* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 9, 2010

B.A. Program (ဘီအေတန်း)

မာတိကာ
၁။ ရည်ရွယ်ချက်၊
၂။ B.A. ၀င်ခွင့်ရရန် အနည်းဆုံးလိုအပ်သောပညာအရည်အချင်း၊
၃။ ၀င်ခွင့်ရယူခြင်း၊
၎။ ပညာသင်နှစ်နှင့် ပြဌာန်းဘာသာရပ်များ၊
၅။ B.A. ဘွဲ့ရရှိခြင်း၊
၆။ ဘွဲ့အပ်နှင်းခြင်း၊

၁။ ရည်ရွယ်ချက်
Sitagu International Buddhist Academy သည် ဗုဒ္ဓတရားတော်ကို ထေရ၀ါဒနည်းကျကျဖြန့်ချိရန် ရည်ရွယ်သည့်အားလျော်စွာ B.A. Program ကိုလည်း ထိုရည်ရွယ်ချက်အတိုင်း ရေးဆွဲ အကောင်အထည်ဖော်သည်။

၂။ ၀င်ခွင့်ရရန်အနည်းဆုံးလိုအပ်သော ပညာအရည်အချင်း

(က) အခြေခံပညာအထက်တန်းစာမေးပွဲအောင်မြင် ပြီး၊ S.I.B.A. မှကျင်းပသော English နှင့် ဗုဒ္ဓဓမ္မ Diploma (Advanced) တန်းများကို အောင်မြင်ခြင်း၊
(သို့မဟုတ်)
(ခ) ပထမကြီးတန်းအောင်မြင်ပြီး၊ S.I.B.A. က ကျင်း ပသော English နှင့် ဗုဒ္ဓဓမ္မ Diploma (Advanced) တန်းများကို အောင်မြင်ခြင်း၊
(သို့မဟုတ်)
(ဂ) ဓမ္မာစရိယဘွဲ့ရရှိပြီး၊ S.I.B.A.က ကျင်းပသောအရည် အချင်းစစ်စာမေးပွဲကို အောင်မြင်ခြင်း၊
(ဃ) ပြည်တွင်းပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး၊ S.I.B.A. ကကျင်းပသော ပညာအရည်အချင်းစစ် စာမေးပွဲကို အောင်မြင်ခြင်း၊

၃။ ၀င်ခွင့်ရယူခြင်း၊

အထက်ပါပညာအရည်အချင်းနှင့်ပြည့်စုံသော ကျောင်းသား/ကျောင်းသူတို့သည် Registration ရုံးသို့ ကိုယ်တိုင်သွား ရောက်၍ အောက်ပါ အချက်အလက်များကို ကိုယ်နှင့်တပါတည်း ယူဆောင်လျက် ပုံစံသွင်းကြရမည်။
(က) အမှတ်စဉ်-၂-(က, ခ, ဂ, ဃ)ပါ စာမေးပွဲအောင် လက်မှတ်မူရင်းနှင့် အမှတ်စာရင်း၊
(ခ) Passport Size ဓာတ်ပုံ (၄)ပုံ၊
(ဂ) သာသနာဝင် (သို့) သာသနာ့နွယ်ဝင် (သို့) Valid Passport and Visa မူရင်း၊

၎။ ပညာသင်နှစ်နှင့် ပြဌာန်းဘာသာရပ်များ၊

B.A. သင်တန်းကာလကို ၄-နှစ် သတ်မှတ်ထားသည်။ တစ်နှစ်လျှင် စာသင်ချိန်(၉)လ သတ်မှတ်ထားသည်။ ဤ S.I.B.A.၌ Supplementary or Re-exam လုံးဝမရှိပါ။ B.A. တန်းအတွက် ပြဌာန်းထားသော Subjects တို့ကို Courses of Studies စာအုပ်၌ လွယ်လင့်တကူ ရှာဖွေဖတ်ရှုနိုင်ပါသည်။

၅။ B.A. ဘွဲ့ရရှိခြင်း၊
B.A. စာမေးပွဲများကို တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပပြု လုပ်မည်ဖြစ်ပြီး B.A. ဘွဲ့ကို အောက်ပါအရည်အချင်းနှင့်ပြည့်စုံ သူ ကျောင်းသား/ကျောင်းသူများအား အပ်နှင်းမည်ဖြစ်သည်။
(က) နှစ်စဉ်ကျောင်းတက်ချိန် ၇၅% အနည်းဆုံးရှိရမည်။
(ခ) စာမေးပွဲများ၌ ရမှတ်အနည်းဆုံး ၄၅% စီရှိရမည်။
(ဂ) B.A. သင်တန်းမှ ဘာသာရပ်တိုင်းအတွက် Seminar (သို့) Presentation (သို့) Internal Exam တစ်နှစ်လျှင်သုံးကြိမ်၊ တစ်ကြိမ်လျှင် စုစုပေါင်း အမှတ်(၂၀)စီပေး၍ကျင်ပးပြီး ထိုမှရသောပျမ်းမျှ အမှတ်နှင့် အတန်းတင်စာမေးပွဲကို စုစုပေါင်းအမှတ် (၈၀)ပေး၍ ကျင်းပပြီး ထိုမှရသောရမှတ်ကို ပေါင်းယူကာ စုစုပေါင်းရမှတ် အနည်းဆုံး ၄၅% ကို အောင်မှတ်အဖြစ်သတ်မှတ်သည်။

၆။ ဘွဲ့အပ်နှင်းခြင်း၊
အမှတ်(၅)ပါဝင်သော အရည်အချင်းများနှင့် ပြည့်စုံသော ကျောင်းသား/ကျောင်းသူများကို B.A. ယာယီအောင်လက်မှတ်နှင့် အမှတ်စာရင်းထုတ်ပေးထားပြီး တက္ကသိုလ်ကကျင်းပသော ဘွဲ့နှင်းသဘင်၌ ဘွဲ့လက်မှတ်များကို အပ်နှင်းမည်ဖြစ်သည်။ ဘွဲ့လက်မှတ်များကို လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ တဆင့်သော်လည်းကောင်း ထုတ်ယူနိုင်သည်။

Undergraduate B.A Degree on Buddhism
Subjects: The subjects are divided intio two as major and minor.

Major Subjects


(a) Vinaya
(b) Suttanta (selected suttas)
(c) Abhidhamma ( Manual of Abhidhamma)
(d) Patipatti (The path of purification)
(e) Pali (Pali Grammar)
(f) English (High school English Grammar)
Minor Subjects
(a) History of Buddhism (Myanmar, Sirilankar, India etc)
(b) Buddhist Culture and Arts
(c) Buddhist Philosophy (Samayantara) India Philosophy

Note: All subjects are curried out with English. ( ဘာသာရပ် အားလုံးတွက် အင်္ဂလိပ်စာကို မီဒီယာ အဖြစ် အသုံးပြုထားသည်။

Levels


First Year
Second Year
Third Year
Fourth Year

M.A Degree on Buddhism (အမ်အေ) တန်းတို့၏ Program များကို ဖော်ပြသွားပါမည်။
အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။

သီတဂူစတား
၈-၉-၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP