ဒေါ်တင်တင်လှိုင်မိသားစုအလှူ (၁၆-၈-၂၀၁၀)
သာသနာသက္ကရာဇ် ၂၅၅၄ ခု ၀ါခေါင်လဆန်း (၆)ရက် တနင်္လာနေ့၊ ၁၆.၈.၂၀၁၀
အရုဏ် - မုန့်ဟင်းခါးဆွမ်း
နေ့ဆွမ်း - ဆွမ်း
ကြက်ဥ+မန်ကျည်းသီးဆီပြန်၊ အစိမ်းကြော်၊ ပဲ၊ ငါးပိ+ပုစွန်ခြောက်+ငရုတ်သီး ဘာလချောင်ကြော်တို့ဖြင့်လှူဒါန်းခဲ့ပါတယ်။
အလှူရှင် - မိဘများကိုအမှုးထား၍ ဒေါ်တင်တင်လှိုင်မိသားစု( USA)
ဒါယိကာမကြီးဒေါ်တင်တင်လှိုင်မှ ယနေ့သီလရှင်အပါး ၁၀၀ အတွက်လှူဒါန်းထားခဲ့ပါတယ်။ ယနေ့အဖိတ်နေ့ဖြစ်သည့်အတွက်သီလရှင်များအလှူခံကြွသောနေ့ဖြစ်နေပါတယ်။ သီလရှင်များ တစ်ပတ်လျှင် အဖိတ် နှစ်ရက် အလှူခံကြွလေ့ရှိတယ်။ ထိုနေ့များမှာ သီလရှင်ချောင်ဆရာကြီးများသာ ကျောင်းတွင်ရှိနေတတ်ပါသည်။
ဆွမ်းလောင်းအသင်းမှလှူဒါန်းရာတွင် အမှန်တကယ်လိုအပ်သော စာသင်သားသီလရှင်များကိုလှူဒါန်းမည်ဖြစ်၍ သီလရှင်များ အားသည့်နေ့တစ်ရက် တွင်ထိုသီလရှင်အပါး (၁၀၀) အတွက် လှူဒါန်းပေးမည်ဖြစ်ပါကြောင်း ဆွမ်းလောင်းအသင်းမှ အလှူရှင်များထံသို့ သိစေအပ်ပါသည်။ အလှူ
ရှင်များမှလည်းနားလည်ပေးကြစေလိုပါသည်။
သီလရှင်များကို ဗုဒ္ဓဟူးနေ့အလှူနေ့တွင်လှူဒါန်းပေးမည်ဖြစ်ပါသည်။ အဆိုပါနေ့အဆင်မပြေလျှင်
အလှူရှင်အဆင်ပြေမည့်ရက် အဖိတ်နေ့မတိုက်သည့်ရက်ကိုသီးသန့်စီစဉ်ပေးပါမည်။
ယနေ့အရုဏ်ဘုန်းပေးကြသောသံဃာတော် အပါး(၂၇၀) ခန်ရှိပြီး နေ့ဆွမ်းအတွက် ဆွမ်းခံယူကြသော သံဃာတော်များ ၂၉၀ ခန့်ရှိပါသည်။ အခြားတန်းဆွမ်းများကိုတော့ ချိုင့်များဖြင့်လောင်းလှူပေးခဲ့ပါသည်။
အားလုံးပဲ အလှူရှင်တို့နှင့်အတူ ကြည်ညိုသဒ္ဓါပွားများ ကုသိုလ်ယူနိုင်ကြပါစေ...

0 comments:
Post a Comment