* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 11, 2010

ဘဝရဲ့ အပိုင်းအစများ နှင့် အတိတ်ကိုပြန်ပြောင်းသတိရလေတိုင်း


သစ္စာရောင်ခြည်အရှင်ရဲ့ပုံနှိပ်ထုတ်ဝေပြီးသောစာအုပ်တစ်အုပ်

စာအုပ်ရဲ့နောက်ကျောဘက်နှင့် အတွင်းစာမျက်နှာအချို့

စာရေးသူဟာ
အသက်(၂၃)နှစ်အရွယ်
သာသနာ့တက္ကသိုလ်(ရန်ကုန်)ကိုခြေချ
လေးနှစ်တာပညာသင်
ဘာသာပေါင်းစုံဆည်းပူး
အမိမြေတက္ကသိုလ်မှာ
ပျော်လို့မဆုံးခဲ့ပါဘူး။
ဒါပေမဲ့လေ..
“အချိန်တန်ရင် အိမ်ပြန်ရစမြဲ” ဆိုတဲ့
မြန်မာစကားပုံကိုမလွန်ဆန်နိုင်
တက္ကသိုလ်နဲ့ခွဲခွါ
သာသနာ့တက္ကသီလဓမ္မာစရိယ B.A(Buddhism)ဘွဲ့အတွက်
တောင်တန်းမြေပေါ်မှာ
(၂)နှစ်တာ
သာသနာပြုတာဝန်
ကျရောက်လာပါတယ်။

အပ္ပမာဒဓမ္မရသမဂ္ဂဇင်းရဲ့စာမျက်နှာပေါ်မှ


၂၀၀၁-နှစ် စတုတ္ထနှစ်ပြီး
မကြာခင်သာသနာပြုစာရင်းထွက်
ကြည့်လိုက်တဲ့အခါ
စစ်ကိုင်းတိုင်းအထက်ပိုင်း
လဟယ်မြို့နယ်၊ အံ့ပေါ်ရွာ
စာရေးသူအတွက်
သာသနာပြုတာဝန်ဖြစ်နေတယ်။
စကိုင်းတိုင်းဆိုတာမဆိုးလှ
အလှည့်ကျတဲ့သာသာနာပြုတာဝန်
စိတအားထက်သန်ခဲ့ပါတယ်။
အောင်စာရင်းထွက်တော့
ကျသူကကျ
အောင်သူကအောင်
တက္ကသိုလက်မှာဆက်တက်သူကတက်
ပျော်သူကပျော်
ငိုသူကငို
စာသင်သားလောက
ငယ်စဉ်ဘဝမှာ
လောကဓံဆိုတာ
မဆန်းလှတော့ပါဘူး။
တက္ကသိုလ်မှာ
အတူနေသီတင်းသုံးပေါ်သုံးဦး
အခင်ဆုံးဟုဆိုရပေမည်
တစ်ဦးက ရေစကြို
တစ်ဦးက သာစည်
စာရေးသူက ရသေ့တောင်
ပျော်အောင်တော့နေခဲ့ကြပါတယ်။
ပျော်လို့မဆုံးတဲ့
အမိမြေတက္ကသိုလ်မှာ
တစ်ဦးကကျန် နှစ်ဦးပြန်
အလှမ်းကွာတော့မယ် မဟုတ်ပါလား။
အဲပေါ့လေ..
“တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာဆိုတာ”
လက်တွေ့ကျမှ သိလာရတော့တယ်။
တက္ကသိုလ်နဲ့ ခွဲခွါရတော့မယ်ဆိုတော့
သူငယ်ချင်းတွေကို
လိုက်၍နှုတ်ဆက်
အဖြစ်အပျက်တွေနဲ့
စာရေးသူတို့ဘဝပါပဲ။
“တွေ့ကြုံခြင်းဆိုတာ ခွဲခွါခြင်းမှာ အဆုံးသတ်တယ်”တဲ့
ပညာရှင်တွေပြောတဲ့စကား
မှတ်သားဖူးပါတယ်
စသဖြင့်နာဂတောင်တန်းမှာသီတင်းသုံးခဲ့စဉ်တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေကိုရေးဖွဲ့ထားတဲ့စာအုပ်
လေးဖြစ်ပါတယ်။
သစ္စာရောင်ခြည်
၁၀.၈.၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP