* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 29, 2010

ချစ်မိတ်ဆွေ (JOHOR) ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ သို့ ဖိတ်ခေါ်ပါရစေ

တစ်ခါတလေမြန်မာတို့ ဟာ Malaysia Johor-မြို့ ကော်တာသဂီ င်္ဆိုတဲ့ အရပ်ကိုသွားလေ့ ရှိ ကြပါတယ်။ အဲဒီမှာရွှေတောင်ကုန်းရိပ်သာအနေနဲ့ ဖွင့်လှစ်ဖူးတယ်လို့ ထင်ပါတယ်။
အဲဒီ ကော်တာသဂီ င်္လမ်းမကြီးပေါ်မှာTesco,Jusco ဆိုတဲ့ ကုန်တိုက်ကြီးတွေကို
ကျော်ဖြတ်ပြီးတာနဲ့ မိနစ်အနည်းခန့်သွားပြီးနောက်၊ခုံးတတားအောက်မဆင်းသွားပဲ၊ ဘယ်ကပ်မောင်သွားပြီးး၊ ညာကွေ့ မောင်းသွားတာနဲ.. Desa CemerLang
(ဒေဆာချမလန်း)ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုတွေ့ ရလိမ့်မယ် မြန်မာအက္ခရာ” က“ လို့ပုံစံမျိုးကြီးမား
တဲ့ဆိုင်းဘုတ်ကြီး အောက်ကို ဖြတ်သွားပြီး တစ်ကီလို မီတာလောက်ရောက်ရင် ဘယ်ဘက်ကို ချိုးလိုက်ပါပြီးရင်တည့်တည့်ဆက်သွားတာနဲ့ Jalan Kenanga 4- အိမ်ရာစခန်းထဲမှာ
ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ မိုးကုတ်ရိပ်သာကျောင်းကို ရောက်ပါလိမ့်မယ်-
များပြးလှတဲ့ မြန်မာပြည်ဖွား ညီအကိုမောင်နှမ များစွာဟာ အနန္တမေတ္တာ အဖွဲ
့ကိုကြိုဆို ပါလိမ့်မယ် ။ရန်ကုန်မဟာဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ-စင်ကာပူဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ-ခု မလေးရှားဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ မိုးကုတ်ရိပ်သာများရဲ့  နာယကချုပ်ဆရာတော် ဒေါက်တာရာ
ဟုလာဟာ
သူတစ်ပါးတည်း ပါရမီရှင်များနဲ့ လက်တွဲပြီးသာသနာပြုလုပ်ငန်းများလုပ်ဆောင်လိုက်တဲ့ အခါ
ထင်ရှား တိုးတက်လာတာကို တွေ့ ရပါတယ်-အတိတ်တစ်ချိန်က အိမ်မက်များ( ၁)-မှ-( ၇)ထိ) ဖတ်ကြည့်ရင်လည်းတစ်စိပ်တစ်ဒေသ တွေ့ နိုင်ပါတယ်၊
ယခု လွန်ခဲတဲ့တနင်္ဂနွေနေ(၂၅-၇-၂၀၁၀)့ မှာ ဆရာတော်ရဲ့ မွေးနေ့ ပွဲတော်များကို
၁။သီရိလင်္ကာနိုင်ငံ ကိုလံဘို မြို့ မကုဋာရာမ မြန်မာကျောင်းတိုက်-
၂။စင်ကာပူ ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်နှင့်
၃။ရန်ကုန်မဟာဇမင်္ဂလာဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်-
၎။မလေးရှား ဇယမင်္ဂလာဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်-
၅။ရန်ကုန်မြို့ တောင်ဒဂုံ ဓမ္မ၀ိဟာရကျောင်းတိုက်
၆။အိန္ဒိယနိုင်ငံPune University နှင့်
၇။ ဆရာတော်ဘုရား.၏။ မွေးမိခင် နေထို်င်ရာ၊ တာမွေ မြို့ နယ်၊ ကျိုက်ကဆံလမ်း၊ ချမ်းမြေ့ဂေဟာတို့ တွင် တပြိုင်နက်ကျင်းပ ခဲ့ကြပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP