* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 7, 2010

၀ါဆုိပြဲ


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ကပုန်းကျောင်း
စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကို
၂၅၊ ၇၊ ၂၀၁၀ (တနင်္ဂနွေနေ့) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
နံက် ၇ - နာရီတွင် သံဃာတော်အရှင်မြတ်တို့နှင့်
ကြွရောက်လာသောဧည့်ပရိသတ်တို့အား
မုန့်ဟင်းခါးဆွမ်းဖြင့် ကျွေးမွေးဆက်ကပ် ဧည့်ခံလှူဒါန်းသည်။

နံက် ၁၁ နာရီတွင် ကိုဝင်းရွှေဦးဆောင်သော Sri Ehsan, Kepong လူငယ်များက
နေ့လည်ဆွမ်းထမင်းတို့ဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းပါသည်။

မွန်းလွဲ ၁ - နာရီတွင် Petaling Jaya, Chempaka Buddhist Lodge မှ ဆရာတော် ဦးဥတ္တမသာရ က အနုမောဒနာတရားချီးမြှင့်ပြီး ရေစက်သွန်းချ၊ အမျှပေးဝေသည်။
ဝါဆိုနှင့်စပ်ပြီး စာရေးဆရာမောင်ထင်ရေးခဲ့တဲ့ ၀ါဆိုလအကြောင်းကို ဖော်ပြလိုက်သည်။

မ္လယ်တာ ( ဝါဆို )
မြန်မာ ပြက္ခဒိန်ရဲ့ စတုတ္တမြောက်လဟာ ဝါဆိုလဖြစ်တယ်။
ပုဂံခေတ်ကျောက်စာတွေမှာတော့ ' မ္လယ် တာ' ဆိုပြီး ရေးလေ့ရှိတယ်။
ဒီလနှင့်ပတ်သက်ပြီး မတူခြားနားတဲ့ အယူဆ သုံးမျိုးတွေ့ရပါတယ်။
၁။ မ္လယ်တာသည် ပါဠိစကား " မလွယ်တာ" ကနေ ဆင်းသက်တယ်။
'မလွယ်' ရဲ့ အဓိပ္ပာယ်က မာလောနွယ် ဖြစ်ပြီး 'တာ' ရဲ့အနက်က တွယ်တက်/တွယ်တာ ဖြစ်တယ်။
ဒါကြောင့် မ္လယ်တာ (ဝါဆို) ဆိုတာ မာလောနွယ်တို့တွယ်တက်သောလ ဖြစ်တယ်လို့ဆိုတယ်။ မှန်မယ်မထင်ပါ။ ရှေ့လဖြစ်တဲ့ နံယုန်လမှာ မိုးအနည်းငယ်ရွာခဲ့ပြီးဖြစ်တာမို့
မာလောနွယ်တင် မကပါဘူး ရှိရှိသမျှ နွယ်ပင်တွေပါ နီစပ်ရာကို တွယ်တက်ကြမှာပါဘဲ။
နောက်ပြီး မာလောနွယ်အကြောင်းရေးထားတဲ့ မှတ်တမ်း၊ ကျောက်စာမတွေ့ရပါ။
၁၉၆၂ ခုနှစ် နိုဝင်ဘာမှာ ပုဂံ ဦးချစ်စ ယာကုန်းက တူးဖော်ရရှိတဲ့ မြေပုံ ဘုရားတွေမှာ
ပုဂံခေတ်က အရေးပါတယ်လို့ထင်ရတဲ့ အပင်ပေါင်း ၅၃ ပင်ရဲ့ အမည်တွေ ရေးထားတယ်။
' မာလောနွယ် ' မပါ။ ဒါကြောင့် မ္လယ်တာ ( ဝါဆို ) ဆိုတာ
မာလောနွယ်တို့ တွယ်တက်သောလလို့ ပြောတာ မှန်မယ်မထင်ပါ။
၂။ မ္လယ်တာ ရဲ့ တိုက်ရိုက်အဓိပ္ပာယ်ဟာ ' မြေတာ ' ဖြစ်တယ်။
မ္လယ် ရဲ့အနက်က ' မြယ် > မြေ ဖြစ်ပြီး 'တာ' ကတော့ ' တိုင်းတာ ' ခြင်းကိုဆိုလိုတာပါ။
ဒါကြောင့် လယ်မြေကို တိုင်းတာသောလ (ဝါဆိုလ) ဖြစ်တယ်လို့ ဆိုပါတယ်။
ပျိုးပင်တွေကို ပြောင်းစိုက်ဖို့ရာ ထွန်ယက်ထားတဲ့ လယ်မြေကို တိုင်းတာမှုတွေလုပ်ကြတဲ့ အချိန်ကာလဖြစ်တယ်လို့ ဆိုလိုဟန်ရှိတယ်။
မိုးရွာပြီး လယ်ကွက်ထဲ ကျန်နေတဲ့ ရေတွေအပြင်ကို စီးထွက်မသွားစေဖို့ရာ
'တာဘောင်' (ကန်သင်း) ဖော်ရတဲ့ အချိန် ကာလလို့ ယူဆရင်လည်း ဖြစ်နိုင်ပါတယ်။
၃။ ဝါဆိုလဟူသည် သံဃာတော်တို့ မိမိတို့ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး
အရပ်တပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင်သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလဟုခေါ်သည်။ မြတ်စွာဘုရားလက်ထက် ဘိက္ခု ဘိက္ခုနီမတို့ဟာခုလို မိုးရာသီအခါမျိုးမှာ
အရပ်တပါးကို ခရီးထွက်ရာမှာ လူတွေစိုက်ပျိုးထားတဲ့အပင်တွေအပါဝင်
စိမ်းစိုနေတဲ့ အပင်တွေပျက်ဆီး ရသလို အဲဒိအပင်တွေမှာ တွယ်ကပ်နေတဲ့ ပိုးမွားတို့ကို
ဖျက်ဆီး သေကျေစေတယ်လို့ ဝေဖန်ပြောဆိုတယ်။
ဒါကိုအကြောင်းပြုပြီး ဘိက္ခု ဘိက္ခုနီမ အပါဝင် သံဃာသည်မိုးတွင်း၌
ဒေသစာရီ လှည့်လယ်သွားလာလျှင် ပါစိတ် အာပတ်သင့်၏ ဆိုပြီး တားမျက်ပါတယ်။
ဒါကြောင့်' ဣမသိံ္မ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ ' ဟူ၍ ရွတ်ဆိုပြီး
မိုးတွင်းသုံးလပတ်လုံး ကျောင်းအရပ်မှ မခွါဘဲ သီတင်း သုံးပါမည်ဟု အဓိဋ္ဌာန်ပြုရသည်။
( မောင်ထင် ၊ ဆယ့်နှစ်လရာသီ )
မ္လယ်တာကို ဘယ်တုန်းကစပြီး ဝါဆိုလို့ ခေါ်သလဲဆိုတာမပြောတတ်ပါ။
ပုဂံခေတ်ကျောက်စာ တွေမှာ ဒီလိုအခါသမယမျိုးကို
ဝါဆိုလလို့ မရေးဘဲ ' မ္လယ်တာ ' လို့ရေးလေ့ရှိတယ်။
သီဟိုဠ် ကနေ ဗုဒ္ဓကျမ်းဂန်တွေအများဆုံးရောက်ရှိခဲ့တဲ့
' အဝ (အင်းဝ) ' ခေတ်ဖြစ်မယ်လို့ထင်တယ်။
စာရေးဆရာကြီး မောင်ထင် ရဲ့ ၊ ဆယ့်နှစ်လရာသီ စာအုပ်ကို ဒီလင့်မှာ ဒေါင်းယူနိုင်ပါတယ်။ မြန်မာကျူးပစ်က ရလာတယ်ထင်တာဘဲ။
http://www.mediafire.com/?78omx5r074motz9
@http://ancientmyanmar.blogspot.com/

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP