စင်္ကာပူ ဟောင်ပါ သမီးဒေါ်အမာ (၉၆-နှစ်) ကွယ်လွန်းခြင်း
ကျားပန်းသူဋ္ဌေးကြီးရဲ့ သမီးဖြစ်သူ Madam Aw Cheng Hu(ခ) ဒေါ် Datin lee (ဒေါ်အမာ)သည် စင်္ကာပူနိုင်ငံတွင်
04,09,2010 စနေနေ့ နံနက် 4:16 နာရီအချိန်တွင် ဘဝတစ်ပါးပြောင်းရွှေ့ကွယ်လွန်သွားလေပြီ ။
မနေ့ည 10:00 နာရီကျော်မှာ မိမိတို့ကျောင်းမှ သံဃာတော် 4 ပါးကြွရောက်ပြီး အသုဘရှု့မှတ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံဘွား ခင်မင်ရင်းနီးကြသော ဓမ္မမိတ်ဆွေများက ကူညီစောင့်ရှောက်လျက်ရှိကြပါတယ် ။
မကြာခင်က ကျားပန်း ပရုတ်ဆီအကြောင်းဆောင်းပါးလေး တစ်ပုဒ်ရေးဖူးသေးတယ်။ ယခုကွယ်လွန်သွားတာကတော့ အဲဒီဆောင်းပါးထဲက ဒေါ်သိင်္ဂီရဲ့အမေပါပဲ ။ ကျားပန်းပရုတ်ဆီ ပန်းခြံကို
လာလည်ရင် ကျားခေါင်းပါတဲ့ကားအနီးက စင်္ကာပူအစိုးရကပ်ထားတဲ့ပုံဟာ ဒီဒကာမကြီးရဲ့ပုံဖြစ်ပါတယ်။
ယနေ့(6,09,2010) တနင်္ဂလာနေ့ မှာ အခမ်းအနားဖြင့် စင်္ကာပူနိုင်ငံ Mandai သုဿာန်၌ သဂြိုဟ်မည်ဖြစ်၍ကမ္ဘာတစ်ဝန်းလုံးရှိ ခင်မင်ရင်းနီးသော မိတ်ဆွေများအား အသိပေးလိုက်ရပါသည် ။
ကွယ်လွန်သူ ကျားပန် ဟောင်ပါရဲ့သမီး အသူဘရှု့ရန်နေရာ
Blk-38, Sin Mning Drive,( Near Kong Meng Sam. Monastery)
# 1-537-545 . Singapore 575712.
မီးသင်္ဂြိုဟ်ခြင်းကိစ္စ
နေရာ ။ Mandai Crematorium hall-2
အချိန် ။ 4:30 PM
နေ့ရက် ။ 06-09-2010 (Monday)

0 comments:
Post a Comment