မော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ.... မင်းကွန်း တိပိဋက ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ အရှင်ဝိစိတ္တသာရာဘိဝံသ ဆရာတော်၏ သံဝေဂ ဓမ္မလင်္ကာ
ရုပ် နာမ် ဓမ္မ သခါင်္ရတို့ ကိုယ့်ကဤပုံ ဖြစ်လိုတုံလည်း တစ်ဖုံဆင်ကွဲ သူတနဲဖြင့် ဖောက်လွဲတတ်စွာ ဓမ္မာတာကို ပညာစက္ခု မျှော်ထောက်ရှု၍ ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့.........
ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့.......
ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့......
ရတုချိန်ထောက် ဤခါရောက်မှ ချုပ်ပျောက်ခန္ဓာ သေပိမ့်ငါဟု သတ္တ၀ါ ခပ်ပင်း ရှင်သေမင်းနှင့် မိတ်သင်းဖွဲ့လျှက် ချိန်းအချက်လျှင် တစက်ကမှ မရှိကြဘူး (အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ) ဘုရားစကား လိုက်နာပွားသည် တရားလက်မလွတ်စေနှင့်။ ။
2 အကြုံပြုဆွေးနွေးနိုင်ပါသည်။

0 comments:
Post a Comment