* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 7, 2010

ပျော်ရွှင်မှုဆိုတာဘယ်နေရာမှာလဲ?



ငါတို့တွေဟာပျော်ရွှင်မှုကိုဘယ်နေရာမှာရှာဖွေနေကြသလဲ။ ဘုရားရှင်ကတော့ ပျော်ရွှင်မှုဆိုတာဟာ သင်တို့ရဲ့အတွင်းမှာပဲရှိပါတယ်တဲ့။ ပျော်ရွှင်မှုဆိုတာဟာ သတ္တဝါတွေရဲ့ အလွန်လိုအပ်နေတဲ့ အသာဆန္ဒ
ဖြစ်တယ်ဆိုတာကို အားလုံးကလက်ခံကြပါလိမ့်မယ်။ ဘယ်သူကမှငြင်းပယ်လို့ရမှာမဟုတ်ပါဘူး။ ပျော်ရွှင်မှု
ဆိုတာဟာ ရိုးရိုးလေးဖြစ်ပေါ်နေတဲ့အရာတစ်ခုပါ။ အဲဒီပျော်ရွှင်မှုဟာ ခန္ဓာကိုယ်နဲ့မသတ်ဆိုင်တဲ့စိတ်အာ
ရုံအခြေအနေတစ်ရပ်ဖြစ်ပါတယ်။
အင်္ကျီမရှိဘဲကျေနပ်နေတဲ့လူ
ပျော်ရွှင်မှုမရှိတဲ့အရှေ့တိုင်းဘုရင်တစ်ပါးဟာ (Philosopher) အတွေးအခေါ်ပညာရှင်ကြီးတစ်ယောက်
ထံမှာ အကြံဥာဏ်ကိုရယူခဲ့ပါတယ်။ အဲဒီဒဿနပညာရှင်ကြီးက ဘုရင်ကြီးကိုသူရဲ့နိုင်ငံအတွင်းမှာ အလွန်
ပျော်ရွှင်ပြီး တင်းတိမ်ရောင့်ရဲကျေနပ်နေတဲ့လူတစ်ယောက်ကို ရှာဖွေဖို့အကြံပေးတိုက်တွန်းခဲ့ပါ
တယ်။ပြီးတဲနောက်မှာပျော်ရွှင်နေတဲ့သူကိုတွေ့ပြီဆိုရင်ဘုရင်ကြီးဝတ်ထားတဲ့အင်္ကျီကိုသူ့ကို ဝတ်ဆင်ပေးဖို့
အကြံပေးခဲ့ပါတယ်။ ဘုရင်ကြီးဟာအချိန်အတော်ကြာလိုက်ရှာပြီးနောက် နောက်ဆုံးအဲဒီလူကိုတွေ့ခဲ့ပါ
တယ်။ဒါပေမဲ့အဲဒီသူမှာ အင်္ကျီမရှိပါဘူး။
နာမည်ကျော်စာရေးဆရာတစ်ယောက်ကပြောပါတယ် “ လောကမှာ အလွန်တင်းတိမ်ရောင့်ရဲပြီး ပျော်
ရွှင်နေတဲ့သူကိုကြည့်ချင်တယ်ဆိုရင် သူတောင်းစားအဝတ်ကိုဝတ်ထားတဲ့ မင်းသားကိုကြည့်လိုက်ပါတဲ့”။
ကျေနပ်မှုမရှိတဲ့ အလိုဆန္ဒတွေဟာ အဓိကမပျော်ရွှင်မှုကြာင့်ဖြစ်ပါတယ်။ အလိုဆန္ဒတွေကိုဖယ်ရှားလိုက်
မယ်ဆိုရင်ပျော်ရွှင်မှုတွေဖြစ်လာမယ်။ မပျော်ရွှင်မှုမှလွတ်မြှောက်သွားပါမယ်။ဘုရားရှင်က ကိုယ်စိတ်ဆင်း
ရဲခြင်း(ဒုက္ခ)ရဲ့အကြောင်းတရားနဲ့ ကိုယ်စိတ်ဆင်းရဲခြင်းမှချုပ်ငြိမ်းခြင်းနည်းလမ်းကိုဟောကြားခဲ့ပါတယ်။
ပင်လယ်သမုဒ္ဒရာရေမှာ အရသာတစ်ခုရှိသလို ငါဘုရားရဲ့တရားတော်ဟာ ကိုယ်စိတ်ဆင်းရဲခြင်း(ဒုက္ခ)နဲ့ အဲဒီဒုက္ခတရားတွေချုပ်ငြိမ်းသွားအောင်ပြုလုပ်ပေးပါတယ်။ အမှားမှ အမှန်၊ အမှောင်မှ အလင်း၊ သေခြင်းမှ
မသေရာနည်းလမ်းကိုညွန်ပြတော်မူမယ်လို့ဘုရားရှင်မိန့်ကြားခဲ့ပါတယ်။
ငြိမ်းချမ်းမှု သို့မဟုတ် အားရကျေနပ်မှုဟာလည်း တစ်စုံတစ်ခုလိုအပ်မှုပေါ်မှာမူတည်ပါတယ်။ ခွေးတွေဟာ အရိုးတွေကိုကြိုက်နှစ်သက်ပေမဲ့ မြက်ကိုမကြိုက်။ နွားတွေဟာ မြက်ကိုကြိုက်နှစ်သက်ပေမယ့်
အရိုးတွေကိုမကြိုက်။ အဲဒီလိုပဲ အချို့သောသူတွေဟာ ငြိမ်းချမ်းမှုထက် စိတ်လှုပ်ရှားမှုကို ပိုသဘောကျတယ်။ အချို့လူတွေကြတော့စိတ်လှုပ်ရှားမှုထက် ငြိမ်ချမ်းမှုကိုပိုလားကြပါတယ်။လူတစ်
ယောက်အတွက် အရသာရှိတဲ့ အစားအစာဟာအခြားတစ်ယောက်အတွက် အန္တရာယ်ဖြစ်လာနိုင်သလို
တစ်စုံတစ်ယောက်ရဲ့နေမကောင်းတာကိုကုသပေးတဲ့ဆေးဟာလည်းအခြားသူတစ်ယောက်အတွက်သေစေ
နိုင်ပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးနေမှုဟာ အခြားသူတစ်ယောက်အတွက် အနှောက်အ
ယှက်တစ်ဖြစ်လာနိုင်ပါတယ်။
“Happiness is a mental state which can be attained through the culture of mind”
ပျော်ရွှင်မှုဆိုတာဟာ စိတ်ပိုင်ဆိုင်ရာအခြေအနေတစ်ရပ်ဖြစ်ပါတယ်။ အဲဒီပျော်ရွှင်မှုကိုစိတ်တိုးတက်ဖွံ့ဖြိုး
မှုမှတဆင့် ရရှိနိုင်ပါတယ်။ ဒါပေမဲ့ စည်းစိမ်ဥစ္စာ၊ ကျော်ကြားမှု၊ လူမှုရေးအနေအထားနဲ့ ထင်ပေါ်ကျော်ကြားမှုတွေလို ပြင်ပအရာတွေဟာ ပျော်ရွှင်ခြင်းရဲ့ခေတ္တယာယီတွေပဲဖြစ်ပါတယ်။ အဲဒါတွေအားလုံးဟာ ပျော်ရွှင်မှုရဲ့မူရင်းဇာတ်မြစ်မ
ဟုတ်ပါဘူး။ ပျော်ရွှင်မှုရဲ့တကယ်မူရင်းဇာတ်မြစ်က စိတ်ပါပဲ။ စိတ်ကိုထိန်းချုပ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင်ခြင်းဟာ ပျော်ရွှင်မှုရဲ့တကယ့်အရင်းအ
မြစ်ဖြစ်ပါတယ်။စိတ်ရဲ့ငြိမ်သက်မှု(သမထ)ဟာအောင်မြင်မှုကိုမရရှိနိုင်ဘူးဆိုတဲ့ ထင်မြင်ချက်ဟာမမှန်ကန်
ပါဘူး။ လူသားတိုင်းဟာ စိတ်ရဲ့ဖြူစင်မှုမှတဆင့် အတွင်းငြိမ်းအေးမှုနဲ့ ငြိမ်သက်မှု(သမထတရား)တို့ကိုပြု
စုပျိုးထောင်နိုင်ကြပါတယ်။ ငြိမ်းအေးမှုကိုရရှိအောင်းအားထုထ်နိုင်ကြပါတယ်။
Ref: Where is Happiness?
ဘာသာပြန်ဆိုသူ-အရှင်နန္ဒသာရ(သစ္စာရောင်ခြည်)

Posted by အရှင်နန္ဒသာရ(သစ္စာရောင်ခြည်) on သောကြာနေ့၊ ဩဂုတ်လ ၆၊ ၂၀၁၀

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP