးလားလို့ ချက်ချင်းငေါက်တာကိုလည်း ခံလိုက်ရပါတယ်။ယခုဘ၀ အကြောင်း အခန်းလိုက်တင်ပြနေတာ စင်းလုံးချောအပြစ်ကင်းတယ်လို့ ဘယ်ရှိမပါ့လဲ။လူဆိုတာ ဒီလိုပဲပြုပြင် သွားရတာပါပဲ ။ရှေးဟောင်းနှောင်းဖြစ်တွေကို သင်ခန်းစာယူခဲ့ရပါတယ်။
အိန္ဒိယကကြွလာတဲ့ ဘုန်းကြီးတစ်ပါးအတွက် စင်္ကာပူကကျောင်းတစ်ကျောင်းမှာ တစ်ရက်နှစ်ရက်တည်းခိုဘို့ ရောက်နှင့်ပြီးတစ်ပည့်တစ်ဦးနှင့် စီစဉ်ထားခဲ့ပေမယ့် တကယ်ရောက်လာတဲ့အခါ တံခါးးဖွင့်မပေးလို့ ကျောင်းခြံစည်းရိုးနားမှာညအမှေင်ထဲ ငုတ်တုတ်ထိုင်နေခဲ့ကြရတယ်။ ရာဟုလာချက်ချင်းဆုံးဖြတ်လိုက် ကာ သီရိလင်္ကာ ဘုန်းကြီးတွေဟာ ပိုပြီးသဘောကောင်းတယ်။သွားပြောရင်ရလောက်တယ်ဆိုပြီး တက္ကစီဖြင့် လိုက်သွားကြတယ်။ စိန်မိုင်ကယ်ကျောင်းက ကုလားဘုန်းကြီးကလက်ခံပေးပါတယ်။
သူတို့လက်မခံတာသူတို့ရွေးချယ်ပိုင်ခွင့်ပါပဲ။ကိုယ်ကလည်းသူတို့ကိုဘာမှလုပ်ပေးဘူးတာမရှိခဲ့ပါဘူး။
ဘဝလမ်းခရီးမှာ ရွေးချယ်စရာ လမ်းတစ်ခု ပဲရှိတယ်။ ကိုယ့်အားကိုယ်ကိုးရုံပါပဲ။ဒါက ကိုယ်အတွက် တစ်ခုတည်းသောလမ်းစဉ်ပါ။ ပဋ္ဌာန်းနည်းနဲ့ဆက်စပ်လိုက်ရင်တော့ နတ္ထိပစ္စည်း၊ ဝိဂတပစ္စည်း- ကင်းပြီးတော့ ကျေးဇူးပြုတတ်တယ်စသည်ဖြင့်သဘောပေါက်လိုက်ရင်လောကကြီးမှာ အားလုံးဟာကျေးဇူးရှင်တွေ ပဲဖြစ်ကြပါတယ်။
မြန်မာရဟန်းတစ်ပါးအနေဖြင့် နိုင်ငံခြားမှား ပညာသင်ဘို့ဆိုတာ စိတ်မကူးရဲစရာပါ။ ရှိတဲ့ဒေါ်လာ
(u$1000)လောက်လေးနဲ့ ချွေချွေတာတာရပ်တည်ခဲ့ရပါတယ်။ computer နှင့်ဖုန်းဆိုတာ မသုံးနိုင်ခဲ့ပါဘူး။ ပညာသင်ထောက်ပံ့ရေးအသင်းဆိုတာလည်း ကိုယ့်အတွက် အရေးမပါ ။ Buddhist and Pali University
မှာ MA တက်တဲ့နှစ်က စက်တင်ဘာမှာ စဖွင့်တဲ့ course မို့ပညာသင်အထောက်အပံ့ နာမည် မျှသာရကြသည်။ နောက်နှစ် Kelaniya University မှာ MA တက်တဲ့အခါ BPU တက္ကသိုလ်မှာ အထောက်အပံ့ရဖူးပြီးသားဖြစ်လို့ စာရင်းထဲမှာ မပါပြန်။ ငွေသုံးစရာမရှိလို့ ရှိတဲ့ရေခဲသေတ္တာကိုရောင်းခဲ့ရာ ပညာသင်ထောက်ပံ့ရေးအဖွဲ့က အလှုရှင်တစ်ဦးက ဈေးသုံးပုံတစ်ပုံလောက်သာ ပေးဝယ်ပြီး သီဟိုဠ်ကျောင်းမှာလှုဒါန်းသွားသေးတယ်။
ယနေ့ရာဟုလာထောက် ပံ့လှုဒါန်းနေသော ကိုလံဘိုကျာင်းတိုက်နှင့် ဆက်စပ်သူတွေဟာ မိမိတို့အပေါ်မှာ သိပ်ရက်စက်ခဲ့ကြပါတယ်။ ကျဉ်းမြောင်းတဲ့နေရာမှာလာခဲ့ကြတာမို့လားမသိ သိပ်ပြီး အယူသည်းကြ၊ ကျဉ်းမြောင်းကြပါတယ်။ သူတို့ရဲ့သစ္စာခံတပည့်မဟုတ်ရင် သိပ်ဒုက္ခပေးတတ်ကြတယ်။ ဒီနေ့ အဲဒီပုဂ္ဂိုလ်တွေ ဗေဒင်စကားနဲ့ပြောရရင် မြေလူးကိန်းဆိုက်သွားကြပါပြီ။ ဒါလည်း ကိုယ့်လမ်းကိုယ်သွားကြရတာမို့ စိတ်မကောင်းဖြစ်စရာမရှိပါ။ သတ္တဝါကောင်းမကောင်း အကြောင်းကံက စီမံပါသည်။(ဆက်ရန်)

0 comments:
Post a Comment