ယဉ်ကျေးမှုသင်တန်း နိဂုံး

"ကဲ- " လူလုံးလှလှ နေရအောင် " ကဗျာလေးကို ညီညီ ညာညာလေး လိုက်ဆိုကြ၊
ဒီတစ်ခါ မောင်ကျော်ဇံ က တိုင်ပေးလိုက်"
လူလုံးလှလှနေရအောင်
ပညာ, စီးပွါး ၊ ထိုနှစ်ပါး
တို့များကြိုးစားရှာရမည် ။
ကုသိုလ်ကောင်းမှု ၊ နေ့စဉ်ပြု
ကောင်းမှုနေ့တိုင်း ရ ရမည်။
ရှာနိုင်တုန်းမှာ ၊ ရအောင်ရှာ
နောင်ခါအတွက် စုရမည်။
ရတိုင်းမသုံး ၊ တို့မဖြုန်း
လူလုံးလှအောင် နေရမည်။
အသိကြွယ်ကြွယ် ၊ စီးပွါးထည်
ဆွေလည်မျိုးလည် တင့်ရမည်။
ဆရာနှင့် တပည့်များ အတိုင်အဖောက်အတော်ညီလာကြပြီဖြစ်၏။ ကလေးများလည်း
လျော့မသွားသည့်အပြင် စာ မဖတ်တတ်သေး သူများလည်း အစ်ကိုအစ်မများနှင့်
ရောနှော ပါလာ ကြပေရာ နဂိုကပင် သိပ်မကျယ်ဝန်း သော ကျောင်း ကလေးသည်
ကလေးများနှင့် ပြည့်နေပေတော့၏။
"ကဲ ကလေးတို့၊ ကဗျာလေးကိုကြည့်ရအောင်၊ "ပညာ,စီးပွါး၊ ထိုနှစ်ပါး၊တို့များကြိုးစား
ရှာရမည်တဲ့" ၊ ဘာတွေကို ကြိုးစားပြီးရှာကြရမှာတဲ့လဲ"
"ပညာ နဲ့ စီးပွါးပါဘုရား"
"ဟုတ်တယ်၊ ပညာရှာချိန်မှာ---"
"ပညာရှာရပါမယ် ဘုရား"
"စီးပွါး ရှာချိန်မှာ---"
"စီးပွါးရှာရပါမယ်ဘုရား"
"ပညာဆိုတာ အမှား အမှန် အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားသိတာ----"
"ပညာပါဘုရား"
"ဟုတ်တယ်၊ ပညာမတတ်ရင် အရာရာမှာ သူများခိုင်းဖတ် ဖြစ်တတ်တယ်နှော်၊ အဲ-
ပညာဆိုလို့ ပညာဆိုတာ ကျောင်းမှာသင်ရတဲ့ စာတွေမှ ပညာမဟုတ်ဘူးနှော်----"
"တင်ပါ့ဘုရား"
"ဥပမာ-လယ်လုပ်တဲ့သူက လယ်ကိုဘယ်လိုထွန်ယက် စိုက်ပျိုးရင် လူရော,နွားရော
သက်သာမယ်၊ ငွေကုန်ကျေးကျလည်း သက်သာပြီး သီးနှံလည်း အရများမယ်စသည်
ဖြင့်သိတာ ပညာ၊ မြစ်ထဲမှာ လှေကလေးတွေနဲ့ ကူသန်းသွားလာနေတဲ့သူတွေမလဲ
ဘယ်လိုအခြေအနေမျိုးမှာ လှိုင်းထန်တတ်တယ်၊ ဘယ်လိုအခြေအနေမျိုးမှာ မြစ်ကို
ဖြတ်ကူးသင့်တယ် ၊ ညဘက် ဆိုရင် ဓူဝံကြယ်ရှိတဲ့ အရပ်ဟာ မြောက်ဘက်ပဲ၊ အဲ-
ကြယ်တွေကိုတောင် မမြင်ရရင် ဒီလို အချိန်မျိုးမှာ တိုက်တတ်တာ တောင်လေပဲ၊
ဒီလေတိုက်နေတာ တောင်ဘက်ပဲ စသည်ဖြင့် ကိုယ့်လမ်းခရီးနဲ့ပတ်သက်ပြီးသိတာ"
"ပညာပါဘုရား"
"အဲဒီတော့ ပညာဆိုတာ နေရာတကာမှာ ရှိတယ်၊ အဲဒါလို ကိုယ်နဲ့ပတ်သက်တာတွေ
ကို ခွဲခြားသိနိုင်စွမ်းအောင် အမှုမဲ့အမှတ်မဲ့နေရမှာလား၊ ကြိုးစားရှာရမှာလား------"
"ကြိုးစားရှာရမှာပါဘုရား"
ဤသို့- စသဖြင့်-သို့နှယ် ယဉ်ကျေးမှု သင်တန်းကလေးမှ ထုတ်လွှင့်ချက်များသည်
အသံချဲ့စက် အကူအညီဖြင့် တစ်ရွာလုံးကို ပြန့်နှံ့နေတော့၏။ ကလေးများ၏ ကဗျာ
ရွတ်သံ၊ ကျောင်းထိုင်ဆရာတော်၏ ကလေးများအတွက်သာမက လူကြီးများအတွက်
ပါ အဓိပ္ပါယ် ရှင်းပြသံတို့သည် မိုးယံသို့တိုင် တက်သည် မတက်သည်ကို အသာထား
တစ်ရွာလုံးနားဆီသို့တော့ ပေါက်ရောက်ခဲ့ပေ၏။
"ဟေ့လူ-ကိုအောင်သာ၊ မကြားဘူးလား၊ ခင်ဗျားကိုပြောနေတာ"
"ဘာလဲကွ"
"ဆက်ဆံမှုနယ်ပယ်၊ အလွန်ကျယ်၊ ကိုယ်ဝယ်စိတ်ကောင်းထားရမည်- တဲ့လေ"
"အမယ်၊ အဲဒါ ငါ့ကိုသာကွက်ပြောတာ မဟုတ်ဘူးကွ၊ မင်းတို့ကိုရောပဲ၊ ဘယ့်နှယ်ကွာ
ထစ်ခနဲရှိရန်ဖြစ်၊ ရွာမှာဆိုလဲ ရွာမှာမို့၊ ဟော- မြို့ကို သွားပြန်တော့လဲ မြို့မှာမို့လို့ ၊
ဘုန်းကြီးက တစ်ရွာလုံးက သတင်းကို သိတာကွ၊ ဒါမင်းတို့ကို ပြောနေတာ"
"အေးကွ ၊ ဘုန်းကြီးရှင်းပြသွားတော့လဲ အဟုတ်သားကွ"
"ဘာကိုလဲ လှဖေဘရဲ့"
"အော်-တို့သိတတ်စတုန်းကဆို ကိုယ့်အိမ်နားက လူတွေနဲ့လောက်ပဲ သိတာမလား ၊
ကျောင်းစတက်တော့ ကျောင်းကလူတွေနဲ့၊ ဟော-အလယ်တန်းလောက်ရောက်တော
့တခြား ကျောင်းကလူတွေနဲ့ပါသိလာကြတယ်လေကွာ၊ အဲကျောင်းဆက်နေတဲ့သူတွေ
ကျတော့လည်း အထက်တန်းရောက်တော့ သိတဲ့သူတွေထပ်တိုး၊ ဟော တက္ကသိုလ်
ရောက်ပြန်တော့ ဆက်ဆံရတဲ့နယ်ကပိုပို ကျယ်လာတယ်လေကွာ၊လုပ်ငန်းခွင်ဝင်ပြန်
တော့လည်း လူသစ်တွေနဲ့ထပ်တွေ့၊ ဟေ့-နိုင်ငံခြားထွက်တဲ့သူတွေဆို တစ်ခြားနိုင်ငံက
လူတွေနဲ့တောင် ဆက်ဆံမှုနယ်တွေကျယ်ကျယ်သွားကြတာမလား။"
"ဟုတ်ပါ့ကွာ၊ အဲလို ဆက်ဆံရကျယ်ဝန်းလာတာနဲ့အမျှစိတ်ကောင်းထားတတ်သူတွေ
ကတော့ မိတ်ဆွေကောင်းတွေ ရသထက်ရပြီး လုပ်ငန်းကိုင်ငန်းတွေ ပိုပိုပြီး အဆင်ပြေ
လာကြသပေါ့ မောင်ရာ၊ အဲ စိတ်ထားမကောင်းသူတွေကတော့ ရန်သူတွေတိုးသထက်
တိုးလာတာပေါ့ မောင်ရာ။"
"အေးကွာ၊ ဘုန်းကြီးကတော့ ကလေးတွေကိုအယောင်ပြပြီးတို့ကိုပါ ပြောနေတယ်လို့
ငါတော့ထင်မိတာပဲကွ"
"မကောင်းဘူးလားကွာ၊ ခုဆို အိမ်ကကလေးတွေတောင် ဘုရားရှိခိုးပြီး၊ တို့လင်မယား
ကိုပါ ရှိခိုးပြီးမှ အိပ်တာကွမောင်ရ၊ ငါတော့ကြည်နူးတယ်ကွာ၊နောက်ပြီးသားသ္မီးလေး
တွေက ညတိုင်း ကန်တော့ နေကြတော့ သွားနေကြဆိုင်ကိုတောင် မရောက်ဖြစ်တာ တစ်ပတ်လောက်ရှိသွားပေါ့ကွာ-"
"ဟားဟား-ဟုတ်ပါ့ ဒါကြောင့် လှဖေဘတို့ အိမ်က ၀ုန်းဒိုင်းသံတွေပျောက်နေတာကိုး"
ွှဤသို့-စသည်ဖြင့် ကောင်းသတင်းများလည်း ပဲ့တင်သံအဖြစ် ယဉ်ကျေးမှုသင်တန်း
ဖွင့်လှစ်ရာ ရွာဦးကျောင်းဆီသို့ ပြန်လည်ပြန့်လွင့်လာခဲ့ကြလေ၏။
ကြည်နူးဖွယ်ကောင်းလေစွ။ ။
ဤသို့ဖြင့်တွေ များနေပြီဖြစ်သော်လည်း ဤသို့ဖြင့်ပင်ယဉ်ကျေးမှုသင်တန်း
ပြီးမြောက် အောင်မြင်သွားသောအခါ ၀မ်းမြေက်လှစွာဖြင့် အောက်ပါ ကဗျာ
လေးကို ချရေးမိခဲ့ ပါတော့သတည်း--။
ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်ခြင်း
ငါတို့ရွာတွင် ၊ မကြာခင်က
ရွှင်ပျနုနယ် ၊ ကလေးငယ်တို့
ရွတ်လွယ်စေမှု၊ကဗျာပြု၍
ယဉ်ကျေးမှုသင်တန်း ဖွင့်ခဲ့သည်။
ကလေးငယ်ငယ် ၊ အသိကြွယ်ဖို့
အဓိပ္ပါယ်သဘော၊ ပုံပြင်နှော၍
ဟောပြောပို့ချ ပေးခဲ့သည်။
ရတနာသုံးပါး ၊ မိဘများနှင့်
ဘိုးဘွားဆရာ ၊မမေ့ရာဖို့
ကဗျာရွတ်တို့ ဆိုကြသည်။
ကိုယ့်ကျိုး,သူ့ကျိုး ၊ ဂုဏ်မညှိုးအောင်
အားကြိုးမာန်တက် ၊ ကိုယ်စီရွက်ဖို့
တက်ကြွညီညာ သီကြသည်။
မိဘဘိုးဘွား ၊ လူကြီးများတို့
အားရဝမ်းသာ၊ကျွေးမွေးကာဖြင့်
ကဗျာအနှစ် လှစ်ကြသည်။
ရွာဦးဆရာတော် ၊ ရှေ့ကိုမျှော်၍
လူတော်လူကောင်း ၊ လူမြတ်လောင်းတို့
စိတ်ကောင်းကိုမွေး ၊ ဘာသာသွေးနှင့်
ယဉ်ကျေးလိမ္မာ ၊ ထက်မြက်ရာဖို့
ပို့ချရွှင်လန်း ၊ မြတ်သင်တန်းမှ
ဝမ်းမြောက်ခြိမ့်ညံ ၊ ကဗျာသံသည်
ဓာတ်ခံကောင်းဖို့ ညွှန်းခဲ့၏။
ရွှင်ပျနုနယ် ၊ ကလေးငယ်တို့
ရွတ်လွယ်စေမှု၊ကဗျာပြု၍
ယဉ်ကျေးမှုသင်တန်း ဖွင့်ခဲ့သည်။
ကလေးငယ်ငယ် ၊ အသိကြွယ်ဖို့
အဓိပ္ပါယ်သဘော၊ ပုံပြင်နှော၍
ဟောပြောပို့ချ ပေးခဲ့သည်။
ရတနာသုံးပါး ၊ မိဘများနှင့်
ဘိုးဘွားဆရာ ၊မမေ့ရာဖို့
ကဗျာရွတ်တို့ ဆိုကြသည်။
ကိုယ့်ကျိုး,သူ့ကျိုး ၊ ဂုဏ်မညှိုးအောင်
အားကြိုးမာန်တက် ၊ ကိုယ်စီရွက်ဖို့
တက်ကြွညီညာ သီကြသည်။
မိဘဘိုးဘွား ၊ လူကြီးများတို့
အားရဝမ်းသာ၊ကျွေးမွေးကာဖြင့်
ကဗျာအနှစ် လှစ်ကြသည်။
ရွာဦးဆရာတော် ၊ ရှေ့ကိုမျှော်၍
လူတော်လူကောင်း ၊ လူမြတ်လောင်းတို့
စိတ်ကောင်းကိုမွေး ၊ ဘာသာသွေးနှင့်
ယဉ်ကျေးလိမ္မာ ၊ ထက်မြက်ရာဖို့
ပို့ချရွှင်လန်း ၊ မြတ်သင်တန်းမှ
ဝမ်းမြောက်ခြိမ့်ညံ ၊ ကဗျာသံသည်
ဓာတ်ခံကောင်းဖို့ ညွှန်းခဲ့၏။

0 comments:
Post a Comment