* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 7, 2010

နှီးဘုရားကြီးများ ပူဇော်နိုင်ရန် ပညာဒါနပြု၍ လက်ခံနေပြီ

Free Image Hosting by FreeImageHosting.net
နှီးဘုရားကြီးများ ပူဇော်နိုင်ရန် ပညာဒါနပြု၍ လက်ခံနေပြီ

(၂၂-၆-၂၀၁၀)နေ့နံနက်ပိုင်း(၉)နာရီတွင် အမှတ်(စီ-၄၂၀)၊ ၁၆လမ်း၊ ကံသာရပ်ကွက်၊ မကွေးမြို့၊ ပန်းချီဆရာ မကွေးကံညွန့်ရဲ့ သမီးမွေးနေ့ပွဲဖိတ်လို့သွားခဲ့ပါတယ်။ ပန်းချီဆရာ မကွေးကံညွန့်ဆိုတာ ယခင်တစ်ခေတ် တခါက ဇာတ်သဘင်လောကမှာ ဂိတ်ရှိုးကြီးတွေကို ရေးဆွဲပြီး နာမည်ကြီးခဲ့သူတစ်ဦပါ။ အဲဒီအခါက အထက်မြန်မာပြည် မန္တလေးမြို့ ဇာတ်ရာသီမှာ တရုပ်တန်းဇာတ်ရုံမှာ ပန်းချီခန်းဖွင့်ထားပါခဲ့ပါတယ်။ အောက်မြန်မာပြည် ရန်ကုန်ဇာတ်ရာသီချိန်မှာ မြေးနီကုန်း ပဒုမ္မာဇာတ်ရုံမှာ ပန်ချီခန်းဖွင့်ပြီး လုပ်ကိုင် နာမည်ကြီးခဲ့သူ တစ်ဦဖြစ်ကြောင်း သတင်းရရှိခဲ့ရပါတယ်။
ယနေ့တော့ သူရဲ့ အလုပ်ခန်းမှာ ထူးထူးခြားခြား အမြင့်(၄)ပေ၊ အနံ(၃)ပေ ရှိတဲ့ ရွှေရောင်တစ်ဝင်းဝင်းနဲ့ ကြာပန်း ပလ္လင်ပေါ်က နှီးဖြင့်ပြုလုပ်ထားသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဖူးမျှော်ခဲ့ရပါတယ်။ သတင်းသမား ပီပီ စပ်စုမေးမြန်းခဲ့ရပါ တော့တယ်..။
ပန်းချီဆရာ မကွေးကံညွန့်ရဲ့ ပြောကြားချက်များကတော့….

မြန်မာပြည်မှာ နှီးဘုရားများကို စတင်ပြုလုပ်သူမှာ ရှမ်းဆရာကြီးတစ်ဦးလို့သိခဲ့ရပါတယ်။ ရှမ်းဆရာကြီးကို တစ်ခါမှ မမြင်၊မတွေ့မိပါ။ စစ်ကိုင်းတောင်မှာ ရှိတဲ့ သူပြုလုပ်တည်ထားတဲ့ နှီးဘုရားကြီးကစလို့ ကျွန်တော် အလွန်သဘောကျပြီး စတင်စိတ်ဝင်းစားခဲ့ရပါတယ်။ ရှမ်းဆရာကြီးဟာ ကျွန်တော့ရဲ့ ပထမ မြင်ဆရာကြီးပါ။ အခြားမြို့တွေမှာ ပူဇော်ထားတဲ့ နှီးဘုရားတွေကိုလဲ သွားရောက်ကြည့်ရှု လေ့လာခဲ့ပါတယ်။ အများအားဖြင့် ကိုယ်လုံးတော် များက အချိုးအစားမကျတာတွေကိုသာ တွေ့မြင်ရပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ သာမန်လူများရဲ့ ကိုယ်ခန္ဓာအချိုးအစားအတိုင်းကျစေအောင် ဆောင်ရွက်ခဲ့ပါတယ်။ များသောအားဖြင့်
ပန်းပုဆရာများထက် ကျွန်တော်တို့ ပန်းချီဆရာများက ပုံဖော်ရာမှာ သာမန်သဘာဝအတိုင်း မြင်တတ်ကြ ပါတယ်။ (ဥပမာ။ ။ လူရဲ့ခေါင်းအရွယ်အစားဟာ ဘယ်ပခုံးမှ ညာပခုံးအတွင်း ခေါင်းသုံးလုံးစာသာရှိနေရပါ့မယ်။)
ဒီနှီးတွေကတော့ စလင်းမြို့ကထွက်တဲ့ ကြသောင်းဝါး ဆယ်လုံးကိုသာ သုံးခဲ့ရပါတယ်။ အဲ တွဲဖက်သုံးရတာက လွှစာမှုန့်များများရယ်..၊ ATMကော်ရယ်..၊ ရွှေမင်ရောင်ဆေးဗူးတွေရယ်၊ ဘုန်းကြီးကျောင်းမှ
သက္ကန်းစုတ်တွေရယ်ကို စနစ်တကျ အသေးစိတ်အချိန်ယူပြီး လုပ်ခဲ့ပါတယ်။
စတင်လုပ်တဲ့ရက်ကစပြီး ယနေ့အထိဆိုရင်(၂)လခွဲကြာပါပြီ..။ နောက်(၃)ရက်ဆိုရင်တော့ အချောသတ်လို့ အားလုံးပြီးပါတယ်။ အရွယ်အစားကတော့ ကြိုက်သလို အကြီးကြီးတွေရော အသေးတွေပါ အမျိုးမျိုးပြုလုပ်ပူဇော်နိုင်ပါတယ်။
ပိုးလုံးဝမစားအောင် ကတော့ အသုံးပြုမဲ့ နှီးတွေကို ဆေးရွက်ကြီးရေစိမ်ပေးထားပါတယ်။ အတွင်းက ဘောက်ခလောင်းကြီထဲမှာလဲ ဆေးရွက်ကြီးအရည်တွေရော၊ တခြားပိုးမကိုက်စေတဲ့ ပိုးသတ်ဆေးတွေကိုပန်းပြီး
အောက် ခြေမှာ ထပ်သားနဲ့အလုံပိတ်ထားပေးပါတယ်။ အချိုးအစားပုံစံကျအောင်ကတော့ အောက်က နှီးဘုရားအသေးလေးကို ပဏာမ အစမ်းပုံစံပြုလုပ်ပါတယ်။ အဲဒီ ဆင်တုအသေးလေးရဲ့ အချိုးအစားအတိုင်း ဆင်တုတော် အကြီးကြီးကို ထပ်တူပြုလုပ်ခဲ့တာပါ။ ဈေးနှုန်းတန်ဘိုးကိုတော့ ကျွန်တော် မသတ်မှတ်ရသေးပါဘူး။
အလှူအတန်းကိစ္စဆိုတော့ အတတ်နိုင်ဆုံးအဆင် ပြေအောင် လက်ခံဆောင်ရွက် ပေးသွားမှာပါ။ ကျွန်တော်ယခင်က ပန်းချီပညာနဲ့ စီးပွားရှာခဲ့စဉ်ကလဲ ငွေရေး ကြေးရေကိုအဓိကမထားခဲ့ပါဘူးဗျာ။ ယခုလည်း ဘုရားအလုပ်နဲ့ ကျွန်တော့်ပညာကို ကုသိုလ်ယူချင်တဲ့ သဘောပါ။

ယခုပြုလုပ်ပြီးတဲ့ ဘုရားဆင်းတုကိုယ်တော်ကြီးကိုလဲ မကွေးမြို့၊ မဲထီးလမ်း၊ ဈေးရပ်မှာရှိတဲ့ ပုည၀တီကျောင်း၊ မိုးကုတ်ဓမ္မရိပ်သာ ဘုရားခန်းမှာ လှူဒါန်းပူဇော်ထားမှာပါ။ ပန်းချီ မကွေးကံညွန့်+ဒေါ်လှလေး
နှင့် သား၊သမီး၊ မြေး၊မိသားတစ်စုကောင်းမူ လို့ကဗ္ဗည်းထိုးလှူဒါန်း ထားပါတယ်။

မန္တလေးမြို့ကိုနှီးဘုရားအတွက် ကျွန်တော့်ကို ဆက်သွယ်မယ်ဆိုရင်

ပန်းချီ မင်းဟန် နှင့် အောင်အောင်
၂၆ ဘီလမ်း၊ ရွှေလောင်းညွှန့်ရပ်၊
မန္တလေးမြို့ ကိုဆက်သွယ်နိုင်ကြောင်း ပန်ချီဆရာ မကွေး ကန်ညွှန်ထံက သတင်းရရှိခဲ့ပါတယ်။

မန်းတောင်ရိပ် ဂျာနယ်မှ တဆင့်ပြန်လည်တင်ပေးပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ စက်တင်ဘာလ(၅)ရက်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP