* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 18, 2010

ဘ၀ရဲ့ အဓိပ္ပါယ်

အောင်: you tell me please!
what is the meaning of life?
10:14 AM not now , later on.

me: အိုကေ ၊ ပြောတာပေါ့ ၊ နောက်မှ ၊ ခုမဟုတ်သေး။

ဟိုတစ်လောလေက အွန်လိုင်းမှာ ဒကာမလေး ( ၀ါ ) ညီမ တစ်ယောက်နဲ့  အွန်လိုင်းမှာ ၂မိနစ၊် ၃မိနစ် မတွေ့ တာ ကြာလို့  နှုတ်ဆက်လိုက်ပါတယ်။ သူက ဘယ်တုန်းက မေးဖို့  ချောင်း နေလဲ မသိဘူး၊ နှုတ်ဆက်ပြီးတာနဲ့  မေးခွန်း မေးလာပါတယ်။

မေးခွန်းက တစ်ခါတည်း ဖြေလို့  အချိန်မရသေးတာနဲ့ ပဲ သူပြောသလို not now , later on ပြောသလို ကိုယ်ကလည်း ပြောတာပေါ့၊ နောက်မှ ၊ ခုမဟုတ်သေး လို့ ပဲ ပြောပြီး ဆွမ်းခံ ကြွသွားခဲ့ ပါတယ်။


အဲဒီ့ ရက်ကြာနေတဲ့  အကြွေးကို မနေ့ က အဓိကကတော့ အဓိကပါပဲ လို့  ဆိုတဲ့ ခေါင်းစဉ်လေးနဲ့  နဲနဲလေး ဆောင်းပါးရေးခဲ့ပါတယ်။ အဲဒါကိုပဲ သူ့ ကို ဒါပဲ ဘ၀ အဓိပ္ပါယ်က လို့  ဒီနေ့ အဖြေ အထူး မရှာပဲ အဖြေ အကြွေးဆပ် လိုက်ပါတယ်။


10:02 AM me: The meaning of life is what http://yaungni-oo.blogspot.com/
10:03 AM အောင်: thanks. brother phone.
me: . It is help to read and it is better answer of life for what you wanted that you hope.
10:04 AM အောင်: thanks a lot. how have you been?
10:05 AM me: The answer would be similar to your question.
အောင်: yes. I am going to read now.
10:06 AM me: Okay . go a head please, read on and on !
အောင်: thank you so much for your kindness.
10:07 AM me: How do you think of it what I wrote ?
အောင်: still going on. I have not finished yet
me: You may some words what you are going to say.
10:13 AM me: okay lah?
အောင်: very ok. you still need to explain to me
me: Thanks for your kind reading.

အောင်: THE LA, DAR NA AND PIN NYAR.
me: Thela is Morality. good deeds.
10:15 AM moral rule.
တကယ်တမ်း သီလ ဒါန ပညာ ဆိုတာ Sila , Samadhi , Panna လို့ ရေးရပါတယ်။

( ရှေ့ ဆက်ပြီး မြန်မာလိုပဲ ပြောခဲ့ပါတယ်၊ သူက မြန်မာဖောင့် မကျွမ်းကျင်လို့ မြန်မာလို မရိုက် တော့ ကိုယ်ကလည်း သူပြောသလို အင်္ဂလိပ်လိုလေး လိုက်ပြောကြည့်တာ။ သီလ ၊ ဒါန ၊ ပညာ ကို မေးလာတော့ မြန်မာလိုရိုက်ပြောမှ ပိုရှင်းမယ်။ သူလည်း ကွက်ကွက်ကွင်းကွင်း နားလည်မယ်။ ကိုယ်လည်း မစဉ်းစားရတော့ဘူးပေါ့)

သီလ ဆိုတာ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ အလုပ်တစ်ခုပါ ၊ သီလ နှစ်မျိုးရှိတယ် ၊ စာရိတ္တ နဲ့  ၀ါရိတ္တ သီလ တဲ့
10:16 AM အောင်: ya
me: စာရိတ္တ ဆိုတာ ကိုယ့်ဆိုင်ရာ ၀တ္တရားကျေပွန်အောင် လုပ်ဖို့ ပဲ။
အောင်: I think I better write down.
me: သားသမီးကျင့်ဝတ် ၊ မိဘကျင့်ဝတ်။ ဆရာကျင့်ဝတ် ၊ တပည့်ကျင့်ဝတ်။
10:17 AM ခင်ပွန်းကျင့်ဝတ်၊ ဇနီးသည် ကျင့်ဝတ်။ ဘုန်းကြီးကျင့်ဝတ် ၊ ဒါယကာကျင့်ဝတ် စတာ တွေပေါ့နော်။ ၀ါရိတ္တ သီလ ဆိုတာကတော့ ၅ ပါးသီလ ၊ ၈ ပါးသီလ ၊စောင့်ထိန်းရှောင်ကြဉ်ရတဲ့ သီလ။
အောင်: tinba.
me: အကျဉ်းချုပ် ဖြည့်ကျင့်ရတဲ့ သီလ နဲ့ ၊ ရှောင်ကြဉ်ရတဲ့ သီလပေါ့ကွယ်။

10:19 AM ဒါန ဆိုတာကတော့ ၊ ပေးတာပါပဲ ၊ စွန့် လွတ်တာပေါ့။

အောင်: tinba
10:20 AM me: ပစ္စည်း ကို စွန့် လွတ်သလို ကိုယ့်မှာ ရှိတဲ့ လောဘ ဒေါသ မောဟ တွေ စွန့် လွတ်တာပါပဲ။ ဆိုပါစို့  - ဒါန လုပ်တာဟာ အမြင့်မြတ်ဆုံး ဘုရားလှူတာမှ အစ အောက်ထစ်ဆုံး ဒုက္ခရောက်သူကို ထောက်ပံ့တာမျိုးပေါ့။
အောင်: so good
me: လှူတယ် စွန့် လွတ်တာလို့ နှစ်မျိုး သုံးလို့ ရပါတယ်။ ကိုယ့်ထက် သိက္ခာရှိမြတ်မြတ်သူတို့ ကိုတော့ ဒါန- လှူတာပေါ့။ တိရစ္ဆာန် တွေ ကျွေးတာ မွေးတာကို တော့ စာဂ စွန့် ကြဲ တယ် ဆိုရမှာ ပေါ့နော်။
10:23 AM အောင်: I do not have sar ga dar na.
me: မရှိသေးဘူးဆိုရင် လုပ်ပေါ့။
အောင်: no animals here.
( သူဆိုလိုတာက တိရစ္ဆာန်မရှိတာကို ဆိုလိုဟန်မတူ၊ ငါးကန် လိပ်ကန် ၊ ခိုကျွေးတာတို့ ကျွေးရမည့် တိရစ္ဆာန် မရှိတာပဲဖြစ်မည် ထင်ပါတယ်။ တိရစ္ဆာန်မရှိတဲ့ တိုင်းပြည်မရှိပါဘူး၊)
10:24 AM me: ငါးကျွေးတာတို့  လိပ်စာကျွေးတာတို့ ဖြစ်ဖြစ်-
အောင်: aww
if so I did in Mandalay.
me: သို့ မဟုတ် ဒုက္ခရောက်တဲ့ လူတွေကို ပေးရင်လည်း ၊ စာဂ သဘောပဲလေ။
အောင်: aww. now I understand.
me: တစ်ခါ တစ်လေ အလှူခံတာ တွေ့ မယ်ပေါ့
အောင်: not only animal?
me: ဆူနာမီ လိုမျိုးဖြစ်ဖြစ်၊ ငလျင် လှုပ်လို့ ပဲ ဖြစ်ဖြစ်ပေါ့
10:25 AM me: ဟုတ်ပါတယ် ၊ တိရစ္ဆာန်မှ မဟုတ်ပါဘူး မြန်မာစကား အရ ပြောတာပါ၊ စွန့် ကြဲ လှူဒါန်း ဆင်တူစကားပါပဲ။ အတူတူပေါ့နော်။ ဒီလောက်ဆို နားလည်ရောပေါ့။
အောင်: yes. I got it.
me: ဒါန ဆိုတာ လူတိုင်း သတ္တ၀ါတိုင်းကို ပေးတာလို့ ပဲ မှတ်ပါလေ။

ပညာ ဆိုတာကတော့ အသိ ပညာ အတတ်ပညာပေါ့ကွယ်။
ပထမဆုံး ဗဟုသုတ ရှိအောင် လုပ်ရတယ်။ စာဖတ်ရတယ် ၊ တရားနာရတယ် ၊ ဟောပြောပွဲလည်း နားထောင်ရတယ်။


ဒါက အသိ ပညာ ပေါ့။ တကယ်တမ်း ကောင်းတဲ့ဟာတွေကို လိုက်နာကျင့်သုံးရင် အဲဒီ အသိ ပညာက ခန္ဓာမှာ တပ်ဆင်လိုက်လို့  အတတ်ပညာ ဖြစ်သွားတယ်ပေါ့။ တကယ်တမ်း တတ်ချင် ရင်တော့ လက်တွေ့ ကျင့်သုံး မှဘဲ တတ်မှာပါကွယ်။ ( ဒါက ကိုဘုန်း နားလည်သလို ပြောတာ နော်) ။ ကဲ စုံသွားပီ သီလ ဒါန ပညာ။
အောင်: really thanks a lot
me: အေးပါဗျာ။
အောင်: if not I am still blurr.
10:30 AM me: ဗလာ ဗလာ ပြောတာလား။
အောင်: inn lay. tinba.
me: အဲ ဗလာ အလွတ်မထားနဲ့ တော့။
အောင်: tinn par
me: ဘ၀ ရဲ့ အဓိပ္ပါယ်ကိုမေးလို့  ဖြေပီးပီနော်။
10:31 AM အောင်: I need to look for it
me: အဓိပ္ပါယ်ရှိအောင်နေပါတော့ ညီမတော်ရေ။
အောင်: ya. I will have to be so.
me: သာဓုပါ ဗျာ။
10:32 AM အောင်: please teach me a bit by bit.
I really want to know.
me: အင်းလေ ၊ ဒါက ဘရားသား ဘုန်းဘုန်း တာဝန်ပေါ့ဗျာ။
အောင်: I am getting old already.
me: လိုက်နာဖို့  ကျင့် သုံးဖို့ ပဲ ကြိုးစားပါ။
အောင်း: I need to know. yes.
me: ဟုတ်ပါတယ်၊ ကျင့်သုံးမယ်စိတ်ထားရှိတဲ့ အချိန်က မနှောင်းသေးပါဘူး။
ဟုတ်ပီနော် ၊ အလုပ်တစ်ခုကို စလုပ်ပါ ၊ ဆက်လုပ်ပါ ၊ ပြီးအောင်လုပ်ပါ။
အောင်: yes. you are very clever in talking.
( အင်း မြှောက်နေပြန်ပြီ၊ ဒီက အလိုလိုမှ အလိုလို...)။
10:34 AM like phyoe.
( ဖြိုး ဆိုသူက ကိုယ့်ရဲ့  ရွာက ညီမ၊ အောင်က ရွာကညီမနဲ့ စပ်ပြီး သိရတဲ့ သူပါ)။
me: အင်းပေါ့။
အောင်: like U kavid also.
( ဥူးက၀ိ က ကိုယ့်ရဲ့  ရွာက သူငယ်ချင်း သီတဂူ ဒေါက်တာက၀ိ).
10:35 AM အောင်: all of you are very clever in talking.

me: ဓာတ်တူ တွေ တွေ့ တာပေါ့ဗျာ။
အောင်: ya.
me: သင်ကောင်းလျင် ကျွန်ုပ်မဆိုးပါ တဲ့၊ ဟိုတုန်းက စာတမ်းလေး ဖတ်ဘူးတယ်။ သင်လည်း ကောင်းလို့ ပေါ့နော်။ တကယ်တမ်းကတော့ သင်မကောင်းဘူး ဆိုရင် ကျွန်ုပ်တို့  ပြင်ပေးကြ ရမှာပေါ့ဗျာ။ ပြောရ ဆိုရတာ ကောင်းပါတယ်ဗျာ။
အောင်: ya. me too. so nice.
me: မေးတဲ့ မေးခွန်းကလည်း အဆင်ပြေပါတယ်၊ ဘလော့ပေါ်မှာတော့ ရောက်လိမ့်အုံးမယ်။
အောင်: your article is also nice . that is good idea.
me: အင်း ...ဒါလည်း Article လုပ်လိုက်အုံးမယ်။
အောင်: ya. easy to understand.
me: ညီမ နာမည်တော့ မထည့်ပဲ အောင် လို့ တော့ ထည့်လိုက်မယ်လေ.။
me: ဟုတ်ပီနော်
အောင်: up to you
me: ကျေးဇူးပါပဲ
အောင်: no. I must say. thanks to you.
me: ညီမ လို မသိသေးတဲ့ သူတွေကိုလည်း သိစေချင်တယ်လေ။
10:41 AM ရပါတယ်ဗျာ။ အမေးရှိလို့  အဖြေဖြစ်လာတာကိုးဗျ။
အောင်: if so I have to save in my thumb drive after you wrote.
10:42 AM I just want to collect everything about Buddha for my next generations.
me: အင်း ကောင်းတာပေါ့။
11:08 AM ဆွမ်းဒကာ ဒကာမတွေလာနေလို့ ။
အောင်: ok .go ahead


ဒီလိုနဲ့  ဆွမ်းဒကာ ဒကာမတွေ လာတာနဲ့ ပဲ ဘိုင်တောင် မလုပ်ပဲ နားလိုက်ပါတော့တယ်။ သူက လည်း နိုင်ငံခြား ရောက်နေတာ ကြာလေတော့ အနီးကပ် ရင်းရင်းနီးနီး ပွင့်ပွင့်လင်းလင်း မေးရ မည့် ဥူးဇင်း ဘုန်းကြီး ရှိဟန်မတူ။ သူနေတဲ့  နေရာမှာ ဘုန်းကြီးတွေများပေမယ့် မေးရမှာကို ၀န်လေးဟန်တူရဲ့ ။ သူကတော့ သူတကယ် မသိသေးတာ ကိုလည်း မသိသေးပါ ဘူးလို့  ပွင့်လင်း ရိုးသားစွာ ပြောင်ပဲ ပြောပါတယ်။ တကယ်လည်း ကိုယ်တိုင်လည်း သိချင်တယ်၊ နောင်လာ နောက်သား လေးတွေ အတွက်လည်း သူကိုယ်တိုင် ပြောပြချင်နေသူပဲ။ ရှင်းပြဖို့  ကိုယ့်အတွက် ဒီမေးခွန်း က ဖြစ်ပေါ်လာတာပါ။ ခုတော့ သူလို လူများ ရှိခဲ့ရင်လည်း သိကြစေရောပေါ့ လို့  ဆန္ဒနဲ့  ဆောင်းပါး အဖြစ် ရေးတင်လိုက်ပါတော့တယ်။

မှတ်ချက်။ ။ ဘ၀ရဲ့  အဓိပ္ပါယ် နှင့် ဘ၀ သစ္စာ ဆိုတာ ဆရာကြီး နန္ဒာသိန်းဇံ အသေချာ တိကျစွာ ရေးထားပါ တယ်။ ခုဟာကတော့ ကိုယ့်ရဲ့  ထင်မြင်ချက်နဲ့  ကိုယ့်ရဲ့ နားလည်မှု အတိုင်းလေးကိုပဲ လူငယ်လူရွယ် နားလည်ဖို့  ရေးလိုက်တာပါ။ ဒါထက် မြင့်ချင်ရင် အမြင့်ကို ဆက်ဖတ်ပါလေ။


မြတ်ရောင်နီ
(၁၈ ၊ ၀၈ ၊ ၂၀၁၀ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP