* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, July 29, 2010

ဘန်ကောက် မြန်မာအလုပ်သမားများ ၀ါဆိုသင်္ကန်းကပ်နှင့် တရားပွဲကျင်းပ

E-mail Print
Share/Save/Bookmark ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်းခေး အရပ်ရှိ ၀ပ်တလုံး ဘုန်းတော်ကြီး ကျောင်းတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က မြန်မာ အလုပ်သမားများ စုပေါင်း၍ ၀ါဆိုသင်္ကန်း ကပ်ပွဲနှင့် တရားပွဲ ကျင်းပသည်။

မြန်မာနိုင်ငံသား စာသင်သား ရဟန်း ၉၀ ကျော်နှင့် ပင့်ဖိတ်သံဃာ အပါအ၀င် သံဃာတော် ၁၀၀ ခန့်ကို ဘန်ကောက် မြို့ဝန်းကျင်ရှိ စက်ရုံ အလုပ်ရုံ အသီးသီးမှ မြန်မာအလုပ်သမားများက ၀ါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းကြောင်း သိရ သည်။

warso-01

ဝါဆို သင်္ကန်းကပ်ပွဲသို့ ကြွလာသည့် သံဃာတော်များ (ဓာတ်ပုံ - ဧရာဝတီ)

ယင်း ၀ါဆိုသင်္ကန်း ကပ်လှူပွဲမှ ရရှိသည့် အလှူငွေ ဘတ် တသိန်းကျော် ကိုလည်း မြန်မာစာသင်သား ရဟန်းတော်များ သီတင်းသုံးရန်အတွက် ဆောက်လုပ်နေသော ကျောင်းဆောင်တွင် အသုံးပြုသွားမည်ဟု ၀ပ်တလုံးကျောင်းတိုက် မှ မြန်မာစာသင်သား သံဃာတော် ဦးကုဏ္ဍလ က မိန့်ကြားသည်။

နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံမှ နာမည်ကြီး ဓမ္မကထိက ဒယ်အိုးဆရာတော် အမည်ရ ဆရာတော် ဦးသုမင်္ဂလ က တရားဟောကြားရာ ထောင်နှင့်ချီသော မြန်မာတရားနာ ပရိသတ်များ သဘောကျ နှစ်ခြိုက်ခဲ့ကြောင်းလည်း သိရှိရ သည်။

ဘန်ကောက်မြို့ ဘန်ဘော် ဧကချိုင် ၆၆ လမ်းရှိ အထည်ချုပ် စက်ရုံတခုမှ မ မဉ္ဖူက“ဒီဆရာတော်ရဲ့ တရားခွေတွေကို နာပြီးကတည်းက ကြည်ညိမှု အပြည့်ရှိတာဆိုတော့၊ အခုလို ကိုယ်တိုင် တရားနာခွင့်ရတော့ အရမ်းပီတိဖြစ်မိတာပေါ့၊ သူ့ရဲ့တရားက တပုဒ်နာရင် ကိုယ်တွေလိုမျိုး လူတွေအတွက်က လိမ္မာရေးခြားတခု တိုးတယ်လေ”ဟု ပြောသည်။

တရားပွဲသို့ စက်ရုံအလုပ်ရုံများမှ မြန်မာပရိသတ် ၁၅၀၀ ကျော် လာရောက်ခဲ့ကြောင်း၊ ထိုနေ့က ဦးသုမင်္ဂလ ဟောကြား ခဲ့သည်မှာ“ကျေးဇူးမဲ့ မဖြစ်စေနဲ့”အမည်ရှိ တရားတော်ဖြစ်ကြောင်း သိရသည်။

warso-02

ဝါဆိုသင်္ကန်း ကပ်ပွဲတွင် တရားဟောမည့် ဆရာတော် ဦးသုမင်္ဂလ (ဓာတ်ပုံ - ဧရာဝတီ)

ဘန်ဘော် SK ၇၆ လမ်းရှိ အထည်ချုပ်စက်ရုံတခုမှ မွန်ပြည်နယ် ကျိုက်ထိုမြို့သူ မနွေးနွေးကလည်း“နိုင်ငံကျော် ဓမ္မ ကထိကလည်းဖြစ်၊ ကိုယ်အရမ်းဖူးချင်တဲ့ ဆရာတော်လည်းဖြစ်တော့၊ သူဟောတဲ့ တရားတွေ ကို သဘောကျတယ်၊ သဘောပေါက်လွယ်တယ်၊ သူက ပါဠိလို မဟောဘူး၊ မြန်မာလို ရှင်းရှင်းလင်းလင်းဟောတယ်၊ ကြိုက်တယ်၊ လူတွေ လုပ်ရမယ့် အရာကိုပဲ ဟောတယ်၊ နားမလည်တဲ့လူကို နားလည်အောင် ဘုရားတရားမသိတဲ့ လူကို သိလာအောင် ရှင်းရှင်းလင်းလင်း ဟောတတ်တယ်”ဟု ဆိုသည်။

ယခုတရားပွဲကို ထိုင်းနိုင်ငံအတွင်းရှိ တက္ကသိုလ် အသီးသီး၌ ၀ိဇ္ဇာတန်း၊ မဟာဝိဇ္ဇာတန်းများတွင် ပညာသင်ကြားနေကြ သော မြန်မာနိုင်ငံသား စာသင်သား ရဟန်းတော်များမှ ဦးဆောင်ကာ မြန်မာအလုပ်သမားများက ပထမ အကြိမ် ၀ါဆို သင်္ကန်းကပ်ပွဲကျင်းပရာတွင် ဆရာတော်ကို ပင့်ဖိတ်၍ ကျင်းပကြခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးသုမင်္ဂလသည် ပြီးခဲ့သည့် မေလ အတွင်းကလည်း မဲဆောက်မြို့ရှိ မြန်မာပြည်သား အလုပ်သမားများ ကို တရားဟောခဲ့သေးသည်။

warso-03

ဆရာတော် ဦးသုမင်္ဂလ တရားပွဲလာသည့် မြန်မာ အလုပ်သမား တရားနာ ပရိသတ်များကို ဤကဲ့သို့ တွေ့ရ (ဓာတ်ပုံ - ဧရာဝတီ)

အကုသိုလ်များသူများမှာ ငရဲသို့ရောက်၍ ဒယ်အိုး အတွင်းတွင် ခံရမည့်အကြောင်းကို ပြောလေ့ရှိသဖြင့် ဦးသုမင်္ဂလ ကို ဒယ်အိုး ဆရာတော် ဟု ခေါ်ဆိုကြကြောင်းလည်း သိရသည်။

ဦးသုမင်္ဂလသည် သက်တော် ၄၃ နှစ် ၊ ၀ါတော် (၁၅) ၀ါရှိ၍ မန္တလေး တက္ကသိုလ်မှ ဓာတုဗေဒ အထူးပြု ဘာသာရပ် ဖြင့် သိပ္ပံဘွဲ့ ကို ရရှိခဲ့သည်။ မန္တလေးတိုင်း မိုးကုတ်မြို့ဇာတိဖြစ်ပြီး မိုးကုတ် ၀ိပဿနာတိုက်တွင် တရားအားထုတ်ခြင်း၊ တရားဟောခြင်းများ ပြုလုပ်ခဲ့သည်။

လွန်ခဲ့သော လေးနှစ်ခန့်က စတင်ကာ မြန်မာနိုင်ငံ အနှံ့လှည့်လည်၍ တရားဟောကြားခဲ့သည်။ လက်ရှိ ရန်ကုန်တိုင်း မှော်ဘီမြို့ မင်္ဂလာကျောင်းတိုက်တွင် သီတင်းသုံးသည်။
ဧရာဝတီ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP