* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 28, 2010

ဘ၀ ရထားပေါ်ဝယ်




ဘ၀ ရထားပေါ်ဝယ်
ကိုယ့်ဘ၀ရဲ့ ရိက္ခာ ကိုယ်စီ ထုပ်ကြတယ်။

ဘာတွေ ထုပ်ကြမှာလဲ။
ဒါနလား၊ သီလလား၊ ဘာဝနာလား။
ဘယ်ထိ အရောက်သွားကြမှာလဲ။

ဘုန်းကြီး ဘ၀က
ကျည်ဆံ ရထားနဲ့  တူပါတယ်။
ခုတ်မောင်းရင် သာမန် အမြန်ရထားထက် မြန်တယ်။

လူ့ ဘ၀ အသိရှိသူတို့ က
သာမန် အမြန်ရထားနဲ့ တူတယ်။
ရိုးရိုးရထားထက် အထူး မြန်တယ်။

လူ့ ဘ၀ အသိနဲသူတို့ က
သာမန် ရိုးရိုး ရထားနဲ့ တူတယ်။
လော်ကယ် ရထားထက် မြန်တယ်။

လူ့ ဘ၀ အသိ လုံးဝ မရှိသူတို့ က
ရထားပျက် နဲ့  တူတယ်။
ရှေ့ကို လုံးဝမတိုးတော့။

ဘယ်ရထားပဲ ဖြစ်ဖြစ်
ခုတ်မောင်းတဲ့ ရထားသာ
ဘူတာ ပန်းတိုင်ရောက်ပါမယ်။


မှတ်ချက်။ ။ စနေ နေ့  မှ ကြာသပတေးနေ့ ထိ ဓမ္မခရီး သွားပါမယ်။
အဲဒီအတွင်း စာရေးနိုင်မယ် မထင်မိပါ။

( ဥပမာ ဥပမေယျ အတွေး သက်သက်
ရေးချလိုက်တာပါ။)

ဒါလေးကိုလည်း အားပေးပါဦးလား။ ထိမယ် ။ မိမယ်။
မြတ်ရောင်နီ ရဲ့ ဆရာ့  ၀က်ဘဆိုဒ်လေး။

သာသနာရေးနဲ့ ဆိုင်တဲ့ အတွေးကွက်ကို ချခင်းပြထားတာပါ။
မူရင်းဆိုဒ်က http://mrmrt.blogspot.com/.


မြတ်ရောင်နီ
( ၂၇ ၊ ၀၈ ၊၂၀၁၀ )
.

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP