* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 11, 2010

“ရွှေဧည့်သည်တစ်စုနှင့် ကိုရွှေအတို့တစ်စု တွေ့ကြတော့”

မိမိတို့၏ ရွာအနီးတွင် တိန်ညက်တောဟုအမည်ရသော ရွာတစ်ရွာရှိလေသည်။ ထိုရွာကျောင်းတွင် ဘိုးတော်ကြီး ဟုအမည်ခံရသေ့တစ်ပါးရှိလေသည်။ အထူးအားဖြင့် ရှမ်းလူမျိုးများက သူ့ကို လာရောက်ကိုးကွယ်ကြည်ညို လေ့ရှိကြသည်။သူတို့သည်
“ဘိုးတော်ကြီးသည် ဘုန်းတန်ခိုးအလွန်ကြီးမားသည်။ သူကို ကြည်ညိုလျှင် လာဘ်လာဘပေါများသည်။ ဘေးအန္တရယ်ကင်းရှင်းသည်။လိုအင်ဆန္ဒပြည့်ဝသည်”ဟု အယုံအကြည်ရှိကာ အလွန်အကြူး ကိုးကွယ်ကြသည်။

တစ်နေ့သ၌ တောင်ကြီးကားပေါ်မှ ဧည့်သည်တစ်စုသည် ဘိုးတော်ကြီးကျောင်းသို့ သွားရန်အလို့ငှာ မိမိတို့၏ ရွာထိပ်ကားမှတ်တိုင်တွင် ဆင်းကြလေသည်။ သူတို့သည် အသစ်ဧည့်သည်များဖြစ်ကြသဖြင့် ဘိုးတော်ကြီး ကျောင်းသို့ သွားရာလမ်းကို အတိအကျမသိပေ။သို့ဖြစ်သဖြင့် အနီးအနားရှိ လမ်းဘေးတွင် နွားကျောင်းနေသော နွားကျောင်းသားကြီးကို
“နောင်ကြီး!ကျွန်တော်တို့က တောင်ကြီးက လာတာပါ၊ ဘိုးတော်ကြီးကျောင်းကို သွားချင်လို့၊ ဘယ်လိုသွား ရပါသလဲခင်ဗျာ့၊”မေးကြလေသည်။ ထိုအခါ နွားကျောင်းသားကြီးက တောင်ဘက်လမ်းဆီသို့ လက်ညှိုးညွှန်ကာ
“အပလား အပလား”ဟု ပြောကာ လမ်းပြလိုက်လေသည်။ ဤတွင် ဧည့်သည်တစ်ယောက်က
“အွန်း လမ်းမသိလို့မေးပါတယ် အရေးထဲ အ, အနဲ့မှလာတွေ့တယ်”ဟုညည်းချင်းထုတ်လေတော့သည်။ မှန်ပါပေ ၏။ထိုနွားကျောင်းနေသော နွားကျောင်းသားကြီးသည်ကား ၀မ်းတွင်းမြို့နယ် မိုးကောင်းကုန်းရွာမှ စကားမပြော တတ်သော အ,အပင်ဖြစ်လေသည်။ ထိုအချိန်က ၀မ်းတွင်းမြို့နယ်အတွင်းဝယ် နွားစာမြက်ရှားပါးသည့် အတွက် မိမိတို့၏ ရွာဘက်ဆီသို့ နွားလာကျောင်းလေ့ရှိသည်။

ထို့နောက် ဧည့်သည်များသည် ရွှေအ,လမ်းညွှန်လိုက်သည့်အတိုင်း တောင်ဘက်လမ်းဆီသည် ချီတက်လာကြ လေသည်။ထိုတွင် ရွာမှ ကိုလူလည် ပါးယားနှင့်တွေ့ကာ
“နောင်ကြီး ကျွန်တော်တို့က တောင်ကြီးက လာတာပါ၊ တိန်ညက်တောရွာ ဘိုးတော်ကြီးကျောင်းကို သွားချင်လို့ တစ်ဆိတ်လောက်လမ်းပြပေးပါခင်ဗျာ့”ဟု ယဉ်ကျေးသိမ်မွေ့စွာ မေးကြလေသည်။ ထိုအခါ ကိုပါးယားက
“အပလား အပလား” ဟု ပြောကာ တောင်ဘက်ဆီသို့ လမ်းညွှန်လိုက်ပြန်လေသည်။ ဤတွင် ရွှေဧည့်သည် တစ်ယောက်က
“အွန်း ဒီနေ့ ထွက်လာတာ ပြဿဒါးနေ့လာမသိ၊ အဆင်ကိုမပြေဘူး၊ လမ်းမသိလို့ မေးပါတယ်၊ အ,အတွေနဲ့ချည်း လာတွေ့နေတယ်”ဟု ညည်းချင်းထုတ်ကြပြန်သည်။ အမှန်စင်စစ် ထိုကိုရွှေဧည့်သည်များတွေ့သော ကိုပါးယား သည်ကား မွေးရာပါ ရွှေအတစ်ယောက်ပင်ဖြစ်လေသည်။

ထို့နောက် ဧည့်သည်များသည် ကိုပါးယားလမ်းညွှန်းလိုက်သည့်အတိုင်း ရှေ့ဆက်လျှောက်လာလေသည်။ လမ်းတွင် ရွာမှ ဦးဖိုးစုနှင့် တွေ့ပြန်လေသည်။ ဤတွင် ဧည့်သည်များက
“ဦးလေးကြီး ကျွန်တော်တို့က တောင်ကြီးက ဧည့်သည်တွေပါ၊ ဘိုးတော်ကြီးကျောင်းကို သွားမလို့၊ တစ်ဆိတ် လောက် လမ်းပြပေးပါအုံးခင်ဗျာ့” ဟု သိမ်သိမ်မွေ့မွေ့ မေးကြပြန်သည်။ ထိုအခါ ဦးဖိုးစုက
“ဘိုး ဘိုး ဘိုး”ဟုဆိုကာ ရှေ့ဆက်မပြောနိုင်မူ၍ ဖြစ်နေလေသည်။ ဤတွင် ဧည့်သည်တစ်စု စိတ်မရှည်တော့ပါ။
“ဒီငါ( )မရွာမှာ ရှိကြတဲ့ ပုဂ္ဂိုလ်တွေကလဲ တစ်ရွာလုံး အ, အတွေချည်းလားမသိ”ဟု ရက်ရက်စက်စက် မိမိရွာကိုပင် ဆဲဆိုသွားလေတော့သတည်း။
“အော် ဧည့်သည်များ ဆဲမည်ဆိုလျှင်လည်း ဆဲပေရာ၏၊ သူတို့နောက်ဆုံးမေးသော ဒါယကာကြီးဦးဖိုးစုသည် လည်း
အ,အမဟုတ်သော်လည်း စကားတစ်လုံးပြောမည်ကြံလျှင် မထွက်တော့ပေ၊ ထစ်အ ထစ်အဖြစ်နေလေ့ရှိသည်။
သူသည်လည်း ငယ်စဉ်ကပင် ထစ်အ ထစ်အဖြစ်လာပေ၏။ အော် တွေ့လည်း တွေ့တတ်ပါပေ့ ကိုရွှေဧည့် သည်နှင့် ကိုရွှေအတို့ရယ်”ဟု ပြောလိုက်မိပါတော့သတည်း။
0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP