* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 9, 2010

*သည်းခံခြင်းမင်္ဂလာတရား*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:

သည်းခံခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါသည်။ ဘယ်ကိစ္စမဆိုအတတ်နိုင်ဆုံး သည်းခံစိတ်၊ ကိုယ်ချင်းစာနာ စိတ်ကလေး ထားရှိနိုင်ရမှာဖြစ်ပါတယ်။အဲဒါမှသာမဖြစ်သင့်တာတွေ မဖြစ်ရမှာဖြစ်ပါတယ်။ သည်းမခံနိုင်၍ ခိုက်ရန်ဒေါသတွေဖြစ်ပွားကြရင်ဖြင့် နှစ်ဦးနှစ်ဖက်လုံး အနည်းနှင့်အများ အကျိုးယုတ်ရမှာဘဲဖြစ်ပါတယ်။
သည်းခံခြင်းဖြင့် အရာရာကိုအောင်နိုင်ပါသည်။လူတိုင်းသိပြီးသားဖြစ်တဲ့ ဥတ္တရာသူဌေးသမီးနဲ့သီရိမာ ဇာတ်လမ်းမှာလည်း သည်းခံခြင်းကြောင့် အောင်မြင်ခဲ့တာကိုအထင်အရှားရှိပါတယ်။ မြတ်စွာဘုရားရှင်က သည်းခံခြင်းကြောင့်ဖြစ်ရမယ့် အကျိုးနှင့်အပြစ်ကိုလည်း အောက်ပါအတိုင်းဟောကြားတော်မူခဲ့ပါသည်။
သည်းမခံခြင်းအပြစ်
၁။ လူအများမချစ်မနှစ်သက်ခံရခြင်း၊
၂။ ကြမ်းကြုတ်ခြင်း၊
၃။ စိတ်နှလုံးမသာယာဖြစ်ခြင်း၊
၎။ တွေဝေလျက်သေရခြင်း၊
၅။ သေပြီးသည့်နောက် ငရဲသို့လားရခြင်းတို့ဖြစ်ပြီး။
သည်းခံခြင်းအကျိုးကျေးဇူး
၁။ လူအများချစ်ခင်နှစ်သက်ခြင်း၊
၂။ မကြမ်းကြုတ်ခြင်း၊
၃။ နှလုံးမသာမယာမဖြစ်ခြင်း၊
၎။ မတွေဝေဘဲသေရခြင်း၊
၅။သေပြီးသည့်နောက် ကောင်းသောလားရာဖြစ်သော နတ်ပြည်သို့ ရောက်ရခြင်းတို့ဖြစ်ပါသည။် ဟုမြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။
(အဂုင်္တ္တိရ်၊ ဒုတိယ အက္ခန္ထိသုတ်)
သည်းခံခြင်းဆိုတာ ငုံခံခြင်းမဟုတ်ပါဘူး။ မေတ္တတရားကိုအခြေခံပြီး ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ကိုယ်ကို ထိပါးစော်ကားတဲ့အခါ ဒေါသနဲ့မတုန့်ပြန်ဘဲ မေတ္တာတရားဖြင့် သည်းခံလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီလိုလုပ် တာအရှုံးပေးပြီး ငုံ့ခံလိုက်တာမဟုတ်ပါဘူး။ အဲဒီလိုမျိုးသည်းခံတဲ့စိတ်မျိုးဆိုတာ တော်တော်ကိုမွေးယူရမှာ ဖြစ်ပါတယ်။ သူကဘာပြောလို့ ငါကလည်းပြန်လုပ်ပြန်ပြောမယ်ဆိုရင် နှစ်ဦးနှစ်ဖက်လုံးမှာ အကျိုးမရှိပါဘူး။ အဲဒီလိုသည်းခံလိုက်တဲ့အတွက် မဖြစ်သင့်တာတွေဖြစ်မလာသလို တစ်နေ့တွင် အဲဒီသူကလည်းနားလည် သဘောပေါက်သွားလိမ့်မှာဖြစ်ပါတယ်။အများအတွက် တစ်စုံတစ်ခုအကျိုးရှိမယ်ဆိုရင် ကိုယ့်အတွက်နည်း နည်းထိခိုက်သွားလည်း သည်းခံလိုက်ခြင်းဖြင့် ဖြူစင်မြင့်မြတ်သော လူသားဖြစ်အောင် ကျွန်တော်တို့အားလုံး ကြိုးစားကြပါစို့လို့ ပြောရင်းနိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
အားလုံးသောဓမ္မမိတ်ဆွေများ သည်းခံခြင်းခန္ဓီတရားကိုလက်ကိုင်ထားနိုင်ကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP