* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 18, 2010

အသိတရား (၁၄) ချက်

၁။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။

၎။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည်
မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။

၅။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည်
မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည်
မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည်
မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။
လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်းသည်
မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။

၉။
လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည်
မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည်
မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။

၁၁။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။

၁၂။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည်
မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည်
မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။

၁၄။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

အားလုံးရွှင်လန်းကြပါစေ......
from forward mail

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP