* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 7, 2010

စတီးရေသန့်ရေလှောင်ကန်အတွက် ပါဝင်လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ပါသည်။

မင်္ဂလာပါရှင်။

ဇူလိုင်လက စင်္ကာပူမှ ခဏ ပြန်လာတဲ့ မောင်ငယ်သံလွင်ဟီးရိုးတစ်ယောက် ကျွန်မကို လာရောက်တွေ့ဆုံပြီး သံလွင်ဟီးရိုး နဲ့ သူငယ်ချင်းများအဖွဲ့ ဖြစ်တဲ့ SIM (Singapore Institute Of Management ) မြန်မာကလပ် ( My – SIM) အဖွဲ့မှ မြန်မာနိုင်ငံမှာ ရေအလှူတစ်ခုပြုလုပ်လိုပါကြောင်းနဲ့ အန်တီဝါ စီစဉ်ဆောင်ရွက်ပေးစေချင်ပါကြောင်းပြောပြီး မတည်အလှူငွေ ၅၀၀၀၀၀ ကျပ် ( ငါးသိန်းကျပ်) ထည့်ဝင်လှူဒါန်းသွားခဲ့ပါတယ်ရှင်။အလှူရှင်တွေက လှူချင်နေမှတော့ ကျွန်မကလည်း စိတ်ချပါ ၊အန်တီသေခြာစုံစမ်းပြီး လှူဒါန်းနိုင်ဘို့အတွက် စီစဉ်ပေးမည်ဖြစ်ပါကြောင်း ပြန်ပြောပြီး စစ်ကိုင်းတောင်ရိုးမှ ဦးဇင်း ဦးကောဝိဒ ထံသို့ ချက်ချင်းပဲ ဖုန်းဆက်ပြီး စုံစမ်းမေးမြန်းလျှောက်တင်ခဲ့ပါတယ်ရှင်။ဦးဇင်းကလည်း အမှန်တကယ် ရေလိုအပ်နေတဲ့ စစ်ကိုင်းတောင်ရိုးရှိ ကျောင်းတိုက်တစ်ခုမှာ လှူဒါန်းနိုင်ဘို့ စီစဉ်ပေးမည်ဖြစ်ပါကြောင်း မိန့်ကြားခဲ့ပါတယ်။

ရေသန့်စတီးရေကန် တစ်ခုလှူဒါန်းမှုအတွက် အောက်ဖော်ပြပါ ဓါတ်ပုံလေးများအတိုင်း စီစဉ်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း နဲ့

စတီးရေလှောင်ကန် ၅၀၀ လီတာ တစ်လုံး။

ရေအေးစက် ၁ လုံး။

ရေသန့်စက် ၁ လုံး ။

တို့ကို တပ်ဆင်ရမှာ ဖြစ်ပြီး ရေသန့်စတီးရေလှောင်ကန်တစ်ခု အတွက် အလှူငွေ ၁၀ သိန်း ကျပ်တိတိ ကုန်ကျမှာဖြစ်ပါကြောင်း ၊ ရေသန့်စတီးရေလှောင်ကန်ကိုတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားမြောက်ဖက်မုခ်မှာရှိတဲ့ ဝေနေယျသုခရေချမ်းစင်အသင်းမှ တပ်ဆင်လိုတဲ့ဒေသများအရောက် လာရောက်တပ်ဆင်ပေးမှာဖြစ်ပြီး မိမိလှူဒါန်းလိုတဲ့နေရာဒေသမှာ ရေသန့်စတီးရေလှောင်ကန် အပြီးအစီးတပ်ဆင်ပြီးသွားပါက ရွှေတိဂုံဘုရားမြောက်ဖက်မုခ်မှာရှိတဲ့ ဝေနေယျသုခရေချမ်းစင်အသင်းသို့ ကျသင့်အလှူငွေ ၁၀ သိန်း (တစ်ဆယ်သိန်းကျပ်တိတိ)ကို သွားရောက်ပေးသွင်းလှူဒါန်းရမှာ ဖြစ်ပါတယ်ရှင်။



အလှူရှင်သံလွင်ဟီးရိုးနဲ့အဖွဲ့ (SIM (Singapore Institute Of Management ) မြန်မာကလပ် ( My – SIM)မှလည်း ရေအလှူကို သြဂုတ်လကုန်မှာ နောက်အကျဆုံးထားပြီး လှူဒါန်းလိုပါကြောင်းနဲ့ လှူဒါန်းမှုအစုစု ဓါတ်ပုံလေးများကို အဖွဲ့သို့တင်ပြရမှာ ဖြစ်တဲ့အတွက် တီဝါမှ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးဘို့ ပြောလာခဲ့တဲ့အတွက် တာဝန်ယူဆောင်ရွက်ပေးသူ ကျွန်မမှလည်း အလှူရှင်များ အဆင်ပြေ စိတ်ချမ်းသာစွာနဲ့ လှူဒါန်းမှုပြုနိုင်ကြစေရန် တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်ပေးဘို့ စိတ်ဆုံးဖြတ်ထားပြီးသားမို့ စုပေါင်းလှူဒါန်းကြမယ့် ရေသန့်စတီးကန်ကြီးမှာ အလှူရှင်များရဲ့နာမည်များကို ရေးထိုးပေးဘို့နဲ့ အလှူဓါတ်ပုံများပို့ပေးနိုင်ရေးအတွက် ဦးဇင်းထံ မေတ္တာရပ်ခံ လျှောက်ထားခဲ့ပါတယ်ရှင်။ဦးဇင်းမှ ရေသန့်စက်လာရောက်တပ်ဆင်ပေးမယ့် ရွှေတိဂုံဘုရားမြောက်ဖက်မုခ်မှာရှိတဲ့ ဝေနေယျသုခရေချမ်းစင်အသင်းမှပဲ အလှူရှင်များရဲ့နာမည်ကို စတစ်ကာများနဲ့ကပ်ပြီး အပြီးအစီးဆောင်ရွက်ပေးမှာ ဖြစ်ပါကြောင်း အားလုံး အစစ အရာရာအဆင်ပြေအောင် စီစဉ်ပေးမည်ဖြစ်ပါကြောင်း မိန့်ကြားသွားခဲ့ပါတယ်ရှင်။

ဒီနေ့ပဲစစ်ကိုင်းတောင်ရိုးရှိ ၀ိနည်းနဲ့အညီ အလွန်စည်းကမ်းကြီးလှတဲ့ ကျောင်းတိုက်တစ်ခုမှာ ရေသန့်စတီးရေလှောင်ကန်တစ်ခုလှူဘို့ ကျောင်းထိုင်ဆရာတော်ထံ ဦးဇင်းဦးကောဝိဒမှ သွားရောက်လျှောက်တင်ခဲ့ပါကြောင်း ၊ကျောင်းတိုက်မှာလည်း ရေသန့်ရေလှောင်ကန် အမှန်တကယ် လိုအပ်နေတာဖြစ်တာကြောင့် ကျောင်းတိုက်မှဆရာတော်ထံ ရေသန့်စတီးရေလှောင်ကန်တစ်ခု လှူဒါန်းပါမည်ဟု လျှောက်တင်ခဲ့ကြောင်း သိရှိရပါတယ်ရှင်။ကျောင်းတိုက်နာမည်ကိုတော့ ရေလှောင်ကန်လှူပြီး ပို့စ်တင်မှပဲ ကျွန်မပြောပါမယ်ရှင်။

ရေသန့်စတီးရေလှောင်ကန်၏တန်ဘိုးမှာ ၁၀၀၀၀၀၀ ကျပ် (တစ်ဆယ်သိန်းကျပ်တိတိ)ဖြစ်ပြီး ယခုကျွန်မလက်ခံရရှိထားတဲ့ အလှူငွေများမှာ အောက်ပါအတိုင်းဖြစ်တဲ့အတွက် လှူဒါန်းလိုသူအလှူရှင်များအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်း လေးစားစွာနဲ့ အသိပေးနှိုးဆော် တိုက်တွန်းလိုက်ရပါတယ်ရှင်။

အလှူရှင်များ….

၁. SIM (Singapore Institute Of Management ) မြန်မာကလပ် ( My – SIM) မှ အလှူငွေ- ၅၀၀၀၀၀ ကျပ် (ငါးသိန်းကျပ်)။

၂.ကိုဖြိုး (ရွှေအိမ်စည် တယ်လီဖုန်းရောင်းဝယ်ရေး ၊ မန္တလေးမြို့) မှ ၁၀၀၀၀၀ ကျပ် (တစ်သိန်းကျပ်)

၃.ကိုထက် (ရွှေအိမ်စည် တယ်လီဖုန်းရောင်းဝယ်ရေး ၊ မန္တလေးမြို့) မှ ၁၀၀၀၀၀ ကျပ် (တစ်သိန်းကျပ်)

၎.ဦးစိန်ထိုက်+ဒေါ်အေးအေးသန်း မိသားစု မှ ၁၀၀၀၀၀ ကျပ် ( တစ်သိန်းကျပ်)

စုစုပေါင်း အလှူငွေ ၈၀၀၀၀၀ ကျပ် (ရှစ်သိန်းကျပ်) လက်ခံရရှိထားပြီး ဖြစ်တဲ့အတွက် စတီးရေသန့်ရေလှောင်ကန်အတွက် နောက်ထပ်အလှူငွေ ၂၀၀၀၀၀ ကျပ် ( နှစ်သိန်းကျပ်)သာ လိုအပ်ပါတော့တယ်ရှင်။

စတီးရေလှောင်ကန်ကြီးကို သြဂုတ်လကုန် နောက်ဆုံးထားပြီး လှူဒါန်းမှာ ဖြစ်တဲ့အတွက် လှူဒါန်းလိုသူအလှူရှင်များအနေဖြင့် …….

မ၀ါဝါခိုင်မင်း (မြန်မာနိုင်ငံ ၊ ဂျပန်နိုင်ငံ)

SAKURA DENTAL CLINIC

အမှတ် ၅၂ -က (ပထမထပ်)

ရန်ကုန်-အင်းစိန်လမ်းမကြီး

စံရိပ်ငြိမ် (၃)လမ်းထောင့်

လှည်းတန်း

ကမာရွတ်မြို့နယ် ၊ရန်ကုန်မြို့။

ဖုန်း-၀၁ ၅၁၂၀၀၄ ၊ ၀၉၅ ၃၇၆၂၆၀

E mail- nanwarwarmg2009@gmail.com

၂.ကိုဇူလိုင် (စင်္ကာပူ)

julydream0707@gmail.com

၃.ကိုရန်အောင် (USA)

aungyan@gmail.com

များသို့ ဆက်သွယ် လှူဒါန်းနိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်လိုက်ရပြန်ပါတယ်ရှင်။


Ps.(အလှူတစ်ခုရှိတိုင်း ကျွန်မကိုယ်တိုင်လည်း အရမ်းပဲပါဝင်လှူဒါန်းလိုပါတယ်။ဒါပေမယ့် ကိုယ့်ဝင်ငွေနဲ့ ထွက်ငွေက မမျှနိုင်ဖြစ်နေသေးတော့ အလှူတိုင်းကို လှူချင်ပေမယ့်လည်း စိတ်ကိုထိန်းထားရပါသေးတယ်ရှင်။ကျွန်မလိုပဲ အလှူတိုင်းမှာ ပါဝင်လှူဒါန်းလိုစိတ်ရှိကြပြီး အကြောင်းကြောင်းတွေကြောင့် ပါဝင်မလှူဒါန်းနိုင်ကြတဲ့ သူတွေကို ကျွန်မကိုယ်ချင်းစာနာစွာနဲ့ အမြဲနားလည်မှုထားပါတယ်ရှင်။ဒီတကြိမ်ကိုယ်မလှူနိုင်လည်း စိတ်ထဲမှာ လှူချင်စိတ်သဒ္ဓါတရားလေးသာကိန်းအောင်းနေရင် တချိန်ချိန်မှာ မဖြစ်မနေ လှူနိုင်ကြမှာပါ။ ကျွန်မအလှူခံတိုင်း အားနာပြီး မဖြစ်မနေပါဝင်လှူဒါန်းမှုများ မပြုကြဘို့နဲ့ ကျွန်မအလှူခံချိန်တိုင်းမှာ မိမိဘက်က တကယ်အဆင်ပြေပြီး အမှန်တကယ်ပါဝင်လှူဒါန်းမှုပြုနိုင်တဲ့ အခြေအနေ အချိန်အခါနဲ့တိုက်ဆိုင်ပါမှ လှူဒါန်းကြဘို့အတွက် ကျွန်မမှ ရိုးသားစွာ ၊ရိုသေစွာနဲ့ မေတ္တာရပ်ခံလိုက်ရပါတယ်ရှင်။)

အားလုံးကို လေးစားစွာဖြင့်…

ဝါ၀ါခိုင်မင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP