* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 9, 2010

“မမြဲသော ပုထုဇဉ်တို့၏ သဒ္ဓါတရား”

တစ်ခါက ခရီးသည်တင်သင်္ဘောတစ်စီးသည် ဧရာဝတီမြစ်ကြောင်းအတိုင်းစုန်းဆင်းလာလေသည်။ ပုဂံညောင်ဦး မြို့အနီးရောက်သောအခါ ထိုသင်္ဘောကြီးသည် ရုတ်တရက်တိမ်းမှောက်သွားရာ ခရီးသည်များသည် ကယ်ပါယူပါ တစာစာဖြင့် အော်ဟစ်ကြလေသည်။ ထိုအထဲတွင် ဒါယကာတစ်ဦးသည်ကား
“ရွှေစည်ခုံဘုရားကြီးကယ်တော်မူပါဘုရား၊ တပည့်တော်၏ အသက်ကို ကယ်လျှင် ရွှေပြားသုံးပြား လှူပါမည် ဘုရား” ဟု ထူးဆန်းစွာ အော်နေလေသည်။ “အော် ဒါယကာတော်သည်ကား မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်ကြီးကိုပင် လာဘ်လာဘဖြင့် မျှားပြီး ကယ်ခိုင်းနေပြန်ပြီ”။ ထို့သို့အော်ရင်း ဒါယကာတော်သည် ကံအား လျှော်စွာပင် သစ်တုံးတစ်တုံးကို ရရှိသွားလေသည်။ ထို့သို့ ဒါယကာတော်သည် သစ်တုံးကို ရရှိသွားသောအခါ
“ရွှေစည်ခုံဘုရားကြီးကယ်တော်မူပါဘုရား၊ တပည့်တော်၏ အသက်ကို ကယ်လျှင် ရွှေပြားနှစ်ပြားလှူပါမည်ဘု ရား”ဟုလျှောက်ထားပြန်သည်။ သို့သော် နဂိုက ရွှေပြားသုံးပြားလှူမည်ပြောသော ဒါယကာတော်၏ စေတနာ သည်ကား အဘယ့်ကြောင့်ရယ်မသိ တစ်ပြားလျှောက်သွားလေပြီ၊
ဒါယကာတော်သည် ကယ်ပါယူပါ တစာစာ အော်ရင်း ကမ်းခြေ၏အနီးအနားသို့ ရောက်လာလေသည်။ထိုအခါ ဒါယကာတော်အော်လိုက်သည်ကား
“ရွှေစည်ခုံဘုရားကြီးကယ်တော်မူပါဘုရား၊ ဘုရားတပည့်တော်၏ အသက်ကို ကယ်လျှင် ရွှေပြားတစ်ပြားလှူပါ မည်ဘုရား၊”ဟု လျှောက်ထားပြန်လေသည်။ ရွှေစည်းခုံဘုရားကြီးကို လှူမည်ဖြစ်သော ရွှေပြားသည်ကားတစ် ပြားသာကျန်တော့လေသည်။
ထိုသို့အော်ဟစ်ရင်း ကူးလာရာ အဆုံးတွင် ကမ်းခြေသို့ ရောက်ရှိသွားလေတော့သည်။ ထိုအခါ ဒါယကာတော် ရွှေစည်းခုံဘုရားကြီးကို လျှောက်ထားလိုက်သည်ကား
“အို ရွှေစည်းခုံဘုရားကြီးဘုရား တပည့်တော်အရှင်ဘုရားကို ရွှေပြားလှူမယ်လို့ လျှောက်ထားမိတာဟာ ယောင်ပြီး လျှောက်ထားမိတာပါဘုရား”ဟူ၍ပင် ဖြစ်သတည်း။ ဒါကြောင့်လည်း မြတ်ဗုဒ္ဓက “ပုထုဇဉ်တို့၏ သဒ္ဓါ တရားသည်ကား မမြဲပေ”ဟု ဟောတော်မူပေ၏။ မြတ်ဗုဒ္ဓ၏ စကားတော်သည်ကား လက်တွေ့ကျလှပါပေ၏။ ယုတ္တိရှိလှပါပေ၏။
သဒ္ဓါတရားမမြဲမှုနှင့်ဆက်စပ်လာသဖြင့် မိမိရွာမှ သဒ္ဓါတရားမမြဲသော ဒါယကာတစ်ဦး၏ အကြောင်းကို တင်ပြ ပေအံ့။
မိမိရွာတွင် ဦးစံညွန့်ဟုအမည်ရှိသော ဒါယကာတစ်ဦးရှိလေသည်။ တစ်နေ့သော ဥပုသ်နေ့တွင် သူသည် ချဲထီ ထိုးလေသည်။ ထို့သို့ချဲထီထိုးစဉ်
“ကျုပ်က ချဲထီပေါက်ရင် ယခုအသစ်ဆောက်နေတဲ့ ရွာဦးကျောင်းကြီးအတွက် အလှူတော်ငွေတော်တော်များ များထည့်မယ်၊ ပြီးတော့ သမီးပေါက်စကို ကျောင်းတက်ဘို့အတွက် စက်ဘီးတစ်စီဝယ်ပေးမယ်၊ ပြီးတော့ နို့စား နွားမတစ်ကောင်ကိုလဲ ၀ယ်ထားမယ်၊”ဟု အခြားသော ဥပုသ်သည်များကို သူ၏ မမြင်ရသေးသော အနာဂတ်အစီအစဉ်များကို ပြောပြနေလေ၏။ ကြားရသည်ကား သာဓုအကြိမ်ကြိမ်ခေါ်ရန်ပင် ကောင်းလှပါပေ ၏။မကြာလိုက်ပါ၊ ချဲထီထွက်ပါလေပြီ၊ ကံအားလျှော်စွာပင် ဒကာဦးစံညွန့်တစ်ယောက်ချဲထီပေါက်ပါလေပြီ။ ချဲထီထွက်သောနေ့သည်ကား ဥပုသ်နေ့ဖြစ်ရာ ဦးစံညွန်တစ်ယောက်အလွန်ပင် ပျော်နေလေသည်။ သူသည် “ခုကျနော် ချဲထီ(၅၀၀)ဘိုးပေါက်တယ်၊ သမီးပေါက်စအတွက် စက်ဘီးဝယ်မယ်၊ ပြီးတော့ နို့စားနွားမတစ် ကောင်ဝယ်မယ်၊ ကျန်တဲ့ငွေကိုတော့ စီးပွားရေးလေး ဘာလေးလုပ်မယ်။” သူ၏ အနာဂတ်အစီအစဉ်များကို ဥပုသ်များသည်ကို ပြောပြန်လေ၏။ ထိုအခါ ဥပုသ်သည်များက
“စံညွန် အစက မင်းပြောတော့ ကျောင်းဆောင်သစ်အတွက် ငွေလှူမယ်ဆို၊ ခုတော့ မပါတော့ပါလား၊ ဘယ်လို ဖြစ်ပြန်တာလဲကွ” ဟု ၀ိုင်းဝန်းအပြစ်တင်ကြလေ၏။ ထိုအခါ စံညွန်က
“ခင်ဗျားတို့ကလဲဗျာ ကျောင်းကြီးဆောက်တာ အနည်းဆုံး နှစ်နှစ်တော့ ကြာအုံးမှာပါ၊ နောက်တစ်ခါပေါက်တော့ လှူတာပေါ့ဗျ”ဟု ပြောကာ ကျောင်းအတွက်အလှူငွေလှူဘို့ရန်ပင် ငြင်းဆန်သွားလေသည်။ စံညွန်တစ်ယောက် ချဲထီပေါက်သဖြင့် ပျော်နေလေသည်။ သို့သော် ချဲဒိုင်းသည်ကား သူ၏ ပေါက်သောငွေကိုကား လာရောက်မပေး သေးချေ၊ မကြာလိုက်ပါ၊ အကြောင်းအကျိုးအစုံကို သိလိုက်ရပါပြီ။ ဦးစံညွန့်ထိုးသော ချဲဒိုင်သည် မလျှော်နိုင် သဖြင့် ထွက်ပြေးပြီဖြစ်ကြောင်း ကြားသိလိုက်ရလေသည်။ ထိုနေ့မှစကာ ဦးစံညွန်တစ်ယောက် ဥပုသ်ကိုပင် မစောင့်နိုင်တော့ပေ။ ဥပုသ်သည်များက ကောက်ချက်ချကြသည်ကား
“ဒီကောင် ချဲထီပေါက်ငွေ မရမှာလဲ မပြောနဲ့၊ သူရဲ့သဒ္ဓါတရားကိုက မမြဲတာ၊ ကျောင်းအတွက် ငွေလှူမယ်ပြော ပြီး လှူမှ မလှူတာ”ဟူ၍ပင်ဖြစ်သတည်း။
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP