ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာနှင့် မြန်မာစာသင်တန်း
+ မေတ္တာရနံ့ ထုံသင်းပျံ့တဲ့ ပွင့်သစ်စပန်းကလေးတွေ ဖြစ်လာစေဖို့…..
+ ပွင့်သစ်တဝေေ၀ ကျက်သရေတွေတင့် မြှင့်နေစေဖို့…..
+ ဆရာမိဘ လူကြီးသူမတွေကို ရိုသေလေးစား မြတ်နိုးထားတတ်စေဖို့…..
+ ကာယကံ၊ ၀စီကံ၊ မနောကံတွေ ယဉ်ကျေးစေဖို့…..
+ မြန်မာစာ မြန်မာစကားကို လေးစားမြတ်နိုး တန်ဖိုးထားတတ်စေဖို့…..
+ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်တတ်စေဖို့…..
+ မြန့်မာမြေ မြန့်မာရေက ဖူးပွင့်လာတဲ့ သားကောင်း၊ သမီးကောင်း ရတနာလေးတွေ ဖြစ်လာစေဖို့…
+ ယနေ့လူငယ်၊ နောင်ဝယ်လူကြီး၊ သင်လည်းတစ်ဦး၊ သားထူးသားမြတ်၊ ဖြစ်အပ်ရာသည်ဆိုတဲ့
ဆရာဇော်ဂျီရဲ့စကား တာသွားစေဖို့…..
မှတ်ချက်။ Read more ကို ကလစ်၍ ဖိတ်စာအကျယ်ကို ဖတ်ရှုရန်။
+ ဇာတိပုည ဂုဏ်မာနကို အဓိပ္ပါယ်လေးနက်စေဖို့…..
+ အနာဂတ်ကို ကမ်းလင့်ကြို မျိုးဆက်သစ်ကို နေရာလွှဲ အပါယ်ငရဲမှ ကင်းဝေးစေဖို့…..
+ နိုင်ငံရပ်ခြား တိုင်းတစ်ပါးကိုရောက်နေပေမဲ့ တို့လူမျိုးရဲ့ဘာသာ၊ တို့မိဘဘိုးဘွားတွေရဲ့
သာသနာဟာ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား ဘယ်လိုထူးခြားမြင့်မြတ်တယ်ဆိုတာ
လက်ဆင့်ကမ်း သိရှိစေဖို့…..
+ ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာတံဆိပ် ခပ်နှိပ်ပေးနိုင်ဖို့…..
+ နှလုံးသားမှာ ဘုရားတည် အများမကြည်တဲ့ အကုသိုလ်အလုပ်တွေကို ရှောင်ကျဉ်တတ်စေဖို့…..
+ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း...ဆိုတဲ့ မိဘ၀တ္တရား
ချွတ်မသွားစေဖို့…..
+ ဓမ္မတွေသင်ပေးတဲ့ ဆရာ့လက် ကမ္ဘာအဆက်ဆက်မှာ နှစ်သက်လေးစား တန်ဖိုးထားပြီး
အကျိုးများစေဖို့….. စတဲ့…စတဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက်တွေနဲ့…..
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာဘုန်းတော်ကြီးကျောင်းမှာ ကလေးများအတွက် ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာနှင့် မြန်မာစာသင်တန်းကို 2010-သြဂုတ်လ ၁၆-ရက်မှ ၂၈-ရက်နေ့ထိ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
စတင်မည့်နေ့= 2010, သြဂုတ်လ ၁၆-ရက်၊ တနင်္လာနေ့။
သင်တန်းပို့ချချိန် = နေ့စဉ် နေ့လည် ၁- နာရီမှ ညနေ ၆-နာရီထိ။
မှတ်ချက်။ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ။
နေရာ။ သိရီမင်္ဂလာကျောင်း၊ 12634 NE.Russell St, Portland, OR 97230
Ph (503)253-5318
သင်တန်းဆင်းပွဲနေ့။ 2010, သြဂုတ်လ ၂၈-ရက် စနေနေ့။ နေ့လည် ၁-နာရီ ၊
၎င်းနေ့ နေ့ဆွမ်းကို သံဃာတော်များအား စုပေါင်းဆွမ်းဆက်ကပ်ပါမည်။ မိမိတို့အိမ်က တစ်အိမ် တစ်မျိုးဖြစ်စေ မိမိတို့စေတနာအလျောက် စုပေါင်းပါဝင်ကုသိုလ်ယူနိုင်ပါသည်။

0 comments:
Post a Comment