*တောင့်တ၍မရကောင်းသောအရာငါးမျိုး*
1 အကြံပြုပါသည်။ Posted in: မှတ်သားဖွယ်ရာဓမ္မစာပေများ
မြတ်စွာဘုရားရှင်သည် လောက၌မည်သူမဆို တောင့်တ၍မရကောင်းသော အရာငါးမျိုးတို့ကို အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါသည်။
ရဟန်းတို့ သမဏဖြစ်စေ ဗြဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မဖြစ်စေ လောက၌ မည်သူမဆို
၁။ အိုတတ်သောသဘောတရားသည် “မအိုပါစေလင့်” ဟူ၍လည်းကောင်း၊
၂။ နာတတ်သောသဘောတရားသည် “မနာဖျားစေလင့်” ဟူ၍လည်းကောင်း၊
၃။ သေတတ်သော သဘောတရားသည် “မသေပါစေလင့်” ဟူ၍လည်းကောင်း၊
၎။ ကုန်တတ်သော သဘောတရားသည် “မကုန်ဆုံးပါစေလင့်” ဟူ၍လည်းကောင်း၊
၅။ ပျက်စီးတတ်သော သဘောတရားသည် “မပျက်စီးပါစေလင့်”ဟူ၍လည်းကောင်း၊
တောင့်တ၍မရကောင်းသောအရာများဖြစ်ပေသည်ဟု ဟောကြားတော်မူခဲ့ပါသည်။
(အဂုင်္တ္တိရ်၊ ပဉ္စက၊ ဌာနသုတ်)
အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။


0 comments:
Post a Comment