* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 7, 2010

ကျနော်နဲ့မနက်ဖြန်များ

ကြားဖူးနားဝ ရင်ခုန်သံတွေနဲ့
ဘဝကို ဒီလိုပဲ ထုဆစ်လိုက်တော့မှာလား
ဒါဆို
ယူ....ကျုံး.........မရ ဆိုတာတွေ
ဘယ်လောက်များလိုက်လေမလဲ။

ကဲ........ကြည့်
သဲသဲကွဲကွဲ ရင်ခုန်ခြင်းတွေ
တစ်ဖြည်းဖြည်း နှေးနှေးလာပေါ့။

ခုထိ
ဆုံးဖြတ်ချက်တွေ မှားနေကြအုံးမလား
ခုထိ ကိုယ့်ကိုယ်ကို
လိုအပ်ချက်တွေနဲ့ လုံးချာလိုက်နေအုံးမလား
ခုထိ ကိုယ့်ရင်ခုန်သံ
ကိုယ် နားမလည်သေးဘူးလား။

ပြန်လှည့်ကြည့်နေတဲ့
အတိတ်က ဒဏ်ရာဒဏ်ချက်တွေ
ထားရစ်ခဲ့တော့။
ဒီလိုမှမဟုတ်ရင်
လှပတဲ့မနက်ဖြန်များ
မျှော်ရင်းနဲ့ ဝေးနေအုံးမပေါ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP